စစ်ကိုင်းတိုင်းမှာ ဖေဖေါ်ဝါရီလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့်  နေအိမ်ရာကျော်ပျက်စီးပြီး လူနှစ်ဦးသေဆုံး

မုံရွာဖေဖော်ဝါရီ ၂၈ -၂၀၁၉

မောင်တာရာ (VOM)

စစ်ကိုင်းတိုင်းမှာ ဖေဖော်ဝါရီလအတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့်  နေအိမ် ၁၆၁ လုံး ပျက်စီးခဲ့ပြီး လူနှစ်ဦး မိုးကြိုးထိမှန်သေဆုံးကာ လူသုံးဦး ထိရောက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။

 

စစ်ကိုင်းတိုင်းအတွင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ကနေ   ဖေဖော်ဝါရီ ၂၅ ရက်အတွင်း တိုက်ခတ်ခဲ့တဲ့  မိုးသက်လေပြင်းဒဏ်ကြောင့်  ဒီပဲယင်းမြို့နယ်မှာ နေအိမ် ၁၀၀ အမိုးလန်ကာ နေအိမ် တစ်လုံး ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ပြီး ကောလင်းမြို့နယ်မှာ နေအိမ် ၂၄ လုံးအမိုးလန် ပျက်စီးခဲ့ပါတယ်။

 

ဝက်လက်မြို့နယ်မှာ နေအိမ် ၂၂ လုံး အမိုးလန်ကာ နေအိမ်ရှစ်လုံး ပြိုကျပျက်စီးခဲ့ပြီး အင်းတော်မြို့နယ်မှာ နေအိမ် ငါးလုံး အမိုးလန်ကာ နေအိမ် တစ်လုံး ပြိုကျ ပျက်စီးခဲ့ကြောင်း စစ်ကိုင်းတိုင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့် က ပြောပါတယ်။

 

ဒါအပြင် မင်းကင်းမြို့နယ် နဲ့ အင်းတော်မြို့နယ်တို့မှာ မိုးကြိုးထိမှန် သေဆုံးသူ နှစ်ဦးရှိခဲ့ပြီး လေပြင်းတိုက်ခတ်တဲ့အတွက် သစ်ပင်တွေ ပြိုလဲကျမှုကြောင့် ဒီပဲယင်းမြို့နယ်မှာ ထိခိုက် ဒဏ်ရာရရှိသူတစ်ဦး၊ အင်းတော်မြို့နယ်မှာ ထိခိုက် ဒဏ်ရာရရှိသူနှစ်ဦး စုစုပေါင်း သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်း က ဆက်ပြောပါတယ်။

 

သေဆုံးသွားတဲ့ သူ တွေနဲ့ ဒဏ်ရာရရှိတဲ့ သူတွေတွက်ကို ထောက်ပံငွေအဖြစ် သေဆုံးသူ တစ်ဦးကို ကျပ်သုံးသိန်းနှုန်း ထောက်ပံပေးခဲ့ပြီး ဒဏ်ရာရရှိသူတွေကိုတော့ တစ်ဦး ကျပ် ၅ သောင်း ထောက်ပံပေးခဲ့ပါတယ်။

 

လေပြင်းတိုက်ခတ်မှုကြောင့်  ပြိုကျပျက်စီးသွားတဲ့ နေအိမ်တွေကိုတော့ ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုးအပါအဝင်  ကျပ်တစ်သိန်းထောက်ပံ ပေးခဲ့ပြီး ပျက်စီးသွားတဲ့ နေအိမ်တွေကိုတော့ အိမ်အမျိုးအစားကြည့်ပြီး ငွေကြေး နဲ့ ကယ်ဆယ်ရေးပစ္စည်းငါးမျိုးကို ထောက်ပံပေးခဲ့တယ်လို့ စစ်ကိုင်းတိုင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့် က ပြောပါတယ်။

 

#voiceofmyanmar#စစ်ကိုင်းတိုင်း#လေပြင်းတိုက်

 

Related posts

Leave a Comment

VOM News

FREE
VIEW