ရန်ကုန်မြို့က ကျောတခင်းစာပြဿနာ

အေးချမ်းသူ(VOM) “မိုးမရွာခင် မြန်မြန်ဖျက်ဟေ့ မိုးရွာရင် မိုးခိုစရာမရှိဘဲ နေမယ်”လို့ အသက် ၇၀ နီးပါးရှိပြီဖြစ်တဲ့ ဦးဖိုးလေးရဲ့ စကားသံကြောင့် ဖျက်ထားတဲ့ ကျူးတဲက ပစွည်းတွေကို မိသားစုဝင်တွေ အမြန်သိမ်းနေကြပါတယ်။ နေလောင်ဒဏ်နဲ့အတူ အဆီပြန်နေတဲ့မျက်နှာ၊ အုန်းဆီမထည့်ထားလို့ ဌက်သိုက်အလား ရှုပ်ပွနေတဲ့ ဆံပင်တွေနဲ့ အသားမာတက်နေတဲ့လက်ဖဝါးတွေ သူဖြတ်သန်ခဲ့တဲ့ ဘဝ ဘယ်လောက်ကြမ်းတမ်းတယ်ဆိုတာ သိနိူင်ပါတယ်။ ဆယ်ပေပတ်လည်အိမ်လေးကို အောက်ခြေမှာ ဝါးယားပိုင်းတွေ၊ သစ်တိုသစ်စတွေနဲ့ အိမ်တိုင်လုပ်ထား ကြမ်းပြင်ကိုဝါးခင်း၊ ဘေးဘက်မှာ တာပေါ်လင်အစတွေနဲ့ကာထားပြီး အမိုးကိုတော့ ဓနီတွေနဲ့ မိုးထားပါတယ်။ “ဖျက်ရမယ်ဆိုတော့လည်း မတက်နိူင်ဘူးလေ ကိုယ့်အိမ်မှ မဟုတ်တာ၊ ကျနော်တို့က တကယ်မရှိလို့ နေတာပါ၊ ရောင်းစားတဲ့သူလည်း မဟုတ်ဘူး ကျူးပြီးလည်း ပြန်မရောင်းဘူး၊ အခုဖျက်ရမယ်ဆိုတော့ အိမ်ငှားနေရတော့မှာပေါ့”လို့ ပြောပါတယ်။ ဦးဖိုးလေးတို့မိသားစုဟာ ဒလမြို့နယ်၊ ခနောင်ဘက်ကနေ ယခုနေထိုင်ရာ ကျူးကျော်နေရာကို ပြောင်းရွှေ့လာခဲ့သည်မှာ ၅နှစ်နီးပါးရှိပြီလို့ သိရပါတယ်။…

Read More

မူးမြစ်နှင့် သတင်းစာ….

——————— ဆူးငှက် ကျွန်တော် သုံးလေးတန်းအရွယ်လောက်ကတည်းက ကြားဖူးနေတာ တစ်ခုရှိသည်။ ကျွန်တော်တို့ ဦးကြီး ဓာတ်ပုံဆရာကြီးက တောသူတောင်သားပင် ဖြစ်လင့်ကစား အိမ်မှာသတင်းစာယူသည်။ သတင်းစာ အမြဲဖတ်သည်။ ကျွန်တော့်မိဘများ ကျွန်တော့် ဦးကြီးများ မွေးဖွားကြီးပြင်းခဲ့ရာနေရာက တကယ့် အညာဒေသ ချပ်ကြားလွင်တီးခေါင် ကုန်းမြေ။ ချောင်းခြောက်၊ သဲတော၊ ကန္တာရပင်နှင့် တောင်ကတုံးများဖြစ်၏။ မုံရွာရေဦးကားလမ်းမကြီးက ဘုတလင်မြို့လေးတွင် ဆင်းပြီး အရှေ့ဘက် သဲတာကုန်းခေါင်ခေါင်ကြီးသို့ သဲချောင်းခြောက် ချပ်ကြားရိုးကြားအတိုင်း နေပူလယ်ခေါင်မှာ လှည်းတအီအီစီးရင်း ၂တိုင်ကျော်ခရီးက မန္တလေး-ဘုတလင် ခရီးထက် နှစ်ဆပင်ပန်းသည်။ ဦးကြီးက..မနက်လင်း သတင်းစာဖတ်ပြီး လမ်းလျှောက်ရင်း အိမ်ဘက်ရောက်တော့ ကျွန်တော့်အဖေကို..”လာမယ့် သုံးလေးနှစ်ဆိုရင် တပေါင်းလ ရွာကိုအပြန်မှာ မော်တော်ဘုတ်စီးသွားရတော့မှာဗျ”ဟုပြော၏.. အိပ်ရာထဲမှာ အပျင်းထူနေသော ကျွန်တော် ငေါက်ခနဲ ထထိုင်ကာ အံ့သြသွားသည်။ ကျွန်တော် ၂ခါလောက်ရာက်ဖူးတာပဲ။ ရေကို ဘူးသီးခြောက် တစ်ဘူးစာပင် မမြင်ရသော…

Read More

ကရုဏာစိတ် အခြေခံပြီး စာရေးသားသူ အဗ္ဗဒူရာဇက် ဂါနား (Abdulrazak Gurnah)

သွေး (စစ်ကိုင်း) ၂၀၂၁ ခုနှစ်အတွက် စာပေနိုဘယ်ဆုကို ဗြိတိန်မှာ အခြေချနေထိုင်တဲ့ တန်ဇန်းနီးယား စာရေးဆရာ အဗ္ဗဒူရာဇက် ဂါနား (Abdulrazak Gurnah)က ရရှိသွားပါတယ်။ ဇန်ဇီဘာကျွန်းကနေ ဗြိတိန်ကို ၁၉၆၀ ခုနှစ်တွေ နောက်ပိုင်း ရောက်ရှိလာခဲ့တာဖြစ်ပြီး နိုဘယ်ဆု ရွေးချယ်ရေးကော်မတီက “သူဟာ ဘဝဟောင်းထဲက ထွက်ပေါ်လာတဲ့ ဘဝသစ်နဲ့ ယဉ်ကျေးမှုတွေကို စာနာကရုဏာစိတ်နဲ့ ‌ရေးဖွဲ့ထားတာတွေ့ရတယ်” လို့ မှတ်ချက်ပေးပါတယ်။ သူ့ကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်၊ ဇန်ဇီဘာကျွန်းလေးမှာ မွေးဖွားခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ဇန်ဇီဘာကျွန်းဟာ တန်ဇန်းနီးယားနိုင်ငံရဲ့ နယ်မြေတစ်ခု ဖြစ်နေပါပြီ။ သူ့အသက် ၁၈ နှစ် အရွယ်မှာတော့ “ဇန်ဇီဘာ တော်လှန်ရေး” နဲ့ တွေ့ကြုံခဲ့ရပြီး ထင်မှတ်မထားတဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့ရပါတယ်။ တော်လှန်ရေးကာလ ပဋိပက္ခတွေအတွင်း သေဆုံး၊ ဒဏ်ရာရသူ အရပ်သားတွေ…

Read More

အပျိုကြီး ဆင်ကြီးမိုမိုရဲ့ ၆၈နှစ်ပြည့် မွေးနေ့

အေးချမ်းသူ(VOM) တခါက မြန်မာအသံရဲ့ တနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့်နေကျ “မိသားစု တနင်္ဂနွေ” သီချင်းကြောင့် ပိုပြီးလူသိများလာတဲ့ ပြည်သူ့အချစ်တော် ဆင်ကြီးမိုမိုဟာ အောက်တိုဘာ ၂၂ရက်မှာ အသက် ၆၈ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူ့အချစ်တော် ဆင်ကြီးမိုမိုဟာ အပျိုကြီးပင်ဖြစ်နေပြီး ယခုအချိန်ထိ ကြင်ရာဖက်မရသေးပေ။ ဆင်ကြီးမိုမိုကို ကယားပြည်နယ်၊ လွိုင်ကော်မြို့က ဦးခွန်ဆန္ဒ က ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၆ရက်မှာ တိရိစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ပေးပို့လှူဒါန်းခဲ့ပြီး လှူဒါန်းစဉ်က အသက် ၆နှစ်သာရှိပါသေးတယ်။ ဥယျာဉ်အတွင်းမှာ နှစ်ပေါင်း ၆၀ ကျော်ကြာ ကျန်းမာပျော်ရွှင်စွာနဲ့ ယနေ့တိုင် ပြည်သူ့မေတ္တာကိုခံယူနေတဲ့ သက်တော်ရှည်ဆင်မကြီးလည်း ဖြစ်ပါတယ်။ အတူနေပြုစုစောင့်ရှောက်ကြတဲ့ ဝန်ထမ်းတွေနဲ့ အတူနေအဖော်တိရိစ္ဆာန်တွေဟာ အသက်အရွယ်အရ အနားယူသွားပြီဖြစ်သော်လည်း ဆင်မကြီးမိုမိုကတော့ ယနေ့ထိတိုင် တိရိစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှာ ကျန်းမာစွာရှိနေပါတယ်။ မိုမိုဟာ ၁၉၉၂ ခုနှစ်မှာကျင်းပတဲ့ မြင်းခင်းသဘင်ပွဲတော်၊လှေသ ဘင်ပွဲတော်၊တရုတ်ပြည်မှ…

