ဆက်သွယ်ရေးပုဒ်မနဲ့ တရာစွဲခံရတဲ့ ဦး​သောဘိတအမှု တရားလိုတပ်​မ​တော်​အရာရှိ  လာ​ရောက်​စစ်​​ဆေးခံ

မန္တ​လေး၊ ​ဖေ​ဖေါ်ဝါရီ ၂၈-၂၀၁၉ ဟိန်းကို(VOM)   လူမှုကွန်​ယက်​​ပေါ်မှာ တပ်​မ​တော်​ကို ဂုဏ်​သိက္ခာကျဆင်း​​အောင်​​ရေးသားတဲ့ ​ဘဝအလင်း​ဆရာ​တော်​ ဦး​သောဘိတ(အလင်္ကာကြယ်​)ကို  ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက တရားလိုလုပ်​ပြီး ဆက်​သွယ်​​ရေးဥပ​ဒေပုဒ်​မ ၆၆(ဃ) နဲ့ တရားစွဲဆိုထားတဲ့အမှုကို ဒီက​နေ့နံနက်​ပိုင်းက အမှုကို စတင်​စစ်​​ဆေးခဲ့တာမှာ တရားလိုကို စတင်စစ်ဆေးခဲ့ပါတယ်။     #voiceofmyanmar#ဘဝအလင်း#အလင်္ကာကြယ်#ဦးသောဘိတ

Read More

အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ သဘောတူချက်မရဘဲ ပြီးဆုံး

ဟနွိုင်း၊ ဖေဖော်ဝါရီ-၂၈ မျိုးဆက်( VOM)   အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီယားခေါင်းဆောင် ကင်ဂျုံအန်တို့ရဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ နှစ်ရက်ကြာကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ၎င်းတို့ နှစ်ဦးအကြား သဘောတူညီချက်တစ်စုံတစ်ရာ မရရှိဘဲ ပြီးဆုံးသွားတယ်လို့ အိမ်ဖြူတော်က ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်ပါတယ်။   ဒေါ်နယ်ထရန့်နဲ့ ကင်ဂျုံအန်တို့ဟာ အလွန်ကောင်းမွန်တဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အိမ်ဖြူတော်ရဲ့ သတင်းမီဒီယာဆိုင်ရာတာဝန်ခံ ဆာရာဆန်ဒါက ကြေညာချက်မှာ ပြောဆိုပါတယ်။   နျူကလီးယားစွန့်လွှတ်ရေးနဲ့ စီးပွားရေးတိုးတက်ရေး တိုးတက်ရေးတွေနဲ့ပတ်သက်ပြီး နည်းလမ်းများစွာကို ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့ကြပြီး ယခုအကြိမ်ဆွေးနွေးမှုမှာတော့  သဘောတူညီချက်မရရှိခဲ့ဘူးလို့ ၎င်းကပြောပါတယ်။ ဒါပေမယ့် ၎င်းတို့ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေက နောက်ထပ်ဆွေးနွေးပွဲတွေ အတွက် ဆက်လက်လုပ်ဆောင်မှာဖြစ်တယ်လို့ ဆာရာဆန်ဒါကဆိုပါတယ်။   ထရန့်နဲ့  ကင်ဂျုံအန်တို့ဟာ နံနက်ပိုင်းတံခါးပိတ်အစည်းအဝေးပြီးနောက် သဘောတူညီချက်တစ်စုံတစ်ရာကို လူသိရှင်ကြား လက်မှတ်ရေးထိုးခြင်းမရှိဘဲ ဒေသစံတော်ချိန်နေ့လည်…

Read More

သက်တမ်းကုန်နေတဲ့ ဦးရွှေမန်းကော်မရှင် သက်တမ်းတိုးမပေးတော့

နေပြည်တော် ဖေဖေါ်ဝါရီ ၂၈-၂၀၁၉ မြတ်မင်းခန့် (VOM) သူရဦးရွှေမန်း ဦးဆောင်နေတဲ့ “ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်” သက်တမ်းတိုးရေး ကိစ္စကို ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၈ရက် မနက်ပိုင်းက ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်ပြရာ၊ မဲခွဲ ဆုံးဖြတ်ပြီး ပယ်ချ လိုက်ပါတယ်။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်တာမှာ မဲပေးခွင့်ရှိသူ ၆၀၈ ယောက်ရှိတဲ့အနက် ထောက်ခံမဲ ၂၀ ၊ ကန့်ကွက်မဲ ၅၅၅ ၊ ကြားနေ ၁၀ မဲ နဲ့ ပယ်ချလိုက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကန့်ကွက်မဲများလို့ ကော်မရှင်ကို မကြာခင် ဖျက်သိမ်းရတော့မှာ ဖြစ်ပါတယ်။ #voiceofmyanmar#ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်#သူရရွှေမန်း#ပြည်ထောင်စုလွှတ်တော်#နေပြည်တော်  

Read More

စစ်ကိုင်းတိုင်းအတွင်းက စိုက်ပျိုးစရိတ်ချေးငွေကြွေးကျန် ၇ ဘီလီယံကျော်ကို မတ်လကုန်အတွင်းအပြီးတောင်းမည်

မုံရွာ ဖေဖေါ်ဝါရီ၂၈-၂၀၁၉ ဗျဂ္ဃ(VOM) ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွေကနေ ထုတ်ချေးပေးခဲ့တဲ့ ချေးငွေတွေထဲက ကျန်ရှိနေသေးတဲ့ ကြွေးကျန် ၇.၁ ဘီလီယံကျော်ကို လာမယ့် မတ်လအကုန်မှာ အပြီးရရှိအောင် တောင်းသွားမယ်လို့ စစ်ကိုင်းတိုင်းမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တာဝန်ရှိသူက ပြောပါတယ်။   စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၂၂ မြို့နယ်က တောင်သူပေါင်း ၁၂၈၆၇ ထံကနေ မိုး၊ ဆောင်း၊ မိုးကြိုသီးနှံတွေအတွက် ထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေ ပြန်လည်ရရှိဖို့ လိုအပ်နေတာပါ။ စိုက်ပျိုးစရိတ်ချေးငွေ အချိန်ပြည့်ကြွေးကျန် ပြန်ရရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ကတည်းက အစီအမံတွေရေးဆွဲကာ လုပ်ဆောင်နေတာလို့သိရပါတယ်။   စစ်ကိုင်းတိုင်းမှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲပေါင်း ၃၂ ခုရှိပါတယ်။ ပြန်မဆပ်တဲ့ တောင်သူတွေကို အပိုင်း ၄ပိုင်းဖြစ်တဲ့ ကြွေးကျန်သူက ပုံစံ ၇ ရရှိပြီးသူ ဟုတ်မဟုတ်၊ ပုံစံ ၇…

Read More

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကားနှစ်စီးတိုက်ခိုက်ခံရ

ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၈-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာနဲ့ကြံခင်းကျေးရွာအကြား ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမ ကျောက်တော်-ပုဏ္ဏားကျွန်းလမ်းပိုင်းအတွင်းမှာ မနေ့က ညနေ ၈ နာရီဝန်းကျင်လောက်မှာ ကားနှစ်စီးတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။   အဲ့ဒီကားနှစ်စီးမှာ ရဲတပ်ဖွဲ့ရဲ့ ရှေ့ပြေးကားတစ်စီးနဲ့ နောက်တစ်စီးမှာ အဖြူရောင်ဆလွန်းကားတစ်စီးဖြစ်ကြပြီးတော့ တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးမှာဒါဏ်ရာရရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။   “မနေ့က ညနေ ၇ နာရီကျော် ၈ နာရီလောက်မှာဖြစ်တာလို့သိရပါတယ်။ ကားကတော့နှစ်စီးလမ်းဘေးမှာရောက်နေတယ်။ ရဲတပ်ဖွဲ့ဝင်နှစ်ယောက် ကားထဲမှာသေဆုံးနေတယ်လို့ သိရပါတယ်။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။   ဖြစ်စဉ်မှာ မနေ့ ၂၇ ရက်နေ့ညနေ ၇ နာရီ ၄၅ မိနစ်ခန့်မှာ ပန်းနီလာနဲ့ ကြံခင်းကျေးရွာအကြား ပေါက်ကွဲမှုနှစ်ခု ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မိနစ်နှစ်ဆယ်နီးပါးခန့်အကြာ လက်နက်ငယ်တွေနဲ့ပစ်ခတ်သံတွေလည်း ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။   “ဖြစ်စဉ်နဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ကစစ်ဆေးမှုတွေဆောင်ရွက်နေပြီး…

Read More

လူ ၂၅ ဦးသေဆုံးခဲ့တဲ့ ရထားမတော်တဆမှုကြောင့် အီဂျစ်ပို့ဆောင်ရေးဝန်ကြီး ရာထူးမှနှုတ်ထွက်

ကိုင်ရို၊ ဖေဖော်ဝါရီ-၂၈-၂၀၁၉ မျိုးဆက် (VOM)   အီဂျစ်နိုင်ငံ ကိုရိုရှိ ရထားဘူတာရုံတစ်ခုမှာ ဖေဖော်ဝါရီ ၂၇ ရက်က ဖြစ်ပွားခဲ့ ရထားမတော်တဆမှုကြောင့် လူ ၂၅ ဦးထက်မနည်းသေဆုံးတဲ့ ဖြစ်စဉ်ဖြစ်ပွားပြီး နာရီအနည်းငယ်အကြာမှာ အီဂျစ်ပို့ဆောင်ရေးဝန်ကြီး ဟီရှန်အာရာဖတ် ရာထူးကနေနှုတ်ထွက်လိုက်ပါတယ်။   ရထားဟာ ကိုင်ရိုမြို့အလယ်ပိုင်းရှိ ရမ်ဆီဘူတာရုံရှိတဲ့ အတားအဆီး ကြားခံတစ်ခုကို တိုက်မိပြီး ရထားဆီတိုင်ကီပေါက်ကွဲပြီးတော့ ရထားစင်္ကြန်နဲ့ အနီးရှိအဆောက်အဦတွေကို မီးကူစက်လောင်ကျွမ်းခဲ့ပါတယ်။   ဒီမတော်တဆမှုကြောင့် လူ ၂၅ ဦးထက်မနည်းသေဆုံးခဲ့ရသလို လူပေါင်း ၄၀ ကျော်ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပြီး ရထားမတော်တဆဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။   ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပေါ့ပေါ့ဆဆ လုပ်ဆောင်ခဲ့တဲ့ ဘယ်သူကိုမဆို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့  အခင်းဖြစ်ပွားရာသို့ လာရောက်စဉ်အတွင်း အီဂျစ် ၀န်ကြီးချုပ် မိုစတာဖာမက်ဘူလီက ကတိပြုပြောဆိုပါတယ်။   ရထားဟာ…

Read More

သက်တမ်းကုန်နေတဲ့ ဦးရွှေမန်းကော်မရှင် သက်တမ်းတိုးမပေးတော့

ဖေဖေါ်ဝါရီ ၂၈-၂၀၁၉ နေလင်း (VOM)   သူရဦးရွှေမန်း ဦးဆောင်နေတဲ့  “ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်” သက်တမ်းတိုးရေး ကိစ္စကို ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၈ရက် မနက်ပိုင်းက ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတင်ပြရာ၊ မဲခွဲဆုံးဖြတ်ပြီး ပယ်ချလိုက်ပါတယ်။   ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်တာမှာ  မဲပေးခွင့်ရှိသူ ၆၀၈ ယောက်ရှိတဲ့အနက်  ထောက်ခံမဲ ၂၀ ၊ ကန့်ကွက်မဲ ၅၅၅ ၊ ကြားနေ ၁၀ မဲ နဲ့ ပယ်ချလိုက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကန့်ကွက်မဲများလို့ ကော်မရှင်ကို  ဖျက်သိမ်းရတော့မှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းက ခုလိုဝေဖန် သုံးသပ်ပါတယ်။ “ကန့်ကွက်မဲအများစုနဲ့ဆုံးဖြတ်လိုက်တာက သိပ်ထူးခြားတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ရက်ပိုင်းအတွင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ပါတီသစ်ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ခွင့်ပြုတော့မယ်လို့ထင်မိပါတယ်။ဒီနေ့တောင် ဖြစ်မလား…

Read More

ကျောက်ဆည်မှာ မိလ္လာကျင်းဆင်းဆယ်သူ (၅) ဦးအောက်ဆီဂျင်ပြတ်သေဆုံး

ကျောက်ဆည်။ဖေဖော်ဝါရီ ၂၈-၂၀၁၉ မောင်တာရာ (VOM)   မန္တလေးတိုင်း၊ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက် မြို့ပတ်လမ်းရှိ နေအိမ်တစ်အိမ်မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညပိုင်းအချိန်က မိလ္လာကျင်းဆင်းဆယ်ရာမှ လူ (၅) ဦးအောက်စီဂျင်ပြတ်သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။   ကြက်မင်းတွန်ရပ်ကွက် မြို့ပတ်လမ်းရှိ ဦးသိန်းထွန်းဦးရဲ့ နေအိမ်ရှိ မိလ္လာကျင်းထဲက အနယ်အနှစ်များ ဆယ်ယူကြတဲ့ မောင်မောင် ၊ကိုနီ၊  အငယ်ကောင် (ခ) ကုလားလေး ၊အေးချမ်း နဲ့ ဒီမို ဆိုသူ တို့ (၅) ဦးစလုံးမှာ အိမ်သာကျင်းအတွင်း အောက်စီဂျင်ပြတ်ပြီး သေဆုံးခြင်းဖြစ်ပါတယ်။   ”အစကတော့ တစ်ယောက်ပဲ အရင်ဆင်းတာ၊ အဲမှာ သူက မူးတယ် မူးတယ် လို့အော်လို့ တစ်ယောက်ပြီး တစ်ယောက်ဆင်းရင်းကနေ အထဲမှာက မီသိန်းဓာတ်ငွေ့က ထွက်နေတော့ အောက်စီဂျင်မရဖြစ်သွားတယ်၊ အကုန်အောက်စီဂျင်ပြတ်သေကုန်တာ၊ ” ဟု ကြက်မင်းတွန်ရပ်ကွက် အုပ်ချုပ်ရေးမှူး…

Read More

စစ်ကိုင်းတိုင်းမှာ ဖေဖေါ်ဝါရီလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့်  နေအိမ်ရာကျော်ပျက်စီးပြီး လူနှစ်ဦးသေဆုံး

မုံရွာဖေဖော်ဝါရီ ၂၈ -၂၀၁၉ မောင်တာရာ (VOM) စစ်ကိုင်းတိုင်းမှာ ဖေဖော်ဝါရီလအတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့်  နေအိမ် ၁၆၁ လုံး ပျက်စီးခဲ့ပြီး လူနှစ်ဦး မိုးကြိုးထိမှန်သေဆုံးကာ လူသုံးဦး ထိရောက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။   စစ်ကိုင်းတိုင်းအတွင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ကနေ   ဖေဖော်ဝါရီ ၂၅ ရက်အတွင်း တိုက်ခတ်ခဲ့တဲ့  မိုးသက်လေပြင်းဒဏ်ကြောင့်  ဒီပဲယင်းမြို့နယ်မှာ နေအိမ် ၁၀၀ အမိုးလန်ကာ နေအိမ် တစ်လုံး ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ပြီး ကောလင်းမြို့နယ်မှာ နေအိမ် ၂၄ လုံးအမိုးလန် ပျက်စီးခဲ့ပါတယ်။   ဝက်လက်မြို့နယ်မှာ နေအိမ် ၂၂ လုံး အမိုးလန်ကာ နေအိမ်ရှစ်လုံး ပြိုကျပျက်စီးခဲ့ပြီး အင်းတော်မြို့နယ်မှာ နေအိမ် ငါးလုံး အမိုးလန်ကာ နေအိမ် တစ်လုံး ပြိုကျ…

Read More

ဧရာဝတီမြစ်ရေရှည် တည့်တံ့ဖို့ စက်ဘီးစီးပြီး ဆန္ဒပြု

မြစ်ကြီးနား၊ ဖေဖော်ဝါရီ၂၈-၂၀၁၉ မရန်ဂျာထွယ်အောင် ( VOM)   NATURE BIKER စက်ဘီးစီးလူငယ်(၃)ဦးဟာ  ဧရာဝတီမြစ်ရေရှည် တည့်တံ့ဖိုအတွက် မြစ်ကြီးနား မြစ်ဆုံကို မိုးညှင်းမြို့ကနေ စက်ဘီးစီးပြီးဆန္ဒပြု  စီးနင်းနေကြတာပါ။   NATURE BIKER စက်ဘီးစီးလူငယ်(၃)ဦးဟာ  ဖေဖော်ဝါရီ(၂၇)ရက်နေ့ နံနက်(၆) နာရီက SAVE THE AYARWADDY-အင်္ကျီတီရှပ်အလံငယ်တွေ တပ်ဆင်ကာ မိုးညှင်းမြို့ကနေ  မြစ်ကြီးနားမြို့ရှိ မြစ်ဆုံကို စတင်စီးနင်းခဲ့ပြီး မြစ်ကြီးနားမြို့မှာ ညအိပ်ကာ ဒီမနက် မြစ်ကြီးနား မြစ်ဆုံ စီနင်းတာဖြစ်ပါတယ်။   ” ဧရာဝတီကိုချစ်လို့ အမိမြေဧရာဝတီ တခုခုဖြစ်သွားမှာစိုးလို့ သဘာဝပတ်ဝန်းကျင်တခုခုဖြစ်မှာစိုးလို့ ဆန္ဒပြုစီးလာတဲ့ခရီးစဉ်ဖြစ်ပါတယ်”လို့  စက်ဘီးစီးအဖွဲ့ဝင် ကိုဘိုဘိုလှမြင့်ကပြောပါတယ်။   ကိုဇော်ထက်၊ ကိုကျော်ဇင်ဦး၊ ဘိုဘိုလှမြင့် တို့ဟာ မိုးညှင်း- မြစ်ကြီးနား -မြစ်ဆုံ  မိုင်ပေါင်း၁၀၀ကျော် အကွာအဝေးကိုစက်ဘီးစီးကာ မြစ်ကြီးနားမြို့အရောက်မှာတော့ တခြားစက်ဘီးစီးနင်းတဲ့ ဝါသနာရှင်တွေကလည်း လိုက်ပါစီးနင်းခဲ့ပါတယ်။…

Read More
VOM News

FREE
VIEW