မန္တလေးမှာ အပူရှပ်ပြီး သေဆုံးမှုတွေရှိလာလို့ မီးပွိုင့်တချို့မှာ အပူဒဏ်သက်သာဖို့ အမိုးအကာတွေ တပ်ဆင်ပေးလာ

မန္တလေး၊ ဧပြီ – ၂၆- ၂၀၂၆
SA(VOM)
မန္တလေးမြို့မှာ အပူရှပ်ပြီး သေဆုံးမှုတွေရှိလာတာကြောင့် မြို့ပေါ်က အဓိကျတဲ့ လမ်းမကြီးတွေပေါ်က မီးပွိုင့်တွေမှာ ရပ်စောင့်ရတဲ့အခါ အပူဒဏျကို သက်သာစေဖို့ ပိုက်အစိမ်းမိုးကာတွေကို မီးပွိုင့်တချို့မှာ မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ အဆောက်အဦနဲ့ ကုန်ရုံဌာန က တပ်ဆင်ပေးထားတာကို တွေ့ရပါတယ်။
မန္တလေးမြို့က အဓိကျပြီး အရိပ်မရှိတဲ့ ၂၆ လမ်း နဲ့ ၇၃ လမ်းထောင့်၊ ၇၃ လမ်း နဲ့ လမ်း ၃၀ ထောင့်၊ ၇၈ လမ်း ၃၅ လမ်းထောင့်၊ ရန်ကုန် – မန္တလေးလမ်း ၁၁၃ လမ်းထောင့်တို့က မီးပွိုင့်တွေမှာ အပူဒဏ်သက်သာစေဖို့ ရည်ရွယ်ပြီး အမိုးအကာတွေ တပ်ဆင်ပေးထားတယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ အဆောက်အဦနဲ့ ကုန်ရုံဌာန ကနေ သိရပါတယ်။
” မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့အတူ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ကြီးကြပ်မှုနဲ့ အဆောက်အဦနဲ့ ကုန်ရုံဌာနကနေပြီးတော့ ပူပြင်းတဲ့နွေရာသီမှာ မီးပွိုင့်တွေမှာ အေးချမ်းမှုရစေဖို့ရန်အတွက် အမိုးအကာတွေကို ဧပြီ လ ၂၃ ရက် နေ့က စတင်ပြီးဆောင်ရွက်နေပါတယ်၊ အဓိကလုပ်နေတာကတော့ ယာဥ်အသွားအလာများပြားပြီးတော့မှ အဓိ ကမီးပွိုင့်ကြီးတွေမှာ နေရောင်ခြည်သက်သာစေရန် ရည်ရွယ်ပြီးလုပ်ထားတာပါ ထပ်ပြီးတော့မှာ ပြည်သူတွေက ဒီနေရာလေးက လိုအပ်တယ်ဆိုရင် ကွင်းဆင်းစစ်ဆေးပြီးတော့ လုပ်ဆောင်သွားပေးမှာပါ” လို့ အဆောက်အဦနဲ့ ကုန်ရုံဌာန ဒုတိယဌာနမှူး ဒေါ်မျိုးအိအိစိုးဝင်း က VOM ကိုပြောပါတယ်။
နောက်ထပ် ၂၆ လမ်း နဲ့ လမ်း ၈၀ ထောင့်၊ ၃၅ လမ်း နဲ့ ၆၂ လမ်းထောင့်၊ ရန်ကုန်- မန္တလေး- စစ်ကိုင်းလမ်းခွဲ မီးပွိုင့်ထောင့်တွေမှာ ဆက်လက်တပ်ဆင်ပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။
ဒါအပြင် ယာဥ်ကြောရှင်းပေးရတဲ့ ယာဥ်ထိန်းတပ်ဖွဲ့ဝင်တွေ အပူဒဏ်သက်သာအောင့်လို့လည်း ယာဥ်ထိန်းရဲတပ်ဖွဲ့က မန္တလေးမြို့က အဓိကကျတဲ့ လမ်းဆုံတွေမှာ ထီးတိုင်တွေ တပ်ဆင်ပေးထားတာကိုလည်း တွေ့ရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW