ဧပြီ ၂၄ ၊ ၂၀၂၆ CC (VOM) ကိုရင်ကို ပြင်းထန်စွာ ရိုက်နှက်ခဲ့တဲ့ တနင်္သာရီတိုင်း ၊ မြိတ်မြို့နယ်၊ ကျောက်ဖြူတောင် ၊ ပဋိပတ္တိတောရကျောင်းက ကျောင်းထိုင်ဆရာတော် ဦးတေဇကို ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီ ၂၄ ရက်နေ့၊ မနက်ပိုင်းမှာ မြိတ်မြို့နယ် တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၂၉၅ (က) နဲ့ ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ အမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ဆရာတော် အရှင်သုန္ဒက မိန့် ပါတယ် ။ ” ဒီနေ့ စီရင်ချက်ချတာပါ။သူတို့ စပြီးဖမ်းတယ် ။ညှိနှိုင်းတယ်။ အားလုံး အကုန်လုံး သံဃနာယကနဲ့ လုပ်ကြတယ်။ လူဝတ်လဲတယ် ။အမှုရင်ဆိုင်တယ်။ တရားရုံးက ဒီနေ့ ဆုံးဖြတ်ချက်ချတယ်။ အဓိက ကျူးလွန်သူကလည်းဝန်ခံတယ်။ပြစ်မှုကလည်း ထင်ရှားတယ်။ အများသူငါနဲ့…
Read MoreDay: April 27, 2026
ဖလမ်းမြို့ကို တနှစ်အကြာမှာမှ တပ်ကပြန်ထိန်းချုပ်နိုင်
ဧပြီ ၂၅ ၊ ၂၀၂၆ GG (VOM) ချင်းညီနောင်ပူးပေါင်း တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ၊ဖလမ်းမြို့ကို အစိုးရတပ်တွေက ဒီကနေ့မှာ ပြန်လည်ထိန်းချုပ်လိုက်ပြီ ဖြစ်တယ်လို့ စုံစမ်းသိရှိ ရပါတယ် ။ ဖလမ်းမြို့နယ်မှာ ချင်းညီနောင် တပ်ဖွဲ့တွေနဲ့ အစိုးရတပ်အကြား တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့ပြီး အစိုးရက လေကြောင်း ပစ်ကူ ၊ မြေပြင် စစ်ကြောင်း ၊ လက်နက်ကြီး ပစ်ခတ်မှု အပါအဝင် အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက် ခဲ့တဲ့အတွက် ဧပြီ ၂၅ ရက်နေ့မှာ အစိုးရတပ်က ဖလမ်းမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ဖလမ်းမြို့ကို တပ်မတော်က အလုံးစုံထိန်းချုပ်လိုက်ပါပြီ ။ မနေ့က နယ်မြေယူ ၊ ဒီနေ့ အလုံးစုံရှင်းလင်းပါတယ်။ အလံတွေလည်း စိုက်ထူပြီးပြီ။ ဖလမ်းမြို့က စစ်ရေးအရ အရမ်းအရေးပါတဲ့မြို့ပါ။ချင်းတပ်တွေကတော့…
Read Moreရဲမွန်တောင် ပြည်သူ့စစ်ဆိုတာဘာလဲ
မန္တလေး -ဧပြီ ၂၅-၂၀၂၆ ရဲမွန်တောင်ပြည်သူ့စစ်ဌာနေ တည်ထောင်ခြင်း ၃နှစ်ပြည့် အထိမ်းအမှတ်အနေတဲ့ သံဃာ ၁၀ ပါး၊ သီလရှင် အပါး ၇၀၀ ကို ဆွမ်းကပ်ပြီး ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ရဲမွန်တောင် ပြည်သူ့စစ်ရုံးမှာ ဒီနေ့ ဧပြီ ၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ပြည်သူ့စစ်တွေထဲက ထိခိုက်ဒဏ်ရာရသူနဲ့ ကျဆုံးသူတွေရဲ့ မိသားစုတွေကို ထောက်ပံ့တဲ့ အစီအစဥ်လည်းတွေ့ရပါတယ်။ ရဲမွန်တောင်ပြည်သူ့စစ်ဆိုတာ ဘာလဲ ၊ ဘယ်သူတွေလဲ ၊ ဘယ်လောက်အင်အားရှိလဲ၊ သူတို့ဘာလုပ်နေလဲဆိုတာ ရဲမွန်တောင်ပြည်သူ့စစ်အဖွဲ့တည်ထောင်သူ တရားလွှတ်တော်ရှေ့နေလည်းဖြစ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးမျိုးကျော်ခေါ် ဦးနေမျိုးကျော်ကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ #voiceofmyanmar #VOM #ရဲမွန်တောင်ပြည်သူ့စစ် #ဦးမျိုးကျော် #ဦးနေမျိုးကျော်
Read Moreအချိန်ပိုနဲ့ ပျက်နေတဲ့ လျှပ်စစ်မီးကြောင့် ညည်းညူသံတွေ ပိုကျယ်လာ
ဧပြီ ၂၅ – ၂၀၂၆ SS (VOM) လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးဝေမယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောကြားခဲ့ပြီးနောက် ရန်ကုန်အပါအဝင် မြို့အများအပြားမှာ မီးပြတ်တောက်မှု ပိုမို ဆိုးရွားလာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနရဲ့ အစီအစဉ်အရ တိုင်းနဲ့ ပြည်နယ်တွေအတွက် ၁၂ နာရီသာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေမှုအစား အနည်းဆုံး ၁၄ နာရီ နေ့စဉ်ဖြန့်ဖြူးပေးမှုကို ဧပြီ ၂၂ ရက်နေ့ ညနေ ၃ နာရီမှစတင်ကာ တိုးမြှင့် ဖြန့်ဖြူးပေးသွားမယ်လို့ အသိပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ မြေပြင်မှာတော့ လျှပ်စစ်မီးပျက်ချိန် ပိုမို တိုးလာပြီး နေရာဒေသပေါ်…
Read Moreငပလီမြို့မှာ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ဖြစ်၊ ဒေသခံတွေ စိုးရိမ်မှုမြင့်တက်
ဧပြီ ၂၅ – ၂၀၂၆ SN (VOM) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ပေါ်ကို အစိုးရတပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတဲ့အတွက် လေကြောင်းအန္တရာယ်ကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “လေကြောင်း တိုက်ခိုက်တာက နှစ်ရက်ဆက်တိုက် ရှိနေပြီ။ ဒီနေ့လည်း မနက် ၉ နာရီလောက်စပြီး လေယာဉ်တွေ ဝဲနေတယ်။ သံတွဲမြို့ပေါ်ရော၊ ကမ်းခြေဘက်ကိုရော ဝဲနေတာ။ ဒီကလူတွေ အကုန်လုံးကတော့ ဗုံးခိုကျင်းထဲမှာပဲ နေနေရတယ်။ အပြင်မထွက်ရဲကြဘူး။ အကုန်လုံး စိုးရိမ်ကြောက်လန့်နေရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ အစိုးရတပ်ဟာ ငပလီမြို့ပေါ်ကို မနေ့ ဧပြီ ၂၄ ရက်၊ နေ့လယ် ၁ နာရီကျော်အချိန်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် မိနစ်အနည်းငယ်အကြာမှာ ကင်းထောက် လေယာဉ်တွေကလည်း လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သံတွဲဒေသခံတွေဆီက…
Read Moreသံတောင်ကြီး ဘုံတောင်ရွာ လေကြောင်းတိုက်ခိုက်ခံရမှု၊ ၁၀ ယောက်ထက်မနည်းသေဆုံး
