ပေါင်မြို့ အလှပ်ကျေးရွာမှာ ဒယ်နီအိုးကတဆင့်မီးလောင်လို့ အိမ် ၁၁ လုံးမီးထဲပါသွား

ဧပြီ ၁၈ ၊ ၂၀၂၆ GG (VOM) မွန်ပြည်နယ် ၊ပေါင်မြို့ ၊ အလှပ်ကျေးရွာမှာ ဧပြီ ၁၇ ရက်နေ့ညပိုင်းက မီးလောင်မှုဖြစ်ပြီး နေအိမ် ၁၁ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အလှပ်ကျေးရွာ သာယာကုန်းပိုင်းမှာ နေအိမ်တွေမီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုမှာ လျှပ်စစ်ဒယ်နီဟင်းချက်အိုးကနေတဆင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံပြောပြချက်အရ သိရပါတယ်။ ည ၁၁ နာရီ ၈ မိနစ် လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ချိန် ၁ နာရီလောက်ကြာမြင့်ခဲ့ပြီး ည ၁၂ နာရီ ၉ မိနစ်လောက်မှသာ မီးငြိမ်းသတ်နိုင်ခဲ့တာဖြစ် ကြောင်း မြန်မာနိုင်ငံ မီးသတ်ဌာနထုတ်ပြန်ထားပါတယ်။ ” အိမ် ၁၁ လုံးပါသွားတယ် ။ မီးလောင်လို့ မီးသတ်ကားလာတော့ ရွာအဝင်လမ်းကကျဥ်းပြီး မီးသတ်ကားဝင်ရခက်တော့ အိမ်တွေ မီးကူးမှုပိုများသွားတယ်။ မီးစလောင်တဲ့အိမ်က ဒယ်နီအိုးကို ပလပ်ထိုးခဲ့တာကနေ…

Read More

“အပြင်ကအဖွဲ့​တွေ ဘယ်လိုသတ်မှတ် သတ်မှတ် အဲဒီအဖွဲ့တွေရဲ့ လုပ်ငန်းမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်မှု မရှိဘူးဆိုရင် ဒီအဖွဲ့တွေနဲ့ ပတ်သက်တယ်၊ ဆက်နွယ်တယ်ဆိုပြီး ပြောလို့တော့မရ”

ဧပြီ ၁၈ – ၂၀၂၆ SN (VOM) နှစ်ရှည် အကျဉ်းချခံထားရတဲ့ သမ္မတ​ဟောင်းဦးဝင်းမြင့်ကို လက်ရှိ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မနေ့ ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း တရက်နေ့) မှာ ပြစ်ဒဏ်တွေကနေ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ပါတယ်။ ဦးဝင်းမြင့်ဟာ ပုဒ်မ ရှစ်ခုနဲ့ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံထားရတာဖြစ်ပြီး မနေ့ ဧပြီ ၁၇ ရက်မှာတော့ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ထိုပြစ်ဒဏ်အပြင် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်” ဆိုတဲ့ ချွင်းချက်နဲ့ ပြန်လည် လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။ ဦးဝင်းမြင့် ပြန်လည် လွတ်မြောက်လာတဲ့ကိစ္စရယ် ​နိုင်ငံ​တော်အတိုင်ပင်ခံ ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​နေထိုင်​ရေးနဲ့…

Read More

ထိုင်းမှာ မြန်မာလုပ်သား ၆၀၀ ကျော် အကြောင်းပြချက်မရှိ ကြိုတင်အသိမပေးဘဲ အလုပ်ရပ်နားခံရလို့ ဒုက္ခရောက်နေ