Read More

အမှိုက်ထဲက ရွှေ

အေးချမ်းသူ(VOM)   လူအများစုဟာ အိမ်တွေတည်ဆောက်တဲ့အခါမှာ သစ်တွေ၊ သံတွေ၊ အုတ်တွေ၊ ဘိလပ်မြေတွေနဲ့တည်ဆောက်ပြီး အိမ်ရဲ့အမိုးကိုတော့ သွပ်၊အုတ်ကြွပ်၊ဓနီ၊တောင်တန်းတွေနဲ့ မိုးတက်ကြပါတယ်။   အများနဲ့မတူဘဲ အိမ်ရဲ့ကိုယ်ထည်ကို ပုလင်းတွေ၊ ဖော့တွေ၊ စွန့်ပစ်သစ်သားတွေနဲ့တည်ဆောက်ပြီး နံရံကို ပုလင်းတွေ ရေသန့်ဗူးတွေနဲ့လုပ်ထားပြီး အမိုးကိုတော့ ကားတာယာဖြတ်ပိုင်းစတွေနဲ့ စနစ်တကျမိုးထားတဲ့ အိမ်တအိမ်ရှိတယ်။အိမ်ရဲ့ နာမည်က”ကြွပ်ကြွပ် “တဲ့….။   “ကြွပ်ကြွပ်” ဆိုတဲ့ စွန့်ပစ်ပစွည်းတွေအသုံးပြုပြီး တည်ဆောက်ထားတဲ့ အိမ်လေးဟာ ရန်ကုန်မြစ်ရဲ့ တဖက်ကမ်း ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ဂန္ဓာမာလမ်း၊ အိမ်အမှတ် ၅၀၇မှာ တည်ရှိတာပါ။   အိမ်ထဲကိုဝင်လိုက်တာနဲ့ စွန့်ပစ်အမှိုက်တွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ လူသုံးကုန်ပစွည်းအမျိုးမျိုးက နံရံတွေ ခုံတွေအပေါ်မှာ စနစ်တကျနေရာယူထားသလို ကြမ်းပြင်ကိုတော့ စွန့်ပစ်ထားတဲ့ သစ်သားတွေနဲ့ စနစ်တကျစီခင်းထားပါတယ်။ အိမ်ရဲ့မျက်နှာကြက်မှာ ဖန်ပုလင်းတွေကို ထည့်သွင်းထားလို့ အလင်းရောင်နဲ့အတူအေးမြမှုတွေကိုလည်း ရရှိစေပါတယ်။   “ကြွပ်ကြွပ်” ဆိုတဲ့အိမ်လေးကို…

