ဆူးငှက် ကျောင်း၏ ဂေါစရဂဏ်လည်း ဖြစ်သည့် ရပ်ကွက်လေး ——————————————————- နန်းရှေ့က ဘုန်းကြီးကျောင်းရောက်တော့ ဆရာတော် ဆွမ်းဘုန်းပေးနေသောကြောင့် ခဏစောင့်ရသည်။ ဆွမ်းဘုန်းပေး ပြီးတာနှင့် ဆရာတော်က ကျွန်တော်တို့ကို ခေါ်တွေ့သည်။ ဆရာတော်၏ သက်တော်မှာ မကြီးလှသေး။ ဟိတ်ဟန်လည်း မရှိလှ။ ရယ်ရယ်မောမောနှင့် စကားပြောဆိုသည်။ ကျွန်တော်နှင့်ကတော့ ၁၉၉၇ ဝန်းကျင်လောက်က တစ်ကြိမ် တွေ့ဖူး သည်။ ထိုစဉ်က မန္တလေးမြို့ခံလူငယ်များဦးစီးပြီး ၃၁လမ်းနှင့် ၈၄လမ်းထောင့်က ဓမ္မသာလာတွင် စာပေဟောပြောပွဲ ကျင်းပရန် စီစဉ်သည်။ ဆရာမကြီး ခင်ဆွေဦး၊ ဆရာမောင်စွမ်းရည်၊ ဆရာခင်မောင်ညို(ဘောဂဗေဒ) နှင့် ကျွန်တော်တို့ ဖြစ်သည်။ ဟောပြောပွဲကျင်းပမည့်ည မရောက်မီ နံနက်ပိုင်းတွင် ဆရာတော်က နံနက်စာကျွေးမွေးပြီး တွေ့ဆုံကြသည်။ သို့သော်ထိုဟောပြောပွဲက ညနေစောင်းတာနှင့် ခွင့်ပြုမိန့်မရသောကြောင့် မကျင်းပဖြစ်တော့ပေ။ အခု ကျွန်တော့်ကို…
Read MoreDay: September 16, 2026
မကွေးတိုင်းအတွင်း လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုကြောင့် ၁၆ ယောက် သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရ
စက်တင်ဘာ ၁၅ – ၂၀၂၆ SN (VOM) မကွေးတိုင်းအတွင်းက မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၁၀ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်း ကျရောက်မှုတွေကြောင့် ၁၆ ယောက် သေဆုံးကာ ၁၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းတုန်းမြို့နယ်၊ ဇွန်းကျကျေးရွာမှာ စက်တင်ဘာ ၁၃ ရက်၊ ညနေ ၄ နာရီ၊ မိနစ် ၄၀ ဝန်းကျင်က စက်တပ်လေထီးနဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာမှာ ခြောက်ယောက် သေဆုံးကာ ငါးယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ “စက်တပ်လေထီး သုံးစီးလာသွားတာ။ ငါးယောက်လုံး နေရာမှာတင်သေတာပါ။ ဒီရွာမှာ လေကြောင်း တိုက်ခိုက်မှုဖြစ်တာ ဒါ ပထမဆုံးအကြိမ်ပဲ။ ရွာက ရိုးမတောင်ခြေမှာရှိတာ။ အိမ်ခြေလည်း အရမ်းနည်းတယ်” လို့…
Read Moreမန္တလေး က.ည.န ရုံးရှေ့ သိပ္ပံလမ်းမပေါ် ယာဥ်ကြောပိတ်ဆို့မှုနည်းဖို့ ချမ်းမြသာစည်လေယာဥ်ကွင်းဟောင်းမှာ ရုံးခွဲဖွင့်
မန္တလေး၊ စက်တင်ဘာ- ၁၅- ၂၀၂၆ (VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းဘေးမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န)ရှေ့မှာ ရုံးဖွင့်ချိန် သက်တမ်းတိုးဆောင်ရွက်ဖို့ စောင့်ဆိုင်းတဲ့ မော်တော်ယာဥ်တွေကြောင့် လမ်းပိတ်ဆို့မှုဖြစ််တာလျော့ပါးဖို့ ချမ်းမြသာစည်လေယာဥ်ကွင်းဟောင်းမှာ ကားသေးတွေအတွက်ဝန်ဆောင်မှုကို ဒီနေ့စတင်ဆောင်ရွက်ပေးနေပါတယ်။ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့လမ်းညွှန်ချက်နဲ့ မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မိုးသက် က လိုအပ်တာတွေ အနီး ကပ်ဆောင်ရွက်ပေးနေကြောင်း မန္တလေးတိုင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအင်ဂျင်နီယာမှူးကြီး ဦးသန့်ဇင်ဦး က ဖြေကြားခဲ့သလို အမရပူရက ယာဥ်ပိုင်ရှင် ဦးယဥ်မင်းထွန်းကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ဒီလိုဆောင်ရွက်ဖို့ အမရပူရမြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဦးဇော်အောင်ထက် က “မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းမဘေးမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န)ရုံးမှာ မော်တော်ယာဥ်သက်တမ်းတိုးခြင်းအတွက် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/…
Read More