နေပြည်တော်၊ အောက်တိုဘာ- ၁၇- ၂၀၂၆
SA(VOM)
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို တက်ရောက်လာတဲ့ထဲက တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်တို့ သီးခြားတွေ့ဆုံခဲဲဲ့ပြီး သူတာဝန်ယူထားတဲ့အချိန်မှာ ငြိမ်းချမ်းရေးရအောင် အပြီးပြတ်ပးလုပ်မှာဖြစ်တာကြောင့် တိုင်းရင်းသားတွေအနေနဲ့ ဝိုင်းဝန်းကူညီဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
နိုင်ငံတော် သမ္မတ နဲ့ သီးခြားတွေ့ဆုံခဲ့တဲ့ မွန်ပြည်ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးကို VOM အယ်ဒီတာချုပ် ဦးနေလင်း က တွေ့ဆုံမေးမြန်းထားပါတယ်။
