ထိုင်းဒုတိယဝန်ကြီးချုပ် ​ဧပြီ ၂၂မှာ မြန်မာပြည်လာမယ်

ဧပြီ-၁၈-၂၀၂၆
Thai PBS
ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူအန်ကေခရို (Sihasak Phuangketkeow) ဟာ ထိုင်းနဲ့ မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့သစ်​တွေ ဖွဲ့စည်းပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရန်အတွက် လာမယ့်သီတင်းပတ်အတွင်း နေပြည်တော်ကို သွားရောက်ရန် စီစဉ်ထားကြောင်း သတင်းရင်းမြစ်​က သိရပါတယ်။
​သူ့ခရီးစဥ်ဟာ သင်္ကြန်နှနှစ်ဆန်းတရက်က နိုင်ငံ​တော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားသောနိုင်ငံ​ရေး အကျဥ်းသား​တွေကို ပြစ်ဒဏ်​တချို့ လျှော့ပေါ့ပေးလိုက်ကြောင်း သတင်းထွက်ပေါ်လာချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
​နိုင်ငံပိုင် ရုပ်သံဌာန MRTV ရဲ့ ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် သမ္မတဟောင်း ဦးဝင်းမြင့် အပါအဝင် အကျဉ်းသား ၄,၃၃၅ ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း သိရပါတယ်။
​ဆီဟာဆက်ဟာ ဧပြီလ ၂၂ ရက်နေ့မှာ နေပြည်တော်က အစိုးရသစ်ခေါင်းဆောင်​တွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များနဲ့ ရွေးကောက်ပွဲအလွန် မြန်မာ့အခြေအနေများကို ဆွေးနွေးရန် စီစဉ်ထားကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောကြားခဲ့ပါတယ်။
​မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲများအပြီး စစ်အုပ်ချုပ်ရေးက​နေ စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရသို့ ကူးပြောင်းပြီးနောက်ပိုင်း ဆီဟာဆက်သည် မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ အာဆီယံခေါင်းဆောင် ဖြစ်လာမှာပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာကွယ်​ရေးဦးစီးချုပ်ကအနားယူပြီး သမ္မတတာဝန်ကို ရယူထားတာဖြစ်ပါတယ်။
​၂၀၂၁ ခုနှစ် ​နောက်ပိုင်း အာဆီယံဟာ မြန်မာခေါင်းဆောင်​တွေကို အာဆီယံနဲ့ သက်ဆိုင်တဲ့ ထိပ်သီးအစည်းအဝေး​တွေကို တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တယ်လို့ သတင်းကဆိုပါတယ်။
​အာဆီယံအဖွဲ့အနေနဲ့ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးအရ ဆွေးနွေးမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အပါအဝင် အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် နေပြည်တော်အစိုးရကို အစဉ်တစိုက် တိုက်တွန်း​ထားပါတယ်။
​အာဆီယံက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုထားခြင်း မရှိ​သေး​ပေမယ့်၊ ဆီဟာဆက်ရဲ့ ခရီးစဉ်ဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာအစိုးရသစ်ကို တရားဝင်အသိအမှတ်ပြုလိုက်တာဖြစ်​ကြောင်း ​ဖော်ပြထားပါတယ်။
Crd#PBS

Related posts

Leave a Comment

VOM News

FREE
VIEW