အခန်း (၂၄၈)

ဆူးငှက်     စာချုပ်တွေ စာရွက်စာတမ်းတွေ သိမ်းပြီ ——————————————- မှတ်မှတ်ရရ ထိုနေ့က ၂၀၀၉ခုနှစ် မတ်လ ၇ ရက်နေ့ ဖြစ်သည်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အတူ တပ်ကြပ်အဆင့်ရှိ တပ်မတော်သားတစ်ဦးလည်း လိုက်ပါ၍ ရပ်ကွက်ရာအိမ်ခေါင်းနှင့် အဖွဲ့က မြေယာပိုင်ဆိုင်မှု အထောက်အထား စာချုပ်နှင့် စာရွက်စာတမ်း မူရင်းများကို တစ်အိမ်တက်ဆင်း သိမ်းယူကြသည်။ ကျွန်တော့်အိမ် ရောက်တော့ အဆင်သင့် ဖိုင်တွဲထားသည့် စာချုပ်နှင့် စာရွက်စာတမ်းများကို အုပ်ချုပ်ရေးမှူးလက်သို့ အပ်လိုက်၏။ အုပ်ချုပ်ရေးမှူးက အားနာအကြည့်ဖြင့် ကြည့်သည်။ ကျွန်တော်က အကျိုးရယ် အကြောင်းရယ် မမေးချင်တော့။ မောလှပြီ။ နောက်ဆုံး ဖယ်ပေးဖို့အထိ ကျွန်တော် ဆုံးဖြတ်ထားပြီးပြီ။ ဖယ်ပေးပြီး ဘယ်သွားနေမလဲ၊ ကျွန်တော်ကဖြင့် ဘယ်မှ နေစရာမရှိ။ လမ်းဘေးတစ်နေရာမှာပဲ မိုးကာတဲ ထိုး၍ နေရုံပေါ့။ “ဆူးငှက် – လမ်းဘေးမှာ…

Read More

ရဟန်းသံဃာနဲ့ သီလရှင်တွေကိုယ်တိုင် ဆိုင်ကယ်နဲ့ကားမောင်းနှင်တာ ၊ လိုင်စင်မဲ့ကားစီးတာမလုပ်ဖို့ တားမြစ်

အောက်တိုဘာ ၂၁ ၊ ၂၀၂၆ GG (VOM) ရဟန်း ၊ သာမဏေ ၊ သီလရှင်တွေအနေနဲ့ ကိုယ်တိုင် ဆိုင်ကယ် ၊ကားမောင်းနှင်တာ ၊ လိုင်စင်မဲ့ကားစီးနင်းတာ ၊ ကျောင်းမှာ လိုင်စင်မဲ့ကား ထားရှိတာတွေ မလုပ်ဖို့ မန္တလေးတိုင်းသာသနာရေးမှူးရုံးက စာထုတ်အသိပေးလာပါတယ်။ ဒါကြောင့် သက်ဆိုင်ရာမြို့နယ်သံဃနာယကအဖွဲ့အနေဖြင့် အဆင့်ဆင့်ဆောင်ရွက်သွားဖို့ညွှန်ကြားထားကြောင်းနဲ့ ရဟန်း ၊ သာမဏေ ၊ သီလရှင်တွေအနေနဲ့ ကိုယ်တိုင်ကားမောင်းနှင်မှုနဲ့ပတ်သက်လို့ ပညာပေး ကာလ၊ လိုက်လံစစ်ဆေး သတိပေးကာလ၊ အရေးယူကာလဆိုပြီး အပိုင်းခွဲလုပ်သွားမယ်လို့ သိရပါတယ်။ ပညာပေးကာလကို အခု အောက်တိုဘာလ ၊ နိုဝင်ဘာလ ၊ ဒီဇင်ဘာလ သတ်မှတ်ထားပြီးလိုက်လံစစ်ဆေးသတိပေးကာလကိုတော့ လာမယ့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၊ ဖေဖော်ဝါရီလ ၊ မတ်လ သတ်မှတ်ထားပြီးနောက် အရေးယူကာလကို ၂၀၂၇ ခုနှစ် ဧပြီလမှစပြီး…

