ဂါဇာစစ်ပွဲ အဆုံးသတ်ရေး အစ္စရေးရဲ့တန်ပြန်အဆိုပြုချက် ဟားမတ်စ်အဖွဲ့ လေ့လာနေ



တဲလ်အဗစ်၊ ဧပြီ-၂၇-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာမှာ အလားအလာရှိတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး အစ္စရေးရဲ့ တန်ပြန်အဆိုပြုချက်ကို လေ့လာနေကြောင်း ဟားမတ်စ်အဖွဲ့က ဧပြီ ၂၇ ရက်မှာ ပြောပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ရပ်တန့်နေတဲ့ ဆွေးနွေးပွဲတွေ ပြန်စရေးအတွက် ကြားဝင်ဖျန်ဖြေပေးနေတဲ့ အီဂျစ်ကိုယ်စားလှယ်အဖွဲ့ဟာ အစ္စရေးကို ရောက်ရှိပြီးနောက် တရက်အကြာမှာ အဆိုပြုချက်နဲ့ပတ်သက်ပြီး ဟားမတ်စ်တို့က တုံ့ပြန်လာတာဖြစ်ပါတယ်။

အစ္စရေးက ဂါဇာေတောင်ပိုင်း ရာဖာမြို့ကို စစ်ရေးအရ တွန်းအားပေးတိုက်ခိုက်ဖို့နဲ့ စစ်ပွဲနောက်ဆက်တွဲအဖြစ် ဒေသတွင်းမှာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသစ်တွေရဲ့ အရိပ်အယောင် ထွက်ပေါ်လာတာဖြစ်ပါတယ်။

“ အီဂျစ်နဲ့ ကာတာက ကြားဝင်ဖျန်ဖြေသူတွေထံကို အစ္စရေးက ဧပြီ ၁၃ ရက်မှာ ပေးအပ်ခဲ့တဲ့ အဆိုပြုချက်ကို လက်ခံရရှိခဲ့ပြီး ဒီအဆိုပြုချက်ကို လေ့လာနေပြီး လေ့လာပြီးသွားရင် တုံ့ပြန်မှုကို တင်ပြမှာဖြစ်တယ်” လို့ ဟားမစ် နိုင်ငံရေးဗျူရို လက်ထောက်အကြီးအကဲ ခါလီအယ်လ်ဟေယာက ပြောပါတယ်။

အမြဲတမ်းအပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ဟားမတ်စ်တွေရဲ့ ယခင်အဆိုပြုချက်တွေကို အစ္စရေးက ပယ်ချခဲ့ပါတယ်။ အီဂျစ်၊ ကာတာနဲ့ အမေရိကန်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သစ်ကို လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားခဲ့ကြသော်လည်း ယာယီသာဖြစ်ခဲ့ပြီး ဟားမတ်စ်တို့ဖမ်းဆီးသွားသော ဓါးစာခံ ၈၀ နဲ့ အစ္စရေးအကျဉ်းထောင်တွေမှာ ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်းအကျဉ်းသား ၂၄၀ ကိုလဲလှယ်ပေးနိုင်ခဲ့ပါတယ်။

Ref:CNA
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW