ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားပေးရေး အခြားနိုင်ငံတွေ ၀င်မပါသင့်ဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဆို

စင်ကာပူ၊ ဖေဖော်ဝါရီ-၁၄-၂၀၁၉

မျိုးဆက် (VOM)

ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်ပေးဖို့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆွေးနွေးမှာမဟုတ်သလို ဒီကိစ္စအပေါ် အခြားနိုင်ငံတွေ ၀င်မပါသင့်ဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယံဘာလာခရစ်ရှန်းက ဖေဖော်ဝါရီ ၁၃ ရက်က ပါလီမန်မှာ ပြောဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေကို နိုင်ငံသားပေးရေးကိစ္စကို အာဆီယံအဖွဲ့မှာ နက်နက်ရှိုင်းရှိုင်းဆွေးနွေးနိုင်မလားဆိုပြီး လွှတ်တော်အမတ်တစ်ဦးဖြစ်သူ လူးဝစ်နိုင်းရဲ့ မေးမြန်းမှုအပေါ် နိုင်ငံသားပေးဖို့ မြန်မာနိုင်ငံနဲ့ ဆွေးနွေးနိုင်မလားဆိုရင် အဖြေကရိုးရိုးလေးပါ နိုးပါဘဲလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

နိုင်ငံသားဖြစ်ခွင့်ရှိမရှိဆိုတာက  နိုင်ငံရေး အခြေခံလုပ်ပိုင်ခွင့်တစ်ရပ်ဖြစ်ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာရဲ့ ဗဟိုချက်မဖြစ်ပါတယ်။ ဒီကိစ္စအပေါ် အခြားနိုင်ငံတွေက ပါဝင်ပတ်သက်စရာအကြောင်းမရှိဘူးလို့ ဒေါက်တာ ဗီဗီယံဘာလာခရစ်ရှန်းက ပြောပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေပြန်လည်လက်ခံရေး စတင်ဖို့ နောက်ဆုံးအချိန်ကို စင်ကာပူ သို့မဟုတ် အာဆီယံအနေနဲ့ ချမှတ်ဖိုလည်း မဖြစ်နိုင်ဘူးလို့လည်း ၎င်းကဆိုပါတယ်။ ဒါပေမယ့် ဒေသတွင်းအဖွဲ့တွေအနေနဲ့ ကျန်းမာရေး၊ ပညာရေး တွေအတွက် ထောက်ပံ့ကူညီသွားမှာဖြစ်သလို ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးရေးတွေကို မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံ ပြန်ပို့ရေးလုပ်ငန်းကို လွန်ခဲ့တဲ့နှစ် နိုဝင်ဘာမှာ စတင်ခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်းမရှိပါဘူး။ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီနဲ့ အကူအညီပေးရေးအဖွဲ့တွေအပါအ၀င် ရိုဟင်ဂျာတွေက ရခိုင်ပြည်နယ်ဟာ ၎င်းတို့အတွက် လုံခြုံစိတ်ချရတဲ့ အခြေအနေမရှိကြောင်းနဲ့ နိုင်ငံသားဖြစ်ခွင့်ရရေး အာမခံဖို့ တောင်းဆိုခဲ့ကြပါတယ်။

Ref: The Daily Star

Photo: SG.Gov

 

Related posts

Leave a Comment

VOM News

FREE
VIEW