ဇွန် ၂၂၊ ၂၀၂၆။ NN(VOM) တရုတ်ထုတ်ကုန်ပစ္စည်းတွေကို အဓိကထား အရောင်းအဝယ်ပြုနေရတဲ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ အခုရက်ပိုင်း တရားမဝင်ကုန်စည်တွေ ဖမ်းဆီးစစ်ဆေးမှု တင်းကြပ်တာကြောင့် အရောင်းအဝယ်တွေ အေးနေတယ်လို့ မြို့ခံတွေ နဲ့ ကုန်သည်တွေဆီကနေ သိရပါတယ်။ လားရှိုးမြို့ထဲ ကုန်ပစ္စည်း အဝင်အထွက်တွေ ကန့်သတ်ခံထားရတာကြောင့် အလုပ်တွေလည်း မဖြစ်ကြဘူးလို့ ကုန်သည်တွေဆီကနေ သိရပါတယ်။ “ပစ္စည်းက ဘာမှ အဝင်မရဘူး ဖြစ်နေတာ။ ဂိတ်တွေမှာ ဒီရက်ပိုင်း ဘာမှ ပေးမဝင်တော့ဘူး။ အခုက ပိုကြပ်လာတယ်။ အပြင်ကနေ ပစ္စည်းမလာတော့ ရောင်းကုန်မရှိဘူးပေါ့ဗျာ။ မရောင်းရတော့ဘူး” လို့ လားရှိုးမြို့ခံ ကုန်သည် တယောက်ကပြောပါတယ်။ တရုတ်ကလာတဲ့ မုန့်၊ အချိုရည်၊ ဘီယာကအစ တာယာ၊ စက်ပစ္စည်း၊ အိမ် ဆောက် ပစ္စည်း၊ အထည်အလိပ်၊ စိုက်ပျိုးရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်းတွေ အားလုံး တရားမဝင်ကုန် အနေနဲ့…
Read MoreCategory: စီးပွားရေး
ပုဂံရဲ့ ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ ယွန်းထည်လုပ်ငန်းဈေးကွက်ဆက်တိုက်ကျဆင်းနေ
ဇွန် ၂၁/၂၀၂၆ NM(VOM) ရှေးနှစ်ပေါင်း တထောင်ခန့်ကတည်းက ထွန်းကားလာခဲ့တဲ့ ပုဂံရဲ့ ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ ယွန်းထည်ေတွရဲ့ဈေးကွက်ဟာ ဆက်တိုက်ကျဆင်းနေတယ်လို့ မျိုးရိုးစဉ်ဆက် ယွန်းထည်လုပ်ငန်းလုပ်ကိုင်လာတဲ့ Bagan House တည်ထောင်သူ ဒေါ်မော်မော်အောင်ကပြောပါတယ်။ ကိုဗစ်ကာလကထဲက ကျဆင်းလာခဲ့တဲ့ ယွန်းထည်လုပ်ငန်းဈေးကွက်ဟာ လက်ရှိမှာတော့ ယခင်ဈေးကွက်ေရာင်းအားရဲ့ ၂ရာခိုင်နှုန်းကနေ ၅ရာခိုင်နှုန်း အထိသာ ရောင်းအားရှိနေတယ်လို့ဆိုပါတယ်။ “အရင်တချိန်တုန်းကတော့ ကျမတို့ဆိုင်ကို တနေ့ကို နိုင်ငံခြားသားဧည်သည့်အဖွဲ့၂၀၊၃၀အဲ့လိုတွေဝင်တာဆိုတော့ Market က direct ပေါ့နော်။အခုကျတော့ နိုင်ငံခြားပို့တဲ့ Market က ပို့လို့ရတယ်။ဒါပေမယ့်ဝယ်တဲ့ customer နည်းသွားတယ်။မြန်မာပြည်တင်မကဘူး။နိုင်ငံတကာမှာလည်း စီးပွားရေးမကောင်းတဲ့ကာလဖြစ်သွားတော့ အရင်တုန်းက ကျမဆီမှာ ယွန်းဆရာ၊ဆရာမ၊ ယွန်းပညာရှင်ပေါင်း ၄၀လောက်ရှိတယ်။ အရောင်းစာရေးက ၁၀ဦးလောက်ရှိတယ်။ အခု၁၀ယောက်လောက်ပဲရှိတယ်။ ဒါတောင် ယွန်းပညာရှင်တွေမပျောက်ပျက်အောင်တော်တော်လေးကို ကျားကန်ထားခဲ့ရတာ” လို့ ဒေါ်မော်မော်အောင်ကပြောပါတယ်။ ယွန်းထည်ဈေးကွက် ပြန်လည်မြင့်တက်လာစေဖို့ ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းတွေကိုလည်း ထုတ်လုပ်နေပြီး အဆိုပါ ထုတ်ကုန်တွေကို…
Read Moreလယ်ယာမြေတွေကို အကွက်ရိုက်ရောင်းချနေသူတွေကြောင့် နစ်နာသူတွေများလို့ ရောင်းမှား/ ဝယ်မှား မဖြစ်ဖို့ သတိထားဖို့လို
မန္တလေး၊ ဇွန်- ၁၇- ၂၀၂၆ SA(VOM) မန္တလေးတိုင်းအတွင်းမှာရှိတဲ့ လယ်ယာမြေတွေကို တခြားနည်းသုံးစွဲခွင့် လျှောက်ထားမှု မရှိပဲ အကွက်ရိုက်ပြီး ရောင်းချထားတဲ့ မြေကွက်တွေနဲ့ အဲ့ဒီနေရာတွေမှာ အဆောက်အဦဆောက်လုပ်ထားတာတွေကို ဒီရက်ပိုင်းမှာ သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လိုက်လံရှင်းလင်းနေတယ်လို့ သိရပါတယ်။ လယ်ယာမြေတွေကို တခြားနည်းသုံးစွဲခွင့်မရှိပဲ အကွက်ရိုက်ပြီး ရောင်းချသူတွေဆီကနေ သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနမှာ မြေရာဇဝင် စစ်ဆေးမှုမရှိဘဲ အရပ်စာချုပ်နဲ့ ဝယ်ယူထားသူတွေ အများအပြားရှိနေပြီး သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ က ကွင်းဆင်းစစ်ဆေးပြီး သိမ်းဆည်းတဲ့အခါ ဝယ်ယူထားသူတွေ အနေနဲ့ ဆုံးရှုံးနစ်နာမှုတွေ ရှိနေလို့ ဝယ်ယူသူတွေ အနေနဲ့ သတိထားစိစစ်ပြီး ဝယ်ယူဖို့လိုအပ်ပါတယ်။ လက်ရှိ မန္တလေးတိုင်းအတွင်း ပုသိမ်ကြီးမြို့နယ်၊ အမရပူရခရိုင်နဲ့ ပြင်ဦးလွင်ခရိုင်အတွင်းမှာ မြေယာပြဿနာအရှုပ်အရှင်းအများဆုံး ဖြစ်ပွားနေတဲ့ နေရာတွေ ဖြစ်ပါတယ်။ ပုသိမ်ကြီးမြို့နယ်အတွင်းမှာ ရှိတဲ့ နန်းဦးလွင်၊ ကံကောက်၊ သမ္မတော၊ မဲကင်းကုန်း နဲ့…
Read Moreပြည်တွင်းရွှေဈေး သုံးရက်အတွင်း ကျပ် ငါးသိန်းဝန်းကျင် ထပ်ကျလို့ ဝယ်ချင်သူတွေစိတ်ဝင်စားလာ
ဇွန် ၁၁ – ၂၀၂၆ SN (VOM) လက်ရှိမှာ ကမ္ဘာ့ရွှေဈေး ဆက်တိုက် ကျဆင်းလာတဲ့အတွက် ပြည်တွင်းက အခေါက်ရွှေဈေးလည်း လိုက်ပါ ကျဆင်းနေတာမှာ သုံးရက်အတွင်း ကျပ် ငါးသိန်းဝန်းကျင် အကျရှိခဲ့တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့၊ မနက်ပိုင်းမှစတင်ကာ ဒေါ်လာ ၅၀၀၀ အောက်ကို