Read More

ရန်ကုန်မြစ်ထဲက လှေသမ္ဗန်လှော်ခတ်သူတွေ

အေးချမ်းသူ(VOM)   တဖွဲဖွဲကျနေတဲ့ မိုးစက်တွေနဲ့အတူ ရန်ကုန်မြို့ပန်းဆိုးတန်းဆိပ်ကမ်းမှာ သမ္ဗန်စီးဖို့စောင့်နေတဲ့သူတွေ သမ္ဗန်ပေါ်ကဆင်းလာတဲ့ခရီးသည်တွေ ဆိပ်ကမ်းရဲ့လမ်းဘေးဝဲယာမှာ အော်ဟစ်ရောင်းချနေတဲ့ စျေးသည်တွေရဲ့အသံနဲ့အတူ ဆူညံနေပါတယ်။   ကမ်းနားတဝိုက်မှာလည်း ဒလကနေ ရန်ကုန်ကိုလာပြီး အလုပ်လာလုပ်သူတွေ ရန်ကုန်ကနေ ဒလကို လူနဲ့ကုန်ပစွည်း အပြန်အလှန်ပို့ပေးတဲ့ သမ္ဗန်တွေနဲ့ ရှုပ်ထွေးလို့နေပါတယ်။   လှိုင်မြစ်ထဲက လှေကြီးလှေငယ်တွေကြားမှာ တိုးဝေ့လို့ သွားလာလှုပ်ရှားနေရတဲ့ သမ္ဗန်မောင်းသူတွေကလည်း မိသားစုစားဝတ်နေရေးအတွက် မလုံ့တလုံမိုးကာစလေးတွေကို ပတ်ကာ သမ္ဗန်တွေကိုလှော်ခတ်နေကြပါတယ်။   ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်ထဲမှာပါဝင်တဲ့ ဒလမြို့နယ်ဟာ ရန်ကုန်မြစ်နဲ့အနီးကပ်ဆုံးမြို့နယ်လည်း ဖြစ်ပါတယ်။   ဒလမြို့နယ်ဟာ ယခင်က ကျေးရွာတခုဖြစ်ပြီး ၁၉၇၄ ခုနှစ်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ထဲကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။   ဒလမြို့နယ်ဟာ ဧရိယာစတုရန်းမိုင် ၁၀.၉၃ ကျယ်ဝန်းပြီး ရပ်ကွက်ပေါင်း (၂၃)ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၂၃)အုပ်စု၊ ရွာပေါင်း (၄၅)ရွာနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့ ဒေသဆိုင်ရာအချက်အလက်တွေအရ သိရပါတယ်။…

Read More

လပြည့်ည စန္ဒာမုနိရင်ပြင်

ဆူးငှက် ကျောက်တော်ကြီးဘုရားဝင်း အရှေ့တောင်ထောင့် မန်ကျည်းပင်ကြီးအောက် အကြော်ဆိုင်က ထလာပြီး စန္ဒာမုနိဘုရားဝင်းထဲရောက်တော့ နေထန်းတစ်ဖျား ထိလုပြီ…။ အရှေ့ဘက် မင်္ဂလာကန်တော်အနီး ထနောင်းပင်များဆီက ချိုးကူသံ သဲ့သဲ့ကို ကြားရ၏။ စန္ဒာမုနိဘုရားအနောက်ဘက် သံတန်ဆောင်းလေးအတိုင်း ဘုရားကုန်းတော်ပေါ် တက်တော့ လူသူမရှိ…။ ဘုရားရင်ပြင်သည် တိတ်ဆိတ် ငြိမ်သက်လွန်းလှသည်။ နေခြည်သည် ကုန်းတော်ရှိ စိန်တောင်တွေကို ငွါးစွင့် ပွင့်လင်းနေစေသည်။ သို့သော် အစွမ်းပြ မပူသေး…။ ဆောင်းဦး နှင်းနုကို စရုံပဲရှိလို့ အနေတော်ပဲ ဖြစ်သည်။ အာရုံခံဇရပ်ဆီမှ ဘုရားလူကြီးတစ်ဦးက ဘုရားပန်းအိုးများ လဲလှယ်ရန် ကုန်းတော်ဘက် ထွက်လာ၏။ ကျွန်တော်သည် အာရုံခံဇရပ်နှင့်စတီတော်အကြား တစ်နေရာသို့ ဦးတည်လိုက်သည်။ ထိုနေရာသည် အလေးအမြတ်ထားဖွယ်နေရာဖြစ်၏။ ဦးညွှတ် အလေးပြုဖွယ်နေရာဖြစ်၏။ အောက်မေ့တသ ဆင်ခြင်ဖွယ်နေရာဖြစ်၏။ ထို့အတူ ဂုဏ်ပြုပူဇော်ဖွယ်နေရာလည်းဖြစ်သည်။ ထိုနေရာတွင် ဝတ်ပြုဆုတောင်း အမျှအတန်းပေးဝေပြီးနောက် ပြုလုပ်နေကျ ကိစ္စတစ်ခုအဖြစ် စန္ဒာမုနိရင်ပြင်တော်ပေါ်ရှိ…