Read More

ဖားကန့်​ဒေသ လုံးခင်းမှာ လက်နက်ကြီးကျလို့ ထိခိုက် ဒဏ်ရာရသူတွေရှိ

အောက်တိုဘာ ၂၁၊ ၂၀၂၆ Shy V (VOM) ကချင်ပြည်နယ် ဖားကန့် လုံးခင်းဘက်မှာ ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ မနက် ၃ နာရီ ဝန်းကျင်ခန့်က လက်နက်ကြီးကျလို့ ထိခိုက် ဒဏ်ရာရသူတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်တယ်ဗျ။ လက်နက်ကြီးကျတာ ဒီမနက် အစောပိုင်း။ အစောပိုင်းမှာ လက်နက်ကြီး မနက် ၃ နာရီလောက် ကုန်စုံဆိုင်မှာ လက်နက်ကြီး ကျတာ။ ထိခိုက်မှု ရှိတယ်လို့ သိရတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ထိခိုက် ဒဏ်ရာရသူတွေက ၈ ယောက် ရှိတယ်လို့ တချို့ပြောနေကြပေမယ့် အတိအကျမသိရသေးဘူးလို့ သူက ပြောပါတယ်။ “လက်နက်ကြီးကျတဲ့ နေရာမှာက အမျိုးသမီး တယောက် ဒဏ်ရာ ပြင်းတယ်။ ကျန်တဲ့ သူတွေတော့ သိပ်မပြင်းဘူး…

Read More

ပခုက္ကူစက်မှုဇုံက တိုးတိုးရှိန် စတိုးဆိုင် သုံးကြိမ်မြောက် အနုကြမ်းစီး ပြန်ပေးဆွဲမူဖြစ်

ပခုက္ကူ- ​အောက်တိုဘာ ၂၁-၂၀၂၆ MP(VOM) ​မကွေးတိုင်း၊ ပခုက္ကူမြို့၊ စက်မှုဇုံ (၆) လမ်းက “တိုးတိုးရှိန်” စတိုးဆိုင်ကို အောက်တိုဘာလ ၂၀ ရက် မွန်းလွဲ ၂ နာရီကျော်အချိန်က လက်နက်ကိုင်လူတစုက​နေ ဓားပြတိုက်ပြန်‌ပေးဆွဲမူ ဖြစ်သွားတယ်လို့ သိရပါတယ်။ ​ ” အင်္ကျီအနက်ရောင်​တွေ ဝတ်ဆင်ထားပြီး သေနတ်အရှည်နဲ့ပစ္စတို သေနတ်ကိုင်ဆောင်ထားကြတဲ့ အသက်၂၀နှစ်ခန့် အမည်မသိ လက်နက်ကိုင် (၅) ဦးက ဆိုင်ကယ်နှစ်စီးနဲ့‌ ‌ရောက်လာတယ် ဆိုင်ထဲကို လူငယ်သုံးဦးပဲ ဝင်တယ်။ အဲ‌ဒီနောက် က‌လေးငယ်ချီထားတဲ့ဆိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်ဖို့ကြိုးပမ်းတာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မအောင်မြင်လို့ Kpay နဲ့ Wave pay အသုံးပြုတဲ့လက်ကိုင်ဖုန်းတလုံးယူဆောင်သွားတယ်” လို့ ဖြစ်စဉ်ကိုသိသူက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြောပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်စဥ်ကြောင့် ကလေးငယ်မှာ ညာခြေထောက်တွေ ပြတ်ရှဒဏ်ရာရခဲ့ပြီး မိခင်သူဖြစ်သူက လက်တွေမှာ ပြတ်ရှဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့သိရပါတယ်။ အခုဖြစ်စဉ်က (၃)…

Read More

အင်းတော် – ဝန်းသို – ကောလင်းလမ်းပိုင်းနဲ့ အင်းတော် – မအူကုန်း – ကျောက်တန်းလမ်းပိုင်းကို အစိုးရတပ် ပြန်လည်ထိန်းချုပ်

