ဆူးငှက် ရွှေအမြုတေမဂ္ဂဇင်းနှင့် ကျွန်တော် ———————————– ကျွန်တော် စာမျက်နှာပေါ်မှာ စတင်ပုံနှိပ်ဖော်ပြခံရဖူးတာ ဆောင်းပါးပဲ ဖြစ်သည်။ ၁၉၈၃ ခုနှစ်ကပေါ့။ ဝတ္ထုအနေနှင့်က ၁၉၈၉မှ စတင်ဖော်ပြခံရသည်။ ဒါက ရင်ခုန်ပွင့် မဂ္ဂဇင်းပေါ့။ နောက်တော့ ဝတ္ထုတိုတွေ အတော်များများက ရွှေအမြုတေမဂ္ဂဇင်း မှာပဲ ဖော်ပြပါရှိခဲ့သည်။ ကျွန်တော် အမှတ်မမှားဘူးဆိုလျှင် ရွှေအမြုတေ မဂ္ဂဇင်းသို့ ကျွန်တော်ပေးပို့ သမျှ စာမူများက အပယ်မရှိဘဲ အရွေးချယ်ခံရသည်။ ထိုစဉ်ကာလ သရက်ကုန်းမြေ ပြဿနာကြောင့်ရော အသစ်တာဝန်ယူထားသည့် မီဒီယာ လုပ်ငန်း တာဝန်ကြောင့်ရော မြန်မာ့ဓနမဂ္ဂဇင်းတွင် ပင်တိုင်ယူထားသော ကဏ္ဍများကလွဲလို့ ဝတ္ထုတွေ မရေးဖြစ်ခဲ့ပါ။ ထို့ကြောင့် ရွှေအမြုတေ မဂ္ဂဇင်း သို့လည်း ဝတ္ထု မပို့ဖြစ်တာ ကြာပါပြီ။ အခု ဒေါ်ဒေါ်လူထုဒေါ်အမာ ၏ ၉၀ ပြည့် မွေးနေ့အခမ်းအနားကို အမရပူရ တောင်သမန် အင်းစောင်းက…
Read Moreအပူချိန်မြင့်တက်မှုထက် ပိုအန္တရာယ်ရှိတဲ့ Heat Stroke အန္တရာယ်
အောက်တိုဘာ ၁၄ – ၂၀၂၆ SN (VOM) အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ဟာ အခုလို အပူချိန် မြင့်တက်နေတဲ့ကာလနဲ့ နွေရာသီ ကာလတွေမှာ အထူးသဖြင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေအတွက် အသက်အန္တရာယ်ရှိနိုင်တဲ့ အရေးပေါ် အခြေအနေတခု ဖြစ်တယ်လို့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။ လူ့ခန္ဓာကိုယ်မှာ သတ်မှတ်ထားတဲ့ အပူချိန်တခုရှိပြီး ၉၈ ဒီဂရီဖာရင်ဟိုက်ထက် ကျော်လွန်ကာ ၉၉ ဒီဂရီဖာရင်ဟိုက် ဖြစ်လာပါက ပုံမှန်ဆိုရင်တောင် ဖျားတယ်လို့ ပြောလို့ရတဲ့ အခြေအနေမျိုးလို့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။ “အဲဒီအချိန်မှာ ရုတ်တရက်ကြီး အပူချိန်မြင့်တက်သွားတယ်။ ၁၀၄ ၊ ၁၀၅ လောက် ဖြစ်သွားတဲ့အချိန်မှာ ခန္ဓာကိုယ်က အပူချိန်ကို မထိန်းညှိနိုင်တော့ဘူး။ အဲဒီအချိန်မှာ Heat Stroke ရဲ့ အာရုံကြောပိုင်းဆိုင်ရာ လက္ခဏာတွေ ပြလာတာပါ” လို့…
Read Moreမုံးကိုး – မန်ဟိုင်း နယ်စပ်မှာ ယွမ် ၂.၃ သန်းခန့် ကျကုန်မယ့် နိုင်ငံကူး တံတား တည်ဆောက်ဖို့ ပြင်ဆင်
အောက်တိုဘာ ၁၃၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းရှိ MNDAA ထိန်းချုပ်ရာ မုံးကိုး – မန်ဟိုင်း နယ်စပ်မှာ MNDAA တပ်ဖွဲ့က ယွမ် ၂.၃ သန်းခန့် ကျကုန်မယ့် နိုင်ငံကူး တံတား တည်ဆောက်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေဆီကနဲ့ MNDAA ဘက်က ထုတ်ပြန်ချက်အရ သိရပါတယ်။ “တံတားတော့ မဆောက်သေးဘူး။ ဆောက်ဖို့ ပြင်ဆင်နေတာပဲ ရှိသေးတယ်။ တနေ့က ပုံတွေရိုက်ပြီး အားလုံးကို အသိပေးတာပဲ ရှိသေးတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ အရင်ရက် အောက်တိုဘာလ ၈ ရက်နေ့က အဲဒီ နှစ်နိုင်ငံ နယ်စပ်ကူး တံတား ပြုလုပ်မယ့် စီမံကိန်း ဖွင့်ပွဲ ပြုလုပ်ခဲ့တာ လို့ဆိုပါတယ်။ “MNDAA ရောက်လာပြီးနောက် မုံးကိုးမှာ…
