နေပြည်တော်၊ အောက်တိုဘာ- ၁၆- ၂၀၂၆ SA(VOM) ပြည်တွင်းစစ်ကြီး သံသရာရှည်နေရင် လူထုကနစ်နာလို့ နိုင်ငံ ရေးနည်းနဲ့ ဘယ်လိုဖြေရှင်းကြမယ်ဆိုတာ အာရုံပြုစေချင်တယ် အဲ့ဒါကြောင့် ဆွေးနွေးအဖြေရှာပြီး လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းဖို့ ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က အခုလို တိုက်တွန်းပြောကြားခဲ့ပါတယ်။
Read MoreDay: October 19, 2026
အညာ PDF တွေအတွက် ငြိမ်းချမ်းရေးလမ်းပွင့်ပြီလား
နေပြည်တော်၊ အောက်တိုဘာ- ၁၆- ၂၀၂၆ SA(VOM) ပြည်သူ့ပါတီက အလုံမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခိုင်ဦးက အညာဒေသမှာ PDF အမည်ခံ လက်နက်ကိုင်တွေကို အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်နိုင်မလား၊ ဘယ်လိုပုံစံနဲ့ ငြိမ်းချမ်းရေးလုပ်မလဲဆိုတာတွေကို အလုပ်ရုံဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ပါတယ်၊ ဒီဆွေးနွေးချက်နဲ့ ပတ်သက်ပြီး ဦးအောင်ခိုင်ဦး ကို VOM အယ်ဒီ တာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
Read MoreNCA လတ်မှတ်ထိုးထားတဲ့ ခေါင်းဆောင်တွေနဲ့ နိုင်ငံတော် သမ္မတ သီးခြားတွေ့ဆုံပွဲကနေ ဘာရလဒ်ထွက်သလဲ
နေပြည်တော်၊ အောက်တိုဘာ- ၁၇- ၂၀၂၆ SA(VOM) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို တက်ရောက်လာတဲ့ထဲက တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်တို့ သီးခြားတွေ့ဆုံခဲဲဲ့ပြီး သူတာဝန်ယူထားတဲ့အချိန်မှာ ငြိမ်းချမ်းရေးရအောင် အပြီးပြတ်ပးလုပ်မှာဖြစ်တာကြောင့် တိုင်းရင်းသားတွေအနေနဲ့ ဝိုင်းဝန်းကူညီဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ နိုင်ငံတော် သမ္မတ နဲ့ သီးခြားတွေ့ဆုံခဲ့တဲ့ မွန်ပြည်ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးကို VOM အယ်ဒီတာချုပ် ဦးနေလင်း က တွေ့ဆုံမေးမြန်းထားပါတယ်။
Read Moreရေစကြိုမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ၁၂ ယောက်သေပြီး ဒဏ်ရာရသူများပြား
အောက်တိုဘာ ၁၇ ၊ ၂၀၂၆ GG (VOM) မကွေးတိုင်း ၊ ရေစကြိုမြို့နယ် မြောက်ဘက်က ကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁၂ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ အောက်တိုဘာ ၁၆ ရက်နေ့၊ နေ့လယ် ၂ နာရီလောက်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး သစ်ကြီးတောနဲ့ ပိတ်သင်းကပ်ရွာတွေဘက်မှာ တိုက်ခိုက် ခံခဲ့ရတာလို့သိရပါတယ် ။ ” လောလောဆယ်သိရသလောက် သေဆုံး ၁၂ ယောက်ဆုံးတယ်။ ထိခိုက်ဒဏ်ရာ ရသူလည်းများတယ်သိရပေမယ့် အတိကျကို အတည်မပြုနိုင်သေး ဘူး။ ” လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ လက်ရှိမှာတော့ အဲဒီသစ်ကြီးတောရွာ ၊ ပိတ်သင်းကပ်ရွာအပါအဝင်အနီးရှိကျေးရွာတွေက ဒေသခံတွေ ရွာလုံးကျွတ်နီးပါး စစ်ရှောင်နေကြတယ်လို့ သိရပါတယ်။ မကွေးတိုင်းထဲက မြိုုင်မြို့နယ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး မြေပြင်စစ်ကြောင်း ၊ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ရှိကာ သေဆုံး ဒဏ်ရာရရာသူတွေရှိသလို စစ်ရှောင်နေရသူ…