ရောက်ရှိလာတာဖြစ်ပြီး ဇွန် ၉ ရက်နေ့ကနေ ဒီကနေ့ ဇွန် ၁၁ ရက်၊ မနက်ပိုင်းအထိ တအောင်စ ဒေါ်လာ ၂၀၀ ကျော် ကျဆင်းခဲ့တာဖြစ်ကာ လက်ရှိမှာတော့ တအောင်စ ဒေါ်လာ ၄၁၀၃ ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ “ကမ္ဘာ့ရွှေကျတော့ ပြည်တွင်းဈေးပါ လိုက်ကျတယ်။ အခု အခေါက်ရွှေ တကျပ်သားဈေးက ၉၅ သိန်းဝန်းကျင်ကို ရောက်နေပြီ။ ဈေးကွက်ထဲမှာ…
Read Moreရှမ်းတောင်ဒေသထွက် ကုန်စိမ်းသီးနှံတချို့ စျေးကျလို့ တောင်သူတွေ အရှုံးပေါ်
ဇွန် ၇ ၊ ၂၀၂၆ GG (VOM) ရှမ်းပြည်နယ် တောင်ပိုင်းကုန်စိမ်းစျေးကွက်မှာ ခရမ်းချဥ်သီး အပါအဝင် ကုန်စိမ်းသီးနှံတချို့ စျေးကျလာတာကြောင့် တောင်သူတွေ အရှုံးနဲ့ကြုံတွေ့နေရတယ်လို့ ကုန်သည်တွေဆီက သိရပါတယ် ။ လက်ရှိ မိုးရာသီကာလအစမှာ စျေးကျလာတဲ့သီးနှံတွေက ခရမ်းချဥ်သီး ၊ ဂေါ်ဖီထုပ် ၊ အာလူး ၊ ပန်းဂေါ်ဖီ ခေါ် ပန်းပွင့် တို့ဖြစ်ပြီး ကုန်စိမ်းပွဲရုံတွေကို ကုန်ပစ္စည်းဝင်ရောက်မှုများပြီး ဝယ်လိုအားနဲ့ရောင်းလိုအားမမျှတဲ့အခြေအနေကြောင့် စျေးကျလာနေတာ ဖြစ်တယ်လို့ သိရပါတယ် ။ နှစ်စဥ်မိုးကာလ ရောက်တိုင်း ခရမ်းချဥ် အပါအဝင်ကုန်စိမ်းသီးနှံတချို့ စျေးနူန်းကျဆင်းလေ့ရှိတဲ့ ပြဿနာကို ကြုံရလေ့ရှိပြီး ခုချိန်ထိ အဲဒီအခက်အခဒဲကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ” မိုးတွင်းမှာ ကုန်စိမ်းတော်တော်များများ ဒီလိုပဲ ကျတာကြုံရတယ်။ ခရမ်းချဥ်ဆိုလည်း ပင်လောင်းကနေ အောင်ပန်းလာရောင်းဖို့ဆို ကားခ ၊အလုပ်သမားခ ၊…
Read Moreအခေါက်ရွှေဈေး ကျပ် သိန်း ၁၀၀ အောက် ပြန်ဆင်း
ဇွန် ၆ – ၂၀၂၆ SN (VOM) ကမ္ဘာ့ရွှေဈေး ကျဆင်းမှုနဲ့အတူ ပြည်တွင်းက အခေါက်ရွှေဈေးဟာလည်း ဒီကနေ့ ဇွန် ၆ ရက်မှာ ကျပ် သိန်း ၁၀၀ အောက်ကို ပြန်လည် ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့၊ မနက်ပိုင်းမှစတင်ကာ တအောင်စ ၄၄၈၅ ဒေါ်လာဝန်းကျင်နဲ့ ၅၀၀၀ အောက်ကို ရောက်ရှိလာတာဖြစ်ပြီး ဒီကနေ့ ဇွန် ၆ ရက်အထိ လေးရက်အတွင်း ဒေါ်လာ ၁၆၀ နီးပါး အကျရှိခဲ့တာကို တွေ့ရပါတယ်။ အဲဒီလိုပဲ ပြည်တွင်း ရွှေဈေးလည်း လိုက်ပါ ကျဆင်းလာတာမှာ လေးရက်အတွင်း ကျပ် နှစ်သိန်းဝန်းကျင် အကျရှိထားကာ ဒီကနေ့မှာတော့ အခေါက်ရွှေ တကျပ်သား ကျပ် ကိုးဆယ့်ကိုးသိန်းဝန်းကျင်ကို ရောက်ရှိနေတယ်လို့…