ဧပြီ ၁၈ ၊ ၂၀၂၆ GG (VOM) ထိုင်းနိုင်ငံ ၊ ပါကျင်ဘူလီခရိုင်၊ကဘင်ဘူလီမြို့နယ်မှာရှိတဲ့ Haier အဲယားကွန်းစက်ရုံက မြန်မာလုပ်သား ၆၂၂ ယောက်ကို ကြိုတင်အသိပေးတာမျိုးမရှိဘဲ အလုပ်ကနေ ရပ်နားလိုက်တာကြောင့် အလုပ်သမားတွေ ဒုက္ခရောက်နေရတယ်လို့ မြန်မာလုပ်သားတွေဆီက သိရပါတယ်။ မြန်မာလုပ်သားတွေကို ဧပြီ ၁၆ ရက်နေ့ကစပြီး အလုပ်ဆင်းစရာမလိုကြောင်း အလုပ်ကနေရပ်နားလိုက်ပြီလို့ အသိပေးခဲ့တာဖြစ်ကြောင်း ၊ အလုပ်ရပ်နားရတဲ့ အကြောင်းအရင်းကိုတော့ ပြောဆိုခြင်းမရှိသလို နစ်နာကြေးလည်း မပေးဘူးလို့ သိရပါတယ်။ အလုပ်ရပ်နားခံလိုက်ရတဲ့ မြန်မာလုပ်သားတွေထဲမှာ အလုပ်စတင်လုပ်ကိုင်ကတည်းက လက်ရှိအလုပ်နားခံရတဲ့အထိ လုပ်ခလစာ မရရှိခဲ့သူတွေလည်းပါဝင်နေတယ်လို့ သိရ ပါတယ်။ ” အလုပ်စဝင်တဲ့ ဒီဇင်ဘာလကနေ အခုဧပြီလအထိ လုပ်ခလစာတကျပ်မှမရသေးဘူး ။ဘန်ကောက်ဘဏ်အကောင့်မရှိလို့ဆိုပြီး မပေးတာ ။ ကိုယ့်လုပ်ခလစာဆိုတော့ လိုချင်တာပေါ့။ ကြားထဲမှာ သူတို့မပေးလို့ အိမ်ကတောင်းသုံး၊သူငယ်ချင်းစီက အကူညီတောင်းရတယ်။ ဘာကြောင့်အလုပ် အလုပ်နားတယ်ဆိုတာ မပြောဘူး…

Read More

ထိုင်းဒုတိယဝန်ကြီးချုပ် ​ဧပြီ ၂၂မှာ မြန်မာပြည်လာမယ်

ဧပြီ-၁၈-၂၀၂၆ Thai PBS ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူအန်ကေခရို (Sihasak Phuangketkeow) ဟာ ထိုင်းနဲ့ မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့သစ်​တွေ ဖွဲ့စည်းပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရန်အတွက် လာမယ့်သီတင်းပတ်အတွင်း နေပြည်တော်ကို သွားရောက်ရန် စီစဉ်ထားကြောင်း သတင်းရင်းမြစ်​က သိရပါတယ်။ ​သူ့ခရီးစဥ်ဟာ သင်္ကြန်နှနှစ်ဆန်းတရက်က နိုင်ငံ​တော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားသောနိုင်ငံ​ရေး အကျဥ်းသား​တွေကို ပြစ်ဒဏ်​တချို့ လျှော့ပေါ့ပေးလိုက်ကြောင်း သတင်းထွက်ပေါ်လာချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ​နိုင်ငံပိုင် ရုပ်သံဌာန MRTV ရဲ့ ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် သမ္မတဟောင်း ဦးဝင်းမြင့် အပါအဝင် အကျဉ်းသား ၄,၃၃၅ ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း သိရပါတယ်။ ​ဆီဟာဆက်ဟာ ဧပြီလ ၂၂ ရက်နေ့မှာ နေပြည်တော်က အစိုးရသစ်ခေါင်းဆောင်​တွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များနဲ့…

Read More

လေပြင်းတိုက်ခတ်မှုကြောင့် ပဲခူးတိုင်းထဲက ကြို့ပင်ကောက်နဲ့ ဇီးကုန်းမြို့နယ်မှာ နေအိမ် အဆောက်အဦ တ​ထောင်ကျော် ပျက်စီးခဲ့ရ

ဧပြီ ၁၈ ၊ ၂၀၂၆ CC(VOM) ပဲခူးတိုင်း အနောက်ပိုင်း ၊ ကြို့ပင်ကောက်မြို့နယ်နဲ့ ဇီးကုန်းမြို့နယ်မှာ မိုးရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် အဆောက်အဦ တ​ထောင်ကျော်ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ သက်ဆိုင်ရာ မြို့နယ်မီးသတ်တပ်ဖွဲ့တွေဆီက သိရပါတယ်။ မနေ့က ဧပြီ ၁၇ ရက်နေ့ ညနေ ၃ နာရီကျော်လောက်ကစပြီး ဖြစ်ပွားခဲ့တဲ့ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်တဲ့အခြေအနေ ကြောင့် နေအိမ်နဲ့ ဘုန်းကြီးကျောင်း ၊စာသင်ကျောင်း ၊ဆေးပေးခန်းတို့ ထိခိုက်ပျက်စီးမှုရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ကြို့ပင်ကောက်မြို့နယ်မှာဆိုရင် လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက် ၅ ခုနဲ့ ကျေးရွာအုပ်စု ၂၂ အုပ်စုရှိ နေအိမ် ၆၃၉ လုံး အမိုးလန်ခဲ့ပြီး နေအိမ် ၅၇ လုံးမှာ ပြိုလဲပျက်စီးခဲ့ကြောင်း ၊ ဘုန်းကြီး ကျောင်း ရှစ် ကျောင်း၊ စာသင်ကျောင်းနှစ် ကျောင်း၊…