Read Moreလားရှိုးနဲ့ သီပေါမှာ KIA၊ TNLA၊ PDF အဖွဲ့ကဆိုပြီး လုပ်ငန်းရှင်တွေကို ဖုန်းဆက်ငွေတောင်းနေ
အောက်တိုဘာ ၁၃ ၊ ၂၀၂၆ NN(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နဲ့ သီပေါမြို့တွေမှာ KIA၊ TNLA နဲ့ PDF အဖွဲ့ကဆိုပြီး လုပ်ငန်းရှင်တွေကို ဖုန်းဆက်ပြီး ငွေလိုက်တောင်းနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေဆီကနေ သိရပါတယ်။ လားရှိုးမြို့ပေါ်က စားသောက်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေရဲ့ ဖုန်းကို ဆက်ပြီး အခုလို ငွေတောင်းနေတာလို့လည်း သိရပါတယ်။ “ငါတို့က KIA က၊ ပိုက်ဆံကို သုံးအိတ်လုပ်ထားပါ။ ပြီးရင် ဘယ်နေရာကို လာပို့” ဆိုပြီး ဖုန်းဆက်တောင်းတာလို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေနဲ့ နီးစပ်သူ ဆိုင်ရှင်တစ်ယောက်က ပြောပါတယ်။ ငွေမပေးရင် ခြိမ်းခြောက်တာမျိုးလည်း ပြောဆိုတယ်လို့ သိရပါတယ်။ တချို့ကုန်စုံဆိုင်၊ ကုန်မာဆိုင်နဲ့ စားသောက်ဆိုင်တွေကိုတော့ TNLA၊ PDF အဖွဲ့ကဆိုပြီး ငွေတောင်းတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောပါတယ်။ “KIA တို့၊ TNLA၊ SSPP အဖွဲ့တွေက အရင်စစ်မဖြစ်ခင်တုန်းကတော့ မြို့ထဲ…
Read Moreအယ်လ်နီညိုကြောင့် လမ်းပေါ်သွားလာရင်း အပူရှပ်သေဆုံးသူနှစ်ယောက်နဲ့ လေဖြန်း ၊ မူးလဲလို့ ဆေးကုသနေရသူ လေးယောက်အထိရှိလာ
အောက်တိုဘာ ၁၃ ၊ ၂၀၂၆ GG (VOM) အယ်လ်နီညိုကြောင့် အပူချိန်မြင့်တက်ပြီး ဒီရက်ပိုင်းအတွင်းမှာပင် အပူရှပ်သေဆုံးသူနှစ်ယောက် ၊ လေဖြန်းသူ ၊ မူးလဲသူတွေရှိ ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ အောက်တိုဘာ ၁၃ ရက်၊ နေ့လယ် ၁၂ နာရီလောက်မှာ ရန်ကုန် ဘုရင့်နောင် ကားပစ္စည်းစျေးဝင်းအတွင်း စျေးလာဝယ်တဲ့ အသက် ၆၀ အရွယ် အမျိုးသားတယောက် အပူရှပ်ပြီး လေဖြန်းလို့ အင်းစိန်ဆေးရုံကြီးကို အရေးပေါ် ပို့ဆောင်ခဲ့ရပါတယ်။ အလားတူ ဒီကနေ့ နေ့လယ် ၂ နာရီကျော်ကလည်း တောင်ငူမြို့နယ် ၊ ကံရိုးရွာ ၊ ကွန်ပြူတာ တက္ကသိုလ် ကျောင်းရှေ့မှာလည်း အသက် ၆၀ အရွယ် အမျိုးသားတယောက် အပူရှပ်ပြီး မူးလဲခဲ့တာကြောင့် တောင်ငူဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။ မြေပြင်ကူညီရေးလုပ်ခဲ့တဲ့ တောင်ငူမြို့ T.E.R.T အသင်းဝင်က…
Read Moreမြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းငွေလိမ်ဂိုဏ်းအမှုမှာ ဝေမိသားစုဝင် ၃ ဦး သေဒဏ်ချမှတ်ခံရ
