မုံရွာဆေးရုံကြီးမှာ ဗဟိုအဆင့်က အထူးကုဆရာဝန်ကြီးတွေ အခမဲ့ကွင်းဆင်း ဆေးကုသပေး​နေ

နိုဝင်ဘာ- ၂၈-၂၀၂၆ MW(VOM) မုံရွာပြည်သူ့ဆေးရုံကြီးမှာ နိုဝင်ဘာ ၂၈ ရက်နဲ့ ၂၉ရက်နေ့ ၂ရက်အတွင်း အထူးကုဆရာဝန်ကြီးတွေက အများပြည်သူတွေကို အခမဲ့ကွင်းဆင်းဆေးကုသပေး​နေပါတယ်။ ပြင်ပ​​ဆေးရုံ​တွေမှာ အစစ အရာရာ ​ဈေးကြီး​နေချိန် ပြည်သူအများစုက အားကိုးတကြီးနဲ့ လာရောက်ဆေးကုသနေကြတာတွေ့ရပါတယ်။ အခမဲ့ဆေးကုသပေးတဲ့ အစီအစဉ်ကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ စီစဉ်မှုနဲ့ ဗဟိုအဆင့်ဆေးရုံတွေ၊ ဆေးတက္ကသိုလ်တွေက အထူးကုဆရာဝန်ကြီးတွေ လာရောက်ကုသပေးနေတာပါ။ “အခုချိန် ဆေးကုရတာ ပိုက်ဆံတတ်နိုင်မှ ကုလို့ရတာ။ ငွေမရှိလို့ကတော့မလွယ်ဘူး။ အခုလိုအခမဲ့ကုပေးတာမျိုး နားစွင့်နေကြတာအများကြီးပါ။ တချို့ဆို ဖြစ်တဲ့ရောဂါသိပေမယ့် မကုနိုင်လို့ ဗမာဆေးနဲ့ကုနေတာတွေရှိကြတယ်။ ဆေးရုံတက်ကုရင်ပျောက်မယ်မှန်းသိပေမယ့် တက်ကုစရာငွေကမရှိဘူးလေ။ လွယ်တဲ့သူတွေလွယ်ပေမယ့် မလွယ်သူတွေအတွက်က အတော်မလွယ်တာပါ”လို့ မုံရွာမြို့ခံတဦးကပြောပါတယ်။ အခမဲ့ကွင်းဆင်းဆေးကုသရာမှာ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာရောဂါ၊ ဆီးချိုနဲ့ ဟော်မုန်းဆိုင်ရာရောဂါ၊ နှလုံးရောဂါ၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါ၊ ရင်ခေါင်းရောဂါ၊ ဆီးနဲ့ ကျောက်ကပ်နဲ့ အသည်းရောဂါတွေကို သက်ဆိုင်ရာ ပါ‌ေမာက္ခ/အထူးကုဆရာဝန်ကြီးတွေက စစ်ဆေးကုသပေးနေတာဖြစ်ပါတယ်။ “မုံရွာပြည်သူ့ဆေးရုံကြီးမှာ…

Read More

လိုင်ဇာမြို့အနီး လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံရပြီး လူ ထိခိုက် သေဆုံးမှုရှိ

နိုဝင်ဘာ ၂၈၊ ၂၀၂‌၆ Shy V (VOM) ကချင်ပြည်နယ် လိုင်ဇာမြို့အနီး နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် အစောပိုင်း ၁ နာရီကျော်ခန့်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံရပြီး လူ ထိခိုက် သေဆုံးမှု ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဒီနေ့ မနက် ၁ နာရီခွဲ ဝန်းကျင်လောက်က လေယာဉ် နဲ့ ဗုံးကြဲသွားတာ။ အခု တောင် လေယာဉ် ပြန်တက်လာနေတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ သေဆုံးသူ နှစ်ယောက်၊ သုံးယောက်ရှိပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့သိရကြောင်း သူက ပြောပါတယ်။ “ဘိန်းဖြတ် စခန်းဘက် လေကြောင်း ဗုံးကြဲသွားတာ။ ထိခိုက် သေဆုံးမှုရှိတယ်။ ဆယ်ယောက်ကျော် ထိခိုက ဒဏ်ရာရတဲ့ ထဲက သုံးယောက် သေဆုံးသွားတယ်”…