အောက်တိုဘာ ၂၁ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်းအတွင်းရှိ အဓိကကျတဲ့ လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းတွေဖြစ်တဲ့ အင်းတော် – ဝန်းသို – ကောလင်းလမ်းပိုင်းနဲ့ အင်းတော် – မအူကုန်း – ကျောက်တန်း လမ်းပိုင်းတို့ကို အစိုးရတပ်တွေက အခု အောက်တိုဘာလ ၅ ရက်မှ ၁၈ ရက်အတွင်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အစိုးရတပ်တွေဟာ ၁၄ ရက်တာ ကာလအတွင်း အဲဒီ လမ်းကြောင်းတဝိုက်ရှိ ကျေးရွာတွေကို နယ်မြေ စိုးမိုးနိုင်ရေး ဆောင်ရွက်ခဲ့ရာမှာ အောက်တိုဘာ ၅ ရက်မှာ လယ်နောင်ကျေးရွာနဲ့ ကမ်းနီကျေးရွာ၊ အောက်တိုဘာ ၉ ရက်မှာ ပင့်သချေကျေးရွာ၊ မဲဇာကျေးရွာ၊ လယ်ဇင်ကျေးရွာနဲ့ နန့်သဲကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါအပြင် အောက်တိုဘာ ၁၂ ရက်မှာ ကျောက်တောကျေးရွာအနီးရှိ…

Read More

မင်္ဂလာတောင်ညွန့်မှာ နေအိမ်ဖောက်ဝင်တဲ့သူခိုးက အိမ်ရှင်နဲ့တွေ့ချိန် အိမ်ရှင်ကိုဓားနဲ့ထိုးသတ်လို့ တယောက်သေပြီး တယောက်ဒဏ်ရာပြင်းထန်ရရှိ

အောက်တိုဘာ ၂၁ ၊ ၂၀၂၆ GG (VOM) ရန်ကုန် ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ပုသိမ်ညွန့်ရပ်ကွက်၊ ပုသိမ်ညွန့် ၃ လမ်းရှိ နေအိမ်တအိမ်မှာ ဒီကနေ့ အောက်တိုဘာ ၂၁ ရက်နေ့ မနက်အစောပိုင်းက ပစ္စည်းဝင်ခိုးတဲ့သူခိုးက အိမ်ရှင်ကိုသတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ မနက်အစော ၁ နာရီခွဲလောက်မှာ စတိုးဆိုင်နဲ့နေအိမ်တွဲရက်ကို အမျိုးသားသုံးယောက်က ဖောက်ထွင်းဝင်ရောက်ပြီး ပစ္စည်းခိုးယူချိန် အိမ်ရှင်နိုးတာနဲ့ဆုံပြီး အသက် ၂၄ နှစ်အရွယ်ကောင်လေးကို ဓားနဲ့ထိုးသတ်ခဲ့ကာ အဒေါ်ဖြစ်သူအမျိုးသမီးကိုလည်း ဓားနဲ့ထိုးခဲ့တာကြောင့် ဆေးကုသမှုခံယူနေရပါတယ်။ ” ဒီမနက် ၁ခွဲလောက်ကဖြစ်တာပါ။ အိမ်ကို သူခိုး ၃ ယောက်က ဝင်ပြီးရှာနေကြတုန်းမှာ ကလေးက အောက်ထပ်ဆင်းတာနဲ့တည့်တည့်တိုးပြီး ၃ ယောက်တယောက်ဓားနဲ့ ထိုးကြတာပါ။ ဓားရိုးတောင်ကျွတ်တယ်။အဲဒီအချိန် အန်တီကဆင်းလာပြီးတွေ့တော့ အန်တီကိုပါ ဓားနဲ့ထိုးတာ။အန်တီကစိုးရိမ်စရာတော့မရှိပေမယ့် ညီလေးကတော့ ပွဲချင်းပြီးပဲ ။…

Read More

မူဆယ်မီးလောင်မှုမှာ တရုတ်နိုင်ငံသား မီးသတ်သမားတွေ အပါအဝင် လူတချို့ ထိခိုက် ဒဏ်ရာရ