Read Moreသိန္နီမှာ MNDAA တပ်ဖွဲ့က ကားလိုင်စင်နဲ့ အခွန် စာရွက် လုပ်မထားတဲ့ကားတွေကို အဆ ရာချီ ဒဏ်ရိုက်
အောက်တိုဘာ ၁၇၊ ၂၀၂၆ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ရာ သိန္နီမှာ အခုရက်ပိုင်းအတွင်း MNDAA တပ်ဖွဲ့က ကားလိုင်စင်နဲ့ အခွန် စာရွက်တွေကို စစ်ဆေးရေးတင်းကြပ်ပြီး လုပ်မထားတဲ့ကားတွေကို အဆ ရာချီ ဒဏ်ရိုက်နေကြောင်း ယာဉ်မောင်းတွေဆီက သိရပါတယ်။ “ခါတိုင်း ကတ် အဖြူ ခရီးသည်တင်ယာဉ် အဝင်/ အထွက် လက်မှတ် သိပ်မစစ်ဘူး။ ဒီရက်ပိုင်း အရမ်း စစ်တယ်။ မလုပ်ထားရင် ၁၀ သိန်း ဒဏ်ရိုက်တယ်” လို့ ဒဏ်ရိုက်ခံရတဲ့ ယာဉ်မောင်း တယောက်ကပြောပါတယ်။ အဲဒီ ကတ်အဖြူက နေ့တိုင်း ပြုလုပ်ရတာဖြစ်ပြီး သွားရောက်ပြုလုပ်ပါက ကျပ် တစ်သောင်း သာ ကျပေမယ့် လုပ်မထားပါက အဆ တရာ၊ ကျပ် ၁၀ သိန်း ဒဏ်ရိုက်တယ်လို့ သူက ပြောပါတယ်။ ကားတွေ…
Read Moreမိုးကုတ် နဲ့ မိုးမိတ် ဒေသက TNLA တပ်ဖွဲ့ ဝင်တချို့ အစိုးရတပ်နဲ့ ပူးပေါင်း
အောက်တိုဘာ ၁၇၊ ၂၀၂၆ Shy V (VOM) မိုးကုတ် နဲ့ မိုးမိတ် ဒေသက TNLA တပ်ဖွဲ့ ဝင်တချို့ အောက်တိုဘာလ ၁၃ ရက်ဝန်းကျင်က အစိုးရတပ်နဲ့ ပူးပေါင်းသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မိုးကုတ်၊ မိုးမိတ် ဒေသက TNLA တပ်ဖွဲ့ဝင် လီဆူ အဖွဲ့တွေ အရင်နေ့ အောက်တိုဘာ ၁၃ ရက်နေ့လောက်က စစ်တပ်နဲ့ သွားရောက် ပူးပေါင်းသွားတယ်။ ၅၄ ယောက်။ မိုးကုတ်ကို သွားပြီး ပူးပေါင်းတာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ အဲဒီ အစိုးရ တပ်နဲ့ သွားရောက်ပူးပေါင်းဖို့ ဦးဆောင်တဲ့ ဦးဂူဆီး ဆိုသူက အရင်ကလည်း ရဲ ဝန်ထမ်း လုပ်ဖူးတာဖြစ်ပြီး မိုးကုတ်ကို TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့…
Read Moreနာဂနယ်မြေက ဗုဒ္ဓဆင်းတုတော်တွေကို ဖျက်ဆီးသူတွေကြောင့် ခဏတိုင်းပြုပြင်နေရ
အောက်တိုဘာ ၁၈-၂၀၂၆ KG(VOM) စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှာရှိတဲ့ ဘုရားဆင်းတုတော်တွေ အကြိမ်ကြိမ် ဖျက်ဆီးခံရမှုကို ဥပဒေအရ ထိန်းကျောင်းရန် လိုအပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ လဟယ်မြို့ရှိ သမိုင်းဝင် ဘုရားစေတီကုန်းပေါ်မှာရှိတဲ့စေတီတော်ဟာ ဖဆပလအစိုးရ ဝန်ကြီးချုပ် ဦးနုလက်ထက်ကတည်းက တည်ထားကိုးကွယ်ခဲ့တဲ့ သမိုင်းဝင် စေတီတော်တဆူ ဖြစ်ပါတယ်။ အဲဒီ ဘုရားဝင်းအတွင်း ဖျက်ဆီးခံရတဲ့ ဆင်းတုတော်တွေကို ဒေသခံ ဗုဒ္ဓဘာသာဝင်တွေနဲ့ တာဝန်ရှိသူတွေက ပြန်လည်ပြုပြင် မွမ်းမံတည်ထားခဲ့ပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်အတွင်းကလည်း ယခုလို ရည်ရွယ်ချက်ရှိရှိ အကြိမ်ကြိမ် ထပ်မံဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်နေတာမို့ သက်ဆိုင်ရာက ဂရုစိုက်ပေးဖို့ လိုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ” နာဂဒေသတွင်း မတူညီတဲ့ ဘာသာရေးနဲ့ လူမျိုးရေး အသိုင်းအဝိုင်းကြား မလိုလားအပ်တဲ့ ထိခိုက်မှုတွေမဖြစ်ပေါ်ဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးဟာ အရေးကြီးတာမို့ ထိန်းသိမ်းဖို လိုတယ်” လို့…
