ကျွန်တော့်မိသားစု ————————– သည်နေရာတွင် ကျွန်တော့်မိသားစုအကြောင်း ပြောပါဦးမည်။ ရှေ့တွင် အကြိမ်ကြိမ်ပြောခဲ့သလိုပါပဲ ကျွန်တော့်မိဘ ၂ပါးက ဘုတလင်မြို့၏ အရှေ့ကုန်းရိုးရှိ သဖန်းအမည်ရှိ ရွာကလေး ဇာတိဖြစ်သည်။ အဘ က ဘုန်းကြီးကျောင်း ပညာရေးပဲ တတ်ကျွမ်းသည်။ အမေ့ခမျာ စာပင် မတတ်ရှာခဲ့။ ၁၆နှစ်သား ၁၆နှစ်သမီးအရွယ် အိမ်ထောင်ကျကြပြီး မန္တလေးတက်လာကာ ခေါင်းရွက်ဗျပ်ထိုး ဈေးရောင်းစားကြရသည်။ အမေက ၁၃၀၀ပြည့်မတိုင်မီ လူမျိုးရေး အထိကရုဏ်း ကိုပင် မီလိုက်သေးသည် ဆိုတော့ ၁၂၉၀ကျော် ကာလကတည်းက မန္တလေးသို့ ရောက်လာကြပုံရသည်။ ကျွန်တော့်တွင် မွေးချင်း ၅ယောက်ရှိရာ ကျွန်တော် တစ်ယောက်တည်းသာ ယောက်ျားလေးပါပြီး အငယ်ဆုံးလည်း ဖြစ်သည်။ ကျွန်တော့်အထက်က အစ်မ ၄ယောက်တွင် အကြီးဆုံးက ရွှေကုန်သည်နှင့် အငယ်ဆုံးအစ်မက အကပညာရှင်ဖြစ်ပြီး ကျန်၂ယောက်က လက်လုပ်လက်စား အရောင်အဝယ်များဖြစ်ကာ အတန်းပညာကလည်း အလယ်တန်းအဆင့်သာ…
Read MoreDay: November 22, 2026
ဒီလပိုင်းအတွင်း ရထားနဲ့ တိုက်မိတဲ့ဖြစ်စဥ်များလာ
နိုဝင်ဘာ ၂၀ ၊ ၂၀၂၆ GG (VOM) ဒီရက်ပိုင်းအတွင်းမှာ ရထားနဲ့ကား ၊ဆိုင်ကယ် တိုက်မိလို့ အမျိုးသားတယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ သုံးယောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က နိုဝင်ဘာ ၂၀ ရက်နေ့ ၊ မနက် ၁၀ နာရီကျော်လောက်မှာ ပဲခူးမြို့နယ်၊ ရွှေလှေကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာအနီး မြို့ရှောင်လမ်း ရထားသံလမ်းကူးဂိတ်မှာ လမ်းဖြတ်ကူးမောင်းတဲ့ဘိလပ်မြေတင်လာတဲ့ ၂၂ ဘီးကားနဲ့ ရထား တိုက်မိပြီးနှစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေဟာ ကားပေါ်က ယာဥ်မောင်းအမျိုးသား နဲ့ ရထားဂိတ်စောင့် အမျိုးသားရဲ့မိခင်ဖြစ်သူတို့ ဖြစ်ပါတယ်။ ” ရထားလမ်းကူးမှာ ဂိတ်မောင်းတံရှိတယ်။ ဂိတ်စောင့်က ကုန်တင်ရထားလာလို့ လက်ပြတားပေမယ့် ကားသမားက ဖြတ်ကူးတာမှာ တိုက်မိတာ။ တကယ်ဆို ရထားလာချိန် ဂိတ်တံခါးရှိရင် ပိတ်ထားရမှာ။ ဂိတ်တံခါးမပိတ်ဘဲ လက်ပြတော့ ကားသမားကလည်း ကားတားတာလား ဘာလားမသဲကွဲပဲမောင်းတာမျိုးဖြစ်မယ်။…
Read Moreကုလသမဂ္ဂထိပ်တန်းတရားရုံးရဲ့ “အရေးပါတဲ့” အခန်းကဏ္ဍကို ဥရောပသမဂ္ဂ (EU) က ချီးကျူးနေချိန်မှာ မြန်မာ့လူမျိုးတုံးသတ်ဖြတ်မှု ဆုံးဖြတ်ချက်အပေါ် အမေရိကန်က သတိထား တုံ့ပြန်
