မန္တ​လေးနိုင်ငံရေး​လောကမှာ ဒိန်းဒေါင်လို့သိကြတဲ့ ကိုစိုးမိုးနိုင် မြင်းခြံထောင်အတွင်းကွယ်လွန်

မန္တလေး၊ စက်တင်ဘာ၊ ၁၆- ၂၀၂၆
Voice Of Myanmar
နိုင်ငံရေးအသိုင်းဝိုင်းမှာ လူသိများတဲ့ ကိုစိုးမိုးနိုင်(ခေါ်) ကိုဒိန်းဒေါင် ဟာ ဒီကနေ့ စက်တင်ဘာ ၁၆ ရက်နေ့မြင်းခြံထောင်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ကိုစိုးမိုးနိုင်(ခေါ်) ကိုဒိန်းဒေါင် ဟာ အသံမထွက်ပဲ နောက်ကွယ်ကနေ ပံပိုးကူညီခဲ့တဲ့သူတဦးဖြစ်ပါတယ်။
” နိုင်ငံရေးလှုပ်ရှားမှု ဘယ်နေရာမဆို သူမရောက်တဲ့နေရာ မရှိဘူး အောက်ခြေသိမ်းကအစ လုပ်စရာရှိတာဆိုရင် သူ သေချာလုပ်တယ်၊ နာမည်ကြီးဖို့ လုပ်တာလည်းမဟုတ်ဘူး ငွေလိုချင်လို့ လုပ်တာမဟုတ်တဲ့ အင်မတန်းရိုးရှင်းတဲ့ လုပ်ဖော်ကိုင်ဖက် တယောက်ဆုံးရှုံးရတာ အင်မတန် နှမြောမိတယ်” လို့ လုပ်ဖော်ကိုင်ဘက်တဦးက ပြောပါတယ်။
မန္တလေးနိုင်ငံရေးသမိုင်းခေတ်တွေမှာ လူအများ ချစ်ခင်လေးစားရတဲ့ ကိုစိုးမိုးနိုင်(ခေါ်) ကိုဒိန်းဒေါင်ဟာ ၈၇ ငွေစက္ကူအရေးအခင်း၊ ၈၇၊ ၈၈ ကလူငယ်၊ လူကြီးတွေရဲ့ ခေတ် ပြိုင်တွေတင်မကဘဲ ဒီကနေ့ တူသားအရွယ်၊ ကျောင်းသားသမဂ္ဂလူငယ်တွေအထိက သူ့ဆိုချစ်ကြပြီး လူမုန်းနည်းတယ်လို့ သိရကာ ကွယ်လွန်ချိန်မှာ ၆၁ နှစ်ရှိပြီဖြစ်တယ်လို့ သူ့ရဲ့ မိတ်ဆွေတွေကနေ သိရပါတယ်။

Related posts

VOM News

FREE
VIEW