အောက်တိုဘာ ၁၃၊ ၂၀၂၆ Shy V (VOM) မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ လူသတ်မှုတွေအပါအဝင် ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဝေမိသားစု ရာဇဝတ်ဂိုဏ်းအမှုကို တရုတ်တရားရုံးက ဒီကနေ့ အောက်တိုဘာ ၁၃ ရက်မှာ ပထမအကြိမ် စီရင်ချက်ချမှတ်လိုက်ကြောင်း CCTV သတင်း အပါအဝင် တရုတ် သတင်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒီအမှုမှာ ဝေဟွိုင်ရန်၊ ချန်တာဝေနဲ့ လျောင်ကျင့်ဖန်တို့ ၃ ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး ဝေချင်းထောင်၊ ခန်မင်နဲ့ ရှုံဟင်ရှင်းတို့ ၃ ဦးကိုတော့ တသက်တကျွန်း ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ “သူ့သား က သေဒဏ် မဟုတ်ဘူး။ သူ့အဖေပဲ။ သူ့သားရယ်၊ သူ့သမီးရယ် ထွက်ပြေး နေတုန်းပဲ။ မမိသေးဘူး” လို့ နယ်စပ်…
Read Moreကလေးမြို့က ချမ်းမြေ့ဆေးရုံ နဲ့ Royal City ဆေးရုံ ပိတ်ခံရလို့ လူနာတွေ ချက်ခြင်းပြောင်းရွှေ့ခဲ့ရ
အောက်တိုဘာ ၁၃ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း ၊ ကလေးမြို့က ပုဂ္ဂလိကဆေးရုံနှစ်ရုံဖြစ်တဲ့ “ချမ်းမြေ့” ဆေးရုံ နဲ့ “Royal City” ဆေးရုံနှစ်ခုကို တာဝန်ရှိသူတွေက ယာယီပိတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒါကြောင့် ချမ်းမြေ့ဆေးရုံနဲ့ Royal City ဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေတဲ့ လူနာတွေအနေနဲ့ မနေ့က အောက်တိုဘာ ၁၂ ရက်နေ့မှာ ချက်ခြင်း ဆေးရုံပြောင်းရွှေ့ကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။ ” ချမ်းမြေ့မှာအဒေါ်တယောက် ဆေးရုံတက်နေတာ မနေ့က ဆေးရုံးပြောင်းခိုင်းတယ်။ ချမ်းမြေ့ကတော့ ဘာကြောင့်ပိတ်တယ် သေချာမသိဘူး။ Royal ဆေးရုံ ကတော့ အခွန်မဆောင်လို့ လို့ပြောတယ်။ အခွန်ကသုံးနှစ်မဆောင်ထားဘူးလို့ကြားပါတယ်။ သေချာတော့မသိပါဘူး။ ဆေးရုံက လက်ရှိလူနာတွေအတွက် တပတ်လောက်တောင်းပန်တာ တောင်မရဘူးသိရတယ်။ခုတော့ လုံးလုံးတံခါးတွေပါပိတ်ပြီ။” လို့ မြို့ခံတယောက်က ပြောပါတယ်။ ကနဦးသိရှိရတဲ့ သတင်းအချက်အလက်တွေအရတော့ ချမ်းမြေ့ဆေးရုံနဲ့…
Read Moreသူတို့အိမ် အခန်း (၂၄၃)
ဆူးငှက် ဘူဒိုဇာ ကားအောက် ခေါင်းထိုးခံဖို့ ———————————— ကျွန်တော့် “သူတို့အိမ်” ပရိသတ်က သရက်ကုန်း ကွင်းအမှတ် ၄၉၂ အတွင်းရှိ လယ်တောအိမ်လေးအတွက် ဘယ်အခြေအနေရောက်ပြီလဲ ဟု ဆိုကာ စိုးရိမ်နေကြသည်။ ဟုတ်တာပေါ့၊ ရှေ့မှာ ခါးတောင်းကျိုက်ပြီး ကြိုးစားလိုက်ရတာက အဖုအထစ် အခက်အခဲတွေတော့ ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ ကျွန်တော့်မိတ်ဆွေကောင်း ကိုလင်း၏ မိခင်ကြီးက ဗိုလ်ချုပ်မှူးကြီးထံ ပုဂ္ဂိုလ်ရေးပေးစာလည်း ပို့ထားသည်။ ကွက်သစ်ဖော်ထုတ်ရေး ကော်မီတီ အတွင်းရေးမှူး ဖြစ်သူ ကျွန်တော့် မိတ်ဆွေ ဌာနမှူး နှင့်လည်း ပြောဆိုပြီးပြီ။ သို့သော် အဖြူ အမည်းက မသဲကွဲသေးပေ။ ကျွန်တော်တို့ ဘက်က ရှေ့ဆက် လိုက်စရာလည်း မရှိတော့။ တစ်နည်းပဲ ကျန်တော့၏။ ဦးတက်တိုး ပြောသလို ရပ်ကွက်ထဲ ဝင်လာမည့် ဘူဒိုဇာ ကားအောက် ခေါင်းထိုးခံဖို့ပဲ ဖြစ်သည်။ ဒီနည်းလမ်းမှာ ကျွန်တော်…