ဧပြီ ၂၅ ၊ ၂၀၂၆ GG (VOM) ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ မြောက်ပိုင်းရှိ ၊ ဘုံတောင်ရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၁၀ ယောက်ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။ မနေ့က ဧပြီ ၂၄ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး ၊ လူသေဆုံးမှုအပြင် နေအိမ်မီးလောင်ပျက်စီးမှုတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေထဲမှာတော့ PDF တပ်ဖွဲ့ဝင်တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ” အဲဒီဘုံတောင်က သံတောင်ကြီးအစပ် လိပ်သိုနဲ့ပိုနီးတယ်။ ပြီးရင် နေပြည်တော် ၊ ပဲခူး ဧရိယာ အစပ်ပေါ့ ။ လေကြောင်းကြဲတာတော့ သိတယ်။ သေဆုံးအတိကျကတော့ မသိရသေးဘူး ။ အဲဒီဘက်က လက်နက်ကိုင်စိုးမိုးနယ်မြေတွေပါ ။ လက်နက်ကိုင်အဖွဲ့ကလည်း အဖွဲ့စုံရှိတယ်။ PDF ရော…
Read Moreမန္တလေးမှာ အပူရှပ်ပြီး သေဆုံးမှုတွေရှိလာလို့ မီးပွိုင့်တချို့မှာ အပူဒဏ်သက်သာဖို့ အမိုးအကာတွေ တပ်ဆင်ပေးလာ
မန္တလေး၊ ဧပြီ – ၂၆- ၂၀၂၆ SA(VOM) မန္တလေးမြို့မှာ အပူရှပ်ပြီး သေဆုံးမှုတွေရှိလာတာကြောင့် မြို့ပေါ်က အဓိကျတဲ့ လမ်းမကြီးတွေပေါ်က မီးပွိုင့်တွေမှာ ရပ်စောင့်ရတဲ့အခါ အပူဒဏျကို သက်သာစေဖို့ ပိုက်အစိမ်းမိုးကာတွေကို မီးပွိုင့်တချို့မှာ မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ အဆောက်အဦနဲ့ ကုန်ရုံဌာန က တပ်ဆင်ပေးထားတာကို တွေ့ရပါတယ်။ မန္တလေးမြို့က အဓိကျပြီး အရိပ်မရှိတဲ့ ၂၆ လမ်း နဲ့ ၇၃ လမ်းထောင့်၊ ၇၃ လမ်း နဲ့ လမ်း ၃၀ ထောင့်၊ ၇၈ လမ်း ၃၅ လမ်းထောင့်၊ ရန်ကုန် – မန္တလေးလမ်း ၁၁၃ လမ်းထောင့်တို့က မီးပွိုင့်တွေမှာ အပူဒဏ်သက်သာစေဖို့ ရည်ရွယ်ပြီး အမိုးအကာတွေ တပ်ဆင်ပေးထားတယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ အဆောက်အဦနဲ့ ကုန်ရုံဌာန ကနေ သိရပါတယ်။ ”…
Read Moreဓနုဖြူမြို့မစျေးကြီး မီးလောင်လို့ ဆိုင်ခန်း ၂၇၀ ကျော် မီးထဲပါသွား
ဧပြီ ၂၆ ၊ ၂၀၂၆ GG (VOM) ဧရာဝတီတိုင်း ၊ ဓနုဖြူမြို့နယ်ရှိ ဓနုဖြူ မြို့မစျေးကြီးမှာ မီးလောင်မှုဖြစ်ပွားပြီး စျေးဆိုင်ခန်း ၂၇၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရပါတယ်။ ဒီကနေ့ ဧပြီ ၂၆ ရက်နေ့ ၊ မနက်အစော ၆ နာရီ ၂၅ မိနစ်လောက်မှာ ဓနုဖြူမြို့မစျေးကြီးရှိ ဆိုင်ခန်းတွေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက် ၇ နာရီ ၅၀ မှသာ မီးငြိမ်းတာကြောင့် မီးလောင်မှုဟာ အချိန် တနာရီကျော်ကြာခဲ့တယ်လို့ သိရပါတယ်။ “မီးက ငြိမ်းပါပြီ။ ဆိုင်ခန်း ၂၇၁ ခန်းပါသွားပါတယ်။ လုပ်ငန်းစဥ်တွေကလုပ်နေတုန်း မပြီးသေးပါဘူး ။ ” လို့ ဓနုဖြူမြို့နယ်မီးသတ်ဦးစီးအရာရှိက ပြောပါတယ်။ မီးစတင်လောင်ကျွမ်းရတဲ့ အခြေအနေနဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ မသိရသေးပါဘူး ။ ဓနုဖြူမြို့မစျေးကြီး…