Read More

မိုးဗြဲအနောက်ခြမ်းမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး သေဆုံး ဒဏ်ရာရသူ ၃၀ ကျော်ရှိ

နိုဝင်ဘာ ၂၈ ၊ ၂၀၂၆ CC (VOM) ကယားပြည်နယ် နဲ့ ရှမ်းပြည်နယ်အစပ်က ဖယ်ခုံမြို့နယ်၊ မိုးဗြဲဒေသ အနောက်ခြမ်းမှာ ဒီကနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ ၊ နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်မှုဖြစ်ခဲ့ပြီး သေဆုံးဒဏ်ရာရ ၃၀ ကျော် ရှိတယ်လို့ သိရပါတယ်။ မိုးဗြဲအနောက်ခြမ်းက လကျီလုံရွာဘက်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာလို့ သိရပြီး ဆယ်ယောက်သေဆုံးပြီး ဒဏ်ရာရရှိသူအရေအတွက် ၂၀ ကျော်ရှိကြောင်း စာရင်း အတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံက ဆိုပါတယ်။ ” လောလောဆယ်သိရတာ ပွဲချင်းပြီးဆုံးတာ ဆယ်ယောက် ရှိတယ်သိရတယ်။ ဒဏ်ရာရသူလည်းများတယ် ။ ” လို့ ဒေသခံက ပြောပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစိုးရတပ် သတင်းရင်းမြစ်တွေ ၊ ဆက်စပ်သူတွေကတော့ PDF တွေရှိရာကို တိုက်ခိုက်ခဲ့တာလို့ ပြောဆိုမှုတွေရှိနေပါတယ်။ ကယားပြည်နယ်…

Read More

ယွမ်ဈေး တရက်အတွင်း အဆမတန်ကျဆင်းလို့ မူဆယ်ကုန်သည်တွေ အခက်ကြုံ

နိုဝင်ဘာ ၂၈၊ ၂၀၂၆ Shy V (VOM) မူဆယ်မှာ ယွမ်ငွေဈေး တရက်အတွင်း ရုတ်တရက် ထိုးကျသွားတာကြောင့် ငွေလဲလှယ်သူတွေနဲ့ အရောင်းအဝယ်လုပ်ကိုင်သူတွေ ရောင်းရင်းရှုံးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “တရုတ်ငွေ ယွမ်လည်း ပြန်မရောင်းနိုင်တော့ဘူး။ ယွမ် ၁၀၀ ကို ကျပ် ၈၀၀၀၀ နဲ့ ဝယ်ထားတာ ၇၀၀၀၀ နဲ့ ဘယ်သူမှ ပြန်မရောင်းနိုင်တော့ဘူးလေ။ မရောင်းဘူး။ အရောင်းရပ်ထားတယ်” လို့ ငွေလဲလှယ် ရောင်းဝယ်သူ အမျိုးသား တယောက်က ပြောပါတယ်။ ပစ္စည်းတခုကို ၁၂၀၀၀ နဲ့ ရောင်းလိုက်တဲ့ ပစ္စည်းကုန်သွားတော့ ၁၉၀၀၀ နဲ့ ပြန်ဝယ်ရတာကြောင့် အခက်ကြုံနေရတယ်လို့ အိမ်ဆိုင်ရောင်းသူ အမျိုးသမီး တယောက်ကလည်း ပြောပါတယ်။ “ဘယ်လို ပြန်ရောင်းရတော့မှာလဲ။ ရောင်းရင်းနဲ့ ရှုံးနေတာ။ ရောင်းရတဲ့ ငွေနဲ့ အရင်း…

Read More
✕
VOM News

FREE
VIEW