Read Moreယာဉ်အို၊ ယာဉ်ဟောင်း အစားထိုး မူဝါဒကြောင့် EV ဈေးကွက်အတွင်း အရောင်းအဝယ် အနည်းငယ် အေးနေ
ဇွန် ၅ – ၂၀၂၆ SS (VOM) ယာဉ်အို၊ ယာဉ်ဟောင်းနဲ့ လျှပ်စစ်သုံးယာဉ် (EV) ကား အစားထိုး လဲလှယ်ရမယ့် မူဝါဒကြောင့် ဈေးကွက်အတွင်း EV ဝယ်လိုအား အနည်းငယ်ရပ်တန့်ပြီး ဈေးနှုန်းတွေ အကျဘက်ကို ဦးတည်နေတယ်လို့ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) အထွေထွေ အတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။ ထုတ်လုပ်တဲ့ခုနှစ် သက်တမ်း နှစ် (၂၀) ကျော်လွန်ယာဉ်၊ ပြင်ဆင်မရနိုင်တဲ့ ယာဉ်တွေနဲ့ သက်တမ်း နှစ် (၂၀) ကျော်လွန်ခြင်း မရှိပေမယ့်လည်း ဆန္ဒအရ အပ်နှံလိုတဲ့ယာဉ်တွေရဲ့ တန်ဖိုးနဲ့အညီ EV ယာဉ်တွေ အစားထိုးလဲလှယ်နိုင်ဖို့ ဆောင်ရွက်မယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ “ဒါက တိကျတဲ့…
Read Moreဂျပန်နိုင်ငံရှိ BEPPU MIZOBE GAKUEN COLLAGE က ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင် မန္တလေးမှာ ဂျပန်သွားလိုသူတွေကို ရွေးချယ်
မန္တလေး၊ ဇွန်- ၅- ၂၀၂၆ VOICE OF MYANMAR ဂျပန်နိုင်ငံမှာ အလုပ်ခွင် လက်တွေ့သင်တန်းတွေ ပို့ချပြီး အလုပ်အကိုင်တွေ ဖန်တီးပေးမယ့် BEPPU MIZOBE GAKUEN COLLAGE က ကျောင်းအုပ်ဆရာမကြီးနဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေဟာ မန္တလေးမှာ ဂျပန်ဘာသာစကားသင်ယူတတ်မြောက်ပြီးတဲ့ လူငယ်တွေကို သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းကောလိပ်မှာ ပညာသင်ယူရင်း အလုပ် လုပ်ကိုင်နိုင်ဖို့ မန္တလေးက HOTEL HAZEL မှာ စာတွေ့ လူတွေ့ လက်တွေ့ စစ်ဆေးခဲ့ပါတယ်။ စာတွေ့ လူတွေ့ လက်တွေ့ အောင်မြင်တဲ့လူတွေကို ဂျပန်နိုင်ငံက သူတို့ရဲ့ BEPPU MIZOBE GAKUEN COLLAGE မှာ ပညာသင်ရင်း အလုပ်အကိုင်တွေ ဖန်တီးပေးမယ်လို့ သိရပါတယ်။ BEPPU MIZOBE GAKUEN COLLAGE ရဲ့ သမိုင်းကြောင်းနဲ့ သူတို့ ဘယ်လိုပညာတွေသင်ကြားပေးသလဲ ဘယ်လိုအလုပ်အကိုင်တွေဖန်တီးပေးနိုင်သလဲဆိုတာကို…
Read Moreထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေး ပြန်စပြီးနောက် ပြောင်းကားတစီး တိမ်းမှောက်လို့ ယာဥ်မောင်းသေဆုံး