Read Moreရေစကြိုနဲ့ နန်းမယ်ခုံမှာ ဒရုန်းကျရောက်မှုကြောင့် ခြောက်ယောက် သေဆုံးပြီး ရှစ်ယောက် ဒဏ်ရာရ
ဧပြီ ၂၆ – ၂၀၂၆ SS (VOM) မကွေးတိုင်း ရေစကြိုမြို့နယ်နဲ့ ကယားပြည်နယ်ရှိ နန်းမယ်ခုံမြို့နယ်တို့မှာ မနေ့ ဧပြီ ၂၅ ရက်က ဒရုန်းကျရောက်မှုကြောင့် ခြောက်ယောက် သေဆုံးပြီး ရှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေစကြိုမြို့နယ်၊ ငတရော်ကျေးရွာမှာ မနေ့ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က ဒရုန်းကျရောက်မှု ဖြစ်ပွားခဲ့တာမှာ သုံးယောက် သေဆုံးပြီး ငါးယောက် ဒဏ်ရာ ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ဒရုန်းက ရွာထဲက စတားလင့်ဆိုင်နားကို ကျတာ။ အဲဒီနားမှာ ဂိမ်းဆော့နေတဲ့သူတွေကို ထိတယ်။ နှစ်ယောက်က ပွဲချင်းပြီးသေတယ်။ တယောက်က ဆေးခန်းကိုသွားရင်း လမ်းမှာဆုံးတာ။ ဒဏ်ရာရတဲ့သူတွေကလည်း စိုးရိမ်ရအဆင့် ဖြစ်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ရေစကြိုမြို့နယ်၊ ချင်းယားကုန်းကျေးရွာမှာ…
Read Moreမြစ်ကြီးနား ၊ မိုးကောင်း ၊ နမ္မတီး မြို့နယ်တွေမှာ လေပြင်းတိုက်လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နေအိမ် ၊ စစ်ရှောင်စခန်း အပါအဝင် ရာနဲ့ချီ ပျက်စီးမှုရှိ
ဧပြီ ၂၆ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် ၊ မြစ်ကြီးနား ၊ မိုးကောင်း ၊ နမ္မတီး မြို့နယ်တွေမှာ လေပြင်းတိုက် မိုးရွာသွန်းမှုကြောင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးအပါ နေအိမ် နဲ့ စစ်ရှောင် စခန်းအပါအဝင် အဆောက်အဦ ရာနဲ့ချီပြီး ပျက်စီးမှု ရှိခဲ့သလို လူထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။ မနေ့က ဧပြီ ၂၅ ရက်နေ့ ည ၁၀ နာရီလောက်မှာ လေပြင်းတိုက်ခတ်တာ ၊ မိုးရွာသွန်းတာ ၊ မိုးသီးကြွေတာတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါ.သဘာဝဘေးအန္တရာယ်ဖြစ်စဥ်ကြောင့် လူနေအိမ် သွပ်အမိုးလန်ခြင်း ၊ နေအိမ်ပြိုကျပျက်စီးခြင်း ၊ အကာအရံတွေပျက်စီးခြင်း ၊ သစ်ပင်လဲကျ ပျက်စီးတာတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့မှာဆိုရင် ရဲတပ်ဖွဲ့မှူးရုံးက သစ်ပစ်တွေလဲကျခဲ့သလို အဆောက်အဦ…
Read More