Read Moreမမြဆည် မြေသားတမံဘောင် ထပ်မံပြိုကျလို့ စိုးရိမ်ရတဲ့ရွာ ၁၃ ရွာလောက် အရေးပေါ်ရွှေ့ပြောင်း
အောက်တိုဘာ ၁၁ ၊ ၂၀၂၆ CC (VOM) ဧရာဝတီတိုင်း ၊ မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်နားက မမြဆည်အပြင်ဘက် တမံဘောင်မြေသား ထပ်မံပြိုကျသွားတာကြောင့် ဆည်အောက်က ကျေးရွာ ၁၃ ရွာလောက် ဒီမနက်ပိုင်းမှာ အရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။ မမြဆည်တမံဘောင်မြေသားဟာ မနေ့က ပေ ၂၀၀ အကျယ် လောက်ပြိုကျခဲ့ပြီး ဒီနေ့ အောက်တိုဘာ ၁၁ ရက်မနက်ပိုင်းမှာ မြေသားထပ်ပြိုကျသွားတာကြောင့် မြေပြင်နဲ့ ရေက လေးပေးလောက်အကွာပဲ ကျန်တော့တယ်လို့ သိရပါတယ်။ ဒါကြောင့် မမြဆည်အခြေအနေက စိတ်ချရတဲ့အခြေအနေမှာမရှိတဲ့အတွက် ဆည်အောက်က ရေနစ်နိုင်တဲ့ရွာတွေ အရေးပေါ်ထပ်မံရွှေ့ပြောင်းခဲ့ရတာဖြစ်တယ်။ “စိတ်မချလို့ ယာယီရွှေ့ပြောင်းနေကြတာ ရှိပါတယ်။ မနက်ကတည်းက ပြောင်းရွှေ့တိုးလာနေပါတယ်။ စာရင်းမငြိမ်သေးပါဘူး။ခုအခြေအနေကတော့ ရေပိုလွှဲကနေလည်း ရေဆက်ထုတ်နေတယ် ရေလျာ့ကျလာတဲ့အတွက် အန္တရာယ်မရှိနိုင်ဘူး။တကယ်လို့ မိုးရွာရင်တော့ တမံမြေသားက ပိုအိကျသွားပြီး ရုတ်တရက် ရေကပွင့်ထွက်သွားနိုင်တာပေါ့။ အခုရေထုတ်တာလည်း အတန်သင့်တော့လျော့နေပါပြီ။ ဆည်က…
Read Moreမန္တလေးတိုင်း ကိုယ်ပိုင်ကျောင်းများအသင်း အဖွဲ့ဝင်တွေ တွေ့ဆုံပွဲကျင်းပ
မန္တလေး၊ အောက်တိုဘာ- ၁၂- ၂၀၂၆ SA(VOM) မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်း က အသင်းဝင် ကိုယ်ပိုင်ကျောင်းအုပ်ချုပ်သူတွေအားလုံး တွေ့ဆုံပွဲကို မန္တလေးမြို့၊ မဟာအောင်မြေမြို့ နယ်၊ ၅၃ လမ်းနဲ့ ၃၂ လမ်းထောင့်က Ceremon Ballroom မှာ မနေ့ အောက်တိုဘာ ၁၁ ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနဲ့ မန္တလေးတိုင်းဒေသကြီး တရားသူကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေအပြင် မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်း က အသင်းဝင် ၃၉၄ ကျောင်းက ကိုယ်ပိုင်ကျောင်း တည်ထောင်သူတွေနဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။ အဲ့ဒီပွဲမှာ မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်းကျောင်းများအသင်း ရဲ့ ဥက္ကဋ္ဌ ဒေါ်မြသွေးရည်နဲ့ မဟာအောင်မြေမြို့နယ်၊ KMC ကိုယ် ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဦးခင်မောင်ချို၊ CAE ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ…
Read More