အောက်တိုဘာ ၂၁၊ ၂၀၂၆ Shy V (VOM ) တရုတ် – မြန်မာ နယ်စပ်၊ မူဆယ်မှာ အောက်တိုဘာလ ၂၀ ရက်နေ့ မီးလောင်မှုမှာ တရုတ်နိုင်ငံသား မီးသတ်သမားတွေ အပါအဝင် လူတချို့ ထိခိုက် ဒဏ်ရာရကြောင်း မူဆယ် ခရိုင် မီးသတ်ဦးစီးဌာနနဲ့ဒေသခံတွေဆီက သိရပါတယ်။ “မီးဟပ်တဲ့သူတွေရှိပါတယ်။ တရုတ်ဘက်က နှစ်ယောက်ပါပါတယ်။ မြန်မာဘက်က လေး ယောက်ပါ။ စိုးရိမ်စရာတော့ မရှိပါဘူး” လို့ မူဆယ်ခရိုင် မီးသတ်ဦးစီးဌာနက တာဝန်ရှိသူ တယောက်က ပြောပါတယ်။ မီးဟပ် ဒဏ်ရာရတဲ့ ထဲမှာ မီးစလောင်တဲ့ အချိန် ဆိုင်နောက်မှာနေတဲ့ ကြူးတဲလေးတွေက သုံးယောက် နဲ့ မြန်မာဘက်က မီးသတ်တပ်ဖွဲ့က တယောက် ပါတယ်လို့ သူက ပြောပါတယ်။ ဆီဖြည့်နေစဥ် ကားနောက်ဆုတ်ရာက အုတ်ခုံထိပြီး မီးစထွက်ရာကနေစတင် လောင်ကျွမ်းတာဖြစ်ပြီး…

Read More

သူတို့အိမ် အခန်း (၂၄၇)

ဆူးငှက်   အနှစ် ၁၅၀ ပြည့်နှင့် ဒေါ်ဒေါ်လူထုဒေါ်အမာ —————————————– ကျွန်တော်တို့က မန္တလေး အနှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ပွဲတွေ ကျင်းပကြဖို့ တိုင်ပင်ကြ စီစဉ်ကြသောအခါ ဒေါ်ဒေါ်လူထုဒေါ်အမာကို သတိရလှသည်။ မန္တလေဒ အနှစ်၁၀၀ပြည့်ကာလ အခါက လူထုသတင်းစာတိုက်ကို အားတက်သရော အကူအညီပေးနေသည့် ရျွှေကိုင်းသား၊ ရတနာပုံဖိုးမှတ်စု စသည့် ကလောင်ကို ကိုင်ဆောင်သည့် ကိုထွန်းလှိုင်က ရာပြည့်ပွဲ ကျင်းပရန် လှုံ့ဆော်သူ၊ စာအုပ်စာတမ်းပြုစုသူ၊ နောက်ကွယ်က အစစလှုပ်ရှားသူ ဖြစ်ကာ လူထုဦးလှနှင့် လူထုဒေါ်အမာတို့က မြို့မိမြို့ဖများနှင့် ပူးပေါင်း ၍ မန်းရာပြပွဲကြီးကို ဦးဆောင်ခဲ့ကြသူများ ဖြစ်သည်။   ယခု မန္တလေး အနှစ်၁၅၀ပြည့်မှာ လူထုသတင်းစာ အယ်ဒီတာဖြစ်ခဲ့ပြီး မန္တလေးအကြောင်းတွေ အစဉ်တစိုက် ရေးသားခဲ့သူ ဆရာနတ်မောက်ထွန်းရှိန်က မန္တလေး အနှစ်၁၅၀ပြည့်ပွဲတော် ကျင်းပဖို့ လွန်ခဲ့သည့် ၁၀နှစ်ကတည်းက…

Read More

ခေတ်အ​ခြေအ​နေ​ကြောင့် ရပ်နားထားရတဲ့ မုံရွာဆုတောင်းပြည့်ဘုရားကြီးပွဲ စည်ကား​အောင်ကျင်းပမယ်