ဇွန် ၃ ၊ ၂၀၂၆ CC (VOM) ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြဝတီနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်ဖွင့်ပြီးနောက် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးပြန်လည် စတင်နေပြီဖြစ်တယ်လို့ ကုန်သည်တွေဆီကနေ သိရပါတယ်။ မြဝတီနယ်စပ်ကနေ ထိုင်း မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးပြန်စပြီးနောက် မနေ့ကဇွန် ၂ ရက်နေ့မှာ မြဝတီမြို့၊ အာရှလမ်း၊ ရင်ကွဲတောင်နေရာ ကွင်းကလေးကုန်းအဆင်း၊ မိုင်တိုင်အမှတ် ၁၆၁/၄ မှာ ပြောင်းတင်လာတဲ့ တွဲကားတစီး တိမ်းမှောက်ပြီး ယာဥ်မောင်းသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” လမ်းချော်ပြီး ကားမှောက်တယ်လို့ ယူဆရတယ်။ ကားသမားက ကားအောက်မှာ ပိနေလို့ တော်တော်လေး ထုတ်ယူရတယ်။ ကားဝိတ်က များနေတာကိုး ။ မိုးရာသီရောက်ရင် အရင်ကလည်း ကားတွေလမ်းချော်ပြီး မှောက်လေ့ရှိတယ်။ ” ဒေသခံ နယ်စပ်ကုန်သည်တယောက်က ပြောပါတယ်…
Read Moreအလုပ်သမားစေလွှတ်မှုတွေ လျှော့ချမယ့်အရေးကြောင့် ပြည်ပထွက်ခွာဖို့ စောင့်ဆိုင်းနေသူတွေ စိုးရိမ်မှုတွေ မြင့်တက်နေ
ဇွန် ၃ – ၂၀၂၆ SS (VOM) လက်ရှိမှာ ပြည်ပနိုင်ငံတွေဆီ မြန်မာလုပ်သား တရားဝင်စေလွှတ်မှုတွေကို ထပ်မံလျှော့ချဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ပြည်ပထွက်ခွာဖို့ စောင့်ဆိုင်းနေသူတွေအနေနဲ့ ငွေကြေးဆုံးရှုံးမှုတွေ ရှိလာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား အစရှိတဲ့ နိုင်ငံတွေဆီ မြန်မာလုပ်သား စေလွှတ်မှုကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လကုန်ပိုင်းကတည်းက လူဦးရေပမာဏ လျှော့ချထားတာဖြစ်ပြီး အကန့်အသတ်နဲ့သာ ထွက်ခွာခွင့်ပြုနေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း နိုင်ငံတော်သမ္မတက ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်မှုတွေကြောင့် ပြည်တွင်းမှာ အလုပ်လုပ်နိုင်တဲ့ လူဦးရေ လျှော့နည်းလာနေတယ်လို့ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တဲ့အတွက် အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ပြည်ပလုပ်သား…
Read More