Read More

ဗြစ်စက်

ဆူးငှက် ““ဗြစ်စက်”” ဟုခါ်သော ဘီယာစက်ရုံသည် ယခင်က အရက်ချက်စက်ရုံ မဟုတ်။ ရတနာပုံခေတ်ကတည်းက မြန်မာနိုင်ငံကို ခေတ်မီနိုင်ငံတစ်ခုဖြစ်မြောက်ရေးကို ရှေးရှုလျက် ငွေကြေးများစွာ အကုန်အကျခံ မြေစမ်းခရမ်းပျိုး တည်ထောင်ခဲ့သည့် မြန်မာ့စက်ရုံ၊ အလုပ်ရုံများအနက် “လက်နက်” စက်ရုံတစ်ရုံအဖြစ် ကနဦးတည်ထောင်ခဲ့သည်။ ““ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး ပုံရိုက်လုပ်ဆောင်ရသော ဒင်္ဂါးစက်ရုံတော်၊ ထည်မျိုး အုပ်မျိုး ရက်လုပ်သော ရက်ကန်းရုံတော်၊ စပါးအမျိုးမျိုး ကြိတ်လုပ်သော ဆန် ကြိတ်စက်ရုံတော်၊ အမြောက်ကြီးငယ် လှံဓားအမျိုးမျိုး၊ ဗုံးဆံ၊ အမြောက်ဆံ၊ တူဆံအမျိုးမျိုး သွန်းလုပ်သော စက်ရုံတော်၊ သစ်ပျဉ်များကို တိုက်ခွဲသော လွှ စက်ရုံတော်၊ သကြားချက်လုပ်သော စက်ရုံတော်၊ မဲနယ်ချက်လုပ်သော စက်ရုံတော်မှစ၍ စက်ရုံအမျိုးမျိုး ဦးရေ ငါးဆယ်ကျော်…””ဟူ၍ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် ရေးသားခဲ့သော စက်ရုံများတွင် အပါအဝင်ဖြစ်၏။ ရန်ကန်းစက်ရုံ၊ သင်္ဘောစက်ရုံ၊ လွှစက်၊ သကြားစက်၊ သံရည်ကျိုစက်၊…

Read More

ထောင်နှုတ်ခမ်းပေါ်က ဆိုင်ကယ် ကယ်ရီသမားများ

အေးချမ်းသူ(VOM)   YBS ကားပေါ်က ဆင်းလာမယ့် ခရီးသည်ကိုကြည့်ရင်း ဆိုင်ကယ်ကယ်ရီသမားတွေ သူ့ထက်ငါ အပြေးအလွှား ခရီးသည်ရရှိရေးအတွက် ခေါ်နေကြပါတယ်။   လမ်းဆုံလမ်းခွလမ်းဖြစ် YBS ကားအများစု ရပ်နားရာ မြောက်ဥက္ကလာ ခြောက်ကွေ့မှတ်တိုင်ရဲ့မီးပွိုင့်မှာတော့ စစ်သားတွေ၊ရဲတွေ သေနတ်တွေကိုင်ပြီး ရပ်နေကြပါတယ်။   သေနတ်တွေကိုင်ထားတဲ့ စစ်သားတွေ၊ရဲတွေကို ဂရုမစိုက်နိူင်ဘဲ ပူပြင်းလှတဲ့နေကို အံတုရင်း မိသားစုစားဝတ်နေရေးနဲ့ ခရီးသည်ရဖို့အတွက်ကိုသာ လုံးပန်းနေကြပါတယ်။   ဆိုင်ကယ်ကယ်ရီဆွဲသူတွေဟာ နေပူလှတဲ့အတွက် အချို့မှာ ဦးထုတ်ဆောင်းထားကြသူတွေရှိသလို အချို့က ဦးထုတ်မဆောင်းနိူင်ကြပေမယ့် အားလုံးမှာတူညီနေစွာမြင်ရတာက ကိုယ်စီmaskတပ်ထားတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။   “အဲ့ဒါတွေ ဂရုမစိုက်နိူင်ဘူး ငါ့ညီရေ၊ သူတို့ကိုကြောက်နေလို့လည်း အပိုပဲ မိသားစုစားဝတ်နေရေးက အရေးကြီးတယ်၊ ခရီးသည်ရမှ ကယ်ရီများများဆွဲမှ ထမင်းစားဖို့ရမှာ နောက်ဖြစ်မှနောက်ရှင်းပေါ့”လို့ ရွှေပေါက်ကံမှာ ဆိုင်ကယ်ကယ်ရီဆွဲနေတဲ့ ဦးအေးကြည်က ပြောပါတယ်။   လေဖြတ်နေတဲ့ မိခင်ဖြစ်သူနဲ့ မိသားစု(၄)ဦးကို…