MT(VOM) မြန်မာနိုင်ငံဟာ ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကမ္ဘာ့အမြင့်ဆုံးတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စုက သတိကြီးကြီးထား ကြိုဆိုတုံ့ပြန်ခဲ့ပြီး တရုတ်နိုင်ငံကတော့ တရားစီရင်ရေးဆိုင်ရာ ဘောင်ကျော်လုပ်ဆောင်မှုတွေ ရှိနေတယ်ဆိုပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကြာသပတေးနေ့က ထွက်ပေါ်လာတဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်အပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေကို ကြည့်ခြင်းအားဖြင့် ဒီတရားရုံးနဲ့ အလားတူ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍအပေါ် နိုင်ငံတကာကြားမှာ သဘောထားကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေတာကို မီးမောင်းထိုးပြနေပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) အနေနဲ့ အရင်တုန်းက ဘယ်နိုင်ငံကိုမှ လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိကြောင်း တစ်ခါမှ မဆုံးဖြတ်ခဲ့ဖူးပါဘူး။ ဒီဆုံးဖြတ်ချက်ဟာ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်တွေ၊ အထူးသဖြင့် အစ္စရေးအပေါ် စွဲဆိုထားတဲ့ အမှုအတွက် စံနမူနာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဥရောပသမဂ္ဂ (EU) က ICJ ရဲ့ ဆုံးဖြတ်ချက်ကို “သမိုင်းမှတ်တိုင်တစ်ခု”…
Read Moreတောင်ကြီးတန်ဆောင်တိုင်ပွဲမှာ လူကြပ်လို့ တညတည်း လူ ၇၀ နီးပါးမူးမေ့လဲခဲ့ပြီး ခိုက်ရန်ဖြစ်ပွားမှုတွေလည်းရှိခဲ့
နိုဝင်ဘာ ၂၂ ၊ ၂၀၂၆ GG (VOM) တောင်ကြီးတိုင်တန်ဆောင်တိုင်ပွဲတော်မှာ ညက လူများပြီး လူကြပ်လို့ ပွဲတော်လာသူတွေထဲ သတိလစ်မူးမေ့လဲသူ ၇၀ နီးပါးအထိ ရှိခဲ့သလို ခိုက်ရန်ဖြစ်ပွားမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ မူးမေ့လဲသူတွေထဲကမှ လေးယောက်ကို ဆေးရုံကို ပို့ဆောင်ကုသခဲ့ရပြီး ကျန်သူတွေကိုတော့ ပွဲတော်အတွင်းဖွင့်ထားတဲ့ ကျန်းမာရေးဆေးပေးခန်းက တာဝန်ကျ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကြက်ခြေနီအဖွဲ့က ကုသမှုပေးခဲ့ပါတယ်။ အလားတူ ခိုက်ရန်ဖြစ်ပွားသူတွေကိုလည်း အဲဒီဆေးပေးခန်းမှာပဲ ဆေးကုသမှုပေးခဲ့ကြောင်း ပွဲတော်ကျင်းပတဲ့ ၁၆ ရက်နေ့ကစပြီး နိုဝင်ဘာ ၂၁ ရက်နေ့ညအထိ နေ့စဥ်နီးပါး မူးမေ့ လဲသူနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေရှိတယ်လို့ ဒေသခံကဆိုပါတယ်။ ” ညက လူတော်တော်ကိုပိုများတယ်ထင်ရတယ်။ ဝေဂမီး ကနာမည်ကြီးတော့ လာကြည့်ကြတာ။ ရှမ်းတောင်တခွင်က လူတင်အများကြီးကို ခရီးသွားဧည့်သည်တွေနဲ့ဆိုတော့ လူတွေကြပ်၊ လမ်းတွေပိတ်ပေါ့။လူတွေကကြပ်တာမှ တိုးကိုမရတာဆိုတော့ စတိတ်ရှိုးအသံတွေ နဲ့လူကကြပ် ရှေ့တိုးမရနောက်ဆုတ်မရ အသက်ရှူမရနဲ့…
Read More