အောက်တိုဘာ ၊ ၁၈ ၊ ၂၀၂၆ MW(VOM) ကိုဗစ်ကာလကတည်းက ရပ်နားထားရတဲ့ မုံရွာဆုတောင်းပြည့်ဘုရားကြီးပွဲကို ကိုဗစ်မတိုင်ခင်ကျင်းပခဲ့သလို ၁၂ပွဲစျေးဆိုင်​တွေနဲ့ စည်စည်ကားကားကျင်းပဖို့ ပွဲတော်ကျင်းပရေးဦးစီးကော်မတီထံက ကြိုးပမ်းဆောင်ရွက်နေတာတွေ့ရပါတယ်။ “ဘုရားကြီးပွဲမလုပ်ရတာ ၆နှစ်ရှိပြီ။ အခုနှစ်တော့ ကိုဗစ်မတိုင်ခင်ကလို စည်စည်ကားကားနဲ့ ကျင်းပဖို့ စီစဥ်နေကြပါတယ်အောက်တိုဘာလ၂၀ရက် မနက်ကစပြီး ဆုတောင်းပြည့်နဲ့ ရွှေစည်းခုံဘုရားကြီး၂ဆူကူးတဲ့ ဘုရားကြီးလမ်းတလျောက် စျေးဆိုင်ခန်းတွေ စဆောက်နေပါပြီ။ ရွှေစည်းခုံဘုရားကြီးနဲ့ ဗိမာန်ကြီး၂ခုရှေ့တွေမှာလည်းဆိုင်ခန်းတွေ ဆောက်တော့မှာပါ။ နာရီစင်ပတ်လည်လည်းဆောက်မှာပါ”လို့ ကော်မတီဝင်ကပြောပါတယ်။ ပွဲတော်ကို အောက်တိုဘာလ(၂၆)ရက်က စပြီး (၁၅)ရက် ကျင်းပသွားမှာဖြစ်သလို ဆုတောင်းပြည့်နဲ့ ရွှေစည်းခုံဘုရားကြီးနှစ်ဆူကြားဘုရားကြီးလမ်းတစ်လျောက် ဈေးဆိုင်ခန်းတွေ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ဘုရားပွဲတော်လာ ပြည်သူတွေအတွက် ပျော်ပွဲရွှင်ပွဲတွေ၊ ပိုက်ကျော်ခြင်း၊ ခေါင်းအုံးရိုက်ပြိုင်ပွဲတွေ ထည့်သွင်းကျင်းပသွားမှာဖြစ်ပြီး တေးဂီတဖျော်ဖြေရေးအစီအစဉ်တွေ ပါဝင်မှာဖြစ်တယ်လို့စီစဥ်သူတွေဆီကသိရပါတယ်။ ရွှေစည်းခုံဘုရား ဂေါပကတာဝန်ရှိသူတွေက ပွဲတော်ကာလအတွင်း စတုဒိသာ ကျွေးမွေးတဲ့အစီအစဉ်တွေဆောင်ရွက်နေကြပြီး ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ရက်ဖြစ်တဲ့ သီတင်းကျွတ်လပြည့်ကျော်၈ရက်နေ့ မနက်မှာ ပင့်သံဃာအပါး၁၀၀၀ကို ဆွမ်းသပိတ်တွေလောင်းလှုကြမှာဖြစ်ပါတယ်။…

Read More

မလေးရှားမှာ အထောက်အထားမဲ့တွေအဖမ်းဆီးကြမ်းလို့ မြန်မာ ၅၀၀လောက် ဖမ်းခံခဲ့ရ

အောက်တိုဘာ ၂၀ ၊ ၂၀၂၆ GG (VOM) မလေးရှားနိုင်ငံမှာ တရားမဝင်အထောက်အထားမဲ့နိုင်ငံခြားသားတွေကို အဖမ်းဆီးကြမ်းနေရာ အဲဒီထဲမှာ မြန်မာလုပ်သား ၅၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရောက်မြန်မာနိုင်ငံသားတွေဆီက သိရပါတယ် ။ အခု အောက်တိုဘာလ ရက်၂၀ အတွင်းမှာတင် ကလေးငယ်တွေအပါအဝင် မြန်မာလုပ်သားရာနဲ့ ချီပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာလို့ သိရပါတယ်။ လက်ရှိမှာ မလေးရှားအာဏာပိုင်တွေဟာ မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေ အလုပ်လုပ်ကိုင်မှုရှိတဲ့ စားသောက်ဆိုင်တွေ ၊ စက်ရုံတွေ ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ နဲ့ နေထိုင်ရာ အဆောက်အဦတွေ စတဲ့ နေရာတိုင်းကို ဝင်ရောက်ရှာဖွေစစ်ဆေးပြီး တရားမဝင်အထောက်အထားမဲ့ လုပ်ကိုင်နေသူတွေကို ဆက်တိုက်ဖမ်းဆီးနေတာ ဖြစ်ပါတယ်။ ” အဖမ်းအဆီးက နေ့တိုင်းလိုလိုရှိတယ် ။ အများဆုံးအဖမ်းခံရတာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ ပါတယ်။ ပြီးတော့မြန်မာတွေပေါ့။ ပြီးခဲ့တဲ့ရက်ကဆိုရင် နေရာနှစ်နေရာဖမ်းတာမှာ မြန်မာလုပ်သား ၁၅၀ ကျော်ဖမ်းခံရတယ်။မနေ့ညက…

Read More
✕
VOM News

FREE
VIEW