Read Moreဒီလ ၁၈ရက်အတွင်း ရခိုင်ပြည်နယ်မှာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အယောက် ၃၀ ဝန်းကျင် သေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရ
အောက်တိုဘာ ၁၈ – ၂၀၂၆ SN (VOM) ရခိုင်ပြည်နယ်မှာ အောက်တိုဘာ ၁ ရက်ကနေ ၁၈ ရက်နေ့အထိ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အယောက် ဝန်းကျင် သေဆုံးပြီး အယောက် ၇၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။ ဒီကနေ့ အောက်တိုဘာ ၁၈ ရက်၊ မနက် ၁ နာရီကျော်ဝန်းကျင်က ရသေ့တောင်မြို့ပေါ်ရှိ ချောင်းဝရပ်ကွက်၊ အရှေ့တောင်ရပ်ကွက်၊ ဂူတာပြင်ရပ်ကွက်နဲ့ အနီးဝန်းကျင်က ပြားချောင်းကြီး၊ ပြင်ခေါင်ကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး သုံးယောက် ဒဏ်ရာရခဲ့ကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “ဒီမနက် ၁ နာရီလောက်ကနေစပြီး ၂ နာရီကျော်အထိ ဖြစ်တာ။ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေဘက်ကို လေကြောင်းကနေ တိုက်ခိုက်တယ်။ မိုးစီကျွန်းဘက်ကိုလည်း လက်နက်ကြီး၊ ဒရုန်းတွေနဲ့…
Read Moreသူတို့အိမ် အခန်း (၂၄၅)
ဆူးငှက် ဂီတအရာ ပါရမီရှင်ကြီး နှစ်ဦး ——————— —– ကျွန်တော်သည် လူထုဒေါ်အမာ၏ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်ကို ခေါင်းအုံးနဘေးထားကာ အချိန်ရတိုင်းဖတ်သည်။ ဖတ်ပြီး စဉ်းစား တွေးတောစရာ နေရာရောက်လျှင် စာအုပ်ကိုဘေးချပြီး စဉ်းစားသည်။ စိတ်ကူးယဉ်သည်။ စုံထောက်တစ်ယောက်လို ဆက်စပ်ကာ သဲလွန်စ ရှာသည်။ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်က မြို့မငြိမ်း ကဏ္ဍတွင် ဤစာပိုဒ်ကို အကြိမ်ကြိမ် ဖတ်တိုင်း စဉ်းစားစရာတွေ ရလာခဲ့သည်။ “ ဆရာငြိမ်းသည် ဂီတနှင့်ပတ်သက်၍ အလွန်ကြီးကြီးကျယ်ကျယ် စိတ်ကူးထားသူဖြစ်ပါသည်။ သူ့စိတ်ကူးတွင် ဘာတွေရှိသည်ဆိုခြင်းကို သူနှင့် အလွန်ရင်းနှီး ခင်မင်သူများသာလျှင် အနည်းအပါး ရိပ်မိသည်။ ဆရာငြိမ်းက ဂီတတွင် နယ်နိမိတ်မရှိ၊ လူမျိုးမခွဲခြား၊ ကန့်သတ်မှုဟူ၍ မထားအပ်၊ တေးဂီတမှာ လူသားအားလုံးပိုင် ပစ်္စည်းဖြစ်သည်ဟု ယုံသည်။ တချို့လူများက ယုံကြည်သော ဗမာ့(မြန်မာ့)ဆိုင်းဝိုင်း၊ ဗမာ့(မြန်မာ့)…
Read Moreပြည်ပကဝယ်လာတဲ့ လက်ကိုင်ဖုန်းတွေအတွက် လေဆိပ်မှာသာ အခွန်ဆောင်နိုင်အောင် စီစဉ်ပေးစေလို
အောက်တိုဘာ ၁၉ – ၂၀၂၆ SS (VOM) ပြည်ပမှဝယ်ယူလာတဲ့ လက်ကိုင်ဖုန်းတွေ အခွန်ဆောင်ခြင်းအတွက် လေဆိပ်မှာသာ တိုက်ရိုက် ဆောင်ရွက်ခွင့်ရရှိရေး စီစဉ်ပေးစေလိုတယ်လို့ ပြည်သူတွေက ပြောပါတယ်။ ပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံကို ပြန်လည် ဝင်ရောက်လာကြသူတွေ အနေနဲ့ ၎င်းတို့နဲ့အတူပါလာတဲ့ လက်ကိုင်ဖုန်း အသစ်တွေအတွက် International Mobile Equipment Identity (IMEI) အခွန် ပေးဆောင်ရာမှာ လက်ရှိ ဆောင်ရွက်နေရတဲ့ ပုံစံကြောင့် အချိန်ကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ “လေဆိပ်မှာ ဖောင်တွေဘာတွေ အကုန်ဖြည့်လာပြီးတော့မှ ရန်ကုန်ကျရင် အလုံ ကမ်းနားလမ်းမှာ သွားပြီးတော့ အခွန်ဆောင်ရတာကိုး။ သူတို့က တနေ့ကို လူဦးရေ အယောက် ၁၀၀ လောက်ပဲ လက်ခံတယ်ဆိုတော့ မနက် ၃ နာရီ၊ ၄ နာရီလောက်ကတည်းက လာပြီး တန်းစီကြရတာ။ လေဆိပ်မှာပဲ တခါတည်း…
Read More