Read More

နင်းပြားတွေရဲ့နေ့ပြန့်တိုး

အေးချမ်းသူ(VOM) နေ့ပြန်တိုးဆိုတဲ့ စကားလုံးဟာ လူချမ်းသာတွေအတွက် စိမ်းနေပေမယ့် အခြေခံလူတန်းစားတွေဖြစ်တဲ့ လက်လုပ်လက်စားတွေအတွက် အရင်းအနှီးမိတ်ဆွေတစ်ခုလို့ပဲ ပြောရပါမယ်။ အခြေခံလူတန်းစားတွေ အများစုနေထိုင်ရာ ဆင်ခြေဖုံးရပ်ကွက်တွေ၊ ကျူးကျော်နေထိုင်သူအများစုရှိတဲ့နေရာမှာတော့ နေ့ပြန်တိုးပေးနိူင်တဲ့သူတွေဟာ သူတို့ရဲ့ဘဏ်တိုက်ကြီးတစ်ခုလို့ ပြောလို့ရပါတယ်။ “ဘာကြောင့်ချေးလဲလို့မေးရင် ဝင်ငွေနဲ့ထွက်ငွေမမျှလို့ ချေးတာ၊ တနေ့လုပ်မှ တနေ့စားရတဲ့ ဘဝတွေလေ။ အဲ့ဒီလိုလုပ်နေရင်း ဗြုန်းခနဲဆို ကျန်းမာရေးကိစွဖြစ်လာတယ်၊ ဘယ်မှာလဲငွေ မရှိတော့ငွေတိုးပေးတဲ့သူဆီ ပြေးရတော့တာပဲ”လို့ လှိုင်သာယာ ၅ရပ်ကွက်မှာ နေထိုင်သူ မအေးမင်းကပြောပါတယ်။ မိုးတွင်းကာလ ခင်ပွန်းဖြစ်သူအလုပ်ကနေ ပြန်လာရင်း ချော်လဲလို့ လက်ကျိုးရာ ဆေးခန်းသွားပြဖို့ လက်ထဲငွေအပိုမရှိတဲ့အတွက် ငွေ ငါးသောင်းကို သုံးဆယ်ကျပ်အတိုးနဲ့ယူခဲ့ရာကနေ အရင်းပြန်မပေးနိူင်ဘဲ တစ်နှစ်ကျော်ကြာတဲ့အထိ နေပြန်တိုး ဆပ်ခဲ့ရတယ်လို့ သူကပြောပါတယ်။ မြို့နယ်အချို့က ဆင်ဖြေဖုံးရပ်ကွက်တွေမှာတော့ ငွေရှင်တွေက လက်လုပ်လက်စားတွေကို အတိုးနဲ့ငွေချေးရာမှာ နေ့သွင်း၊ မတ်တိုး၊ ကျပ်တိုး၊ ရက်သွင်း၊ လသွင်း အစရှိတဲ့ပုံစံတွေနဲ့ငွေချေးကြပါတယ်။ “နေ့သွင်းဆိုတာက ကိုယ်ယူတဲ့ပိုက်ဆံကို ရက်အလိုက်ပြန်သွင်းရတာ ကိုယ်ဘယ်လောက်ယူမလဲပေါ့၊ ဥပမာ…

Read More
VOM News

FREE
VIEW