Read More

မြဝတီနယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်တော့မှာဖြစ်လို့ နယ်စပ်ပို့ကုန်လိုင်စင်တွေ ချထားပေးနေ

ဧပြီ ၁၈ ၊၂၀၂၆ GG (VOM) ထိုင်း – မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီကနေ နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်တော့မှာဖြစ်တာကြောင့် ပို့ကုန်ပစ္စည်း ခြောက်မျိုးကို နယ်စပ်ပို့ကုန်လိုင်စင် လျှောက်ခွင့်ပြုလိုက်ပြီ ဖြစ်တယ်လို့ ကုန်သည်တွေဆီကသိရပါတယ် ။ ပြောင်းဆံ ၊ ငရုတ်အစို/အခြောက် ၊ ကွမ်းသီးအစို/အခြောက် ၊ ကြက်သွန်နီ ၊ ပဲမျိုးစုံ နဲ့ သီဟိုဆံ တို့ကို ပို့ကုန်လိုင်စင်ချထားပေးလိုက်တာ ဖြစ်ပြီး လိုင်စင်ကို Myanmar Trade Net 2.0 စနစ်မှာ လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။ ” အမှတ် ၂ တံတားပြန်ဖွင့်တော့မှာမို့လို့ ခုလို ပို့ကုန်လိုင်စင် တွေပြန်ချပေးတဲ့သဘောပါ ။ တံတားပြန်ဖွင့်မှ လိုင်စင်လျှောက် ထလုပ်လို့ ကုန်သွယ်ရေး ထလုပ်လို့မှမရတာ ။ ပို့ကုန်လိုင်စင်တွေ ချထားပေးပြီးမှ တံတားဖွင့်တာနဲ့ ကုန်စည်တွေ ချက်ခြင်းပို့နိုင်မှာ အဲဒီသဘောပါ…

Read More

အရာတော်နဲ့ ဖလမ်းမြို့မှာ တိုက်ပွဲ ပြင်းထန်နေ

ဧပြီ ၁၈ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်း အရာတော်မြို့နဲ့ ချင်းပြည်နယ် ဖလမ်းမြို့မှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ အရာ‌တော်မြို့နယ်၊ အရှေ့တောင်ခြမ်းရှိ သလဲဘာ၊ ငွေတွင်းနဲ့ စပါးတွင်းရွာတွေမှာ ဧပြီ ၁၃ ရက်နေ့မှ စတင်ကာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အစိုးရတပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။ “လေကြောင်း တိုက်ခိုက်တာက လေယာဉ်နဲ့ရော၊ စက်တပ်လေထီးနဲ့ရော၊ ဒရုန်းတွေနဲ့ရော နေ့ရောညပါ ဆက်တိုက်ပဲ။ ဒီနေ့နဲ့ဆို ခြောက်ရက်မြောက် ရှိနေပြီပေါ့။ အရာတော်မြို့မှာရှိတဲ့ အစိုးရတပ်ထဲကနေလည်း လက်နက်ကြီးတွေနဲ့ အနီးဝန်းကျင်ကို ပစ်ကူတာတွေရှိတယ်။ ကျေးရွာတွေထဲကျလို့ လူတွေ ထိခိုက်ကုန်တာလည်း ရှိတယ်။ အသေးစိတ်တော့ ပြောလို့မရသေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။…

Read More

ရန်ကုန် – မော်လမြိုင်လမ်းမှာ express ကားနဲ့ light truck တိုက်မိပြီး ဘုန်းကြီး ၇ ပါး အပါအဝင် ၁၁ ယောက်သေဆုံး ၊ ရှစ်ယောက်ဒဏ်ရာပြင်းထန်

ဧပြီ ၁၈ ၊ ၂၀၂၆ GG (VOM) သထုံမြို့နယ်၊ ရန်ကုန် – မော်လမြိုင်လမ်း ၊ မိုင်တိုင်အမှတ် (၁၀၄/၅) အနီးမှာ ဒီကနေ့ ဧပြီ ၁၈ ရက်နေ့ ညနေ ၄ နာရီကျော်လောက်က ခရီးသည်တင် မန္တလာ Express ကားနဲ့ ဘုန်းကြီးတွေလိုက်ပါလာတဲ့ light truck တို့ မျက်နှာချင်းဆိုင်တိုက်မိပြီး ဘုန်းကြီး ၊ ကိုရင် ၊ လူ အပါအဝင် ၁၁ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ် ။ သေဆုံးတဲ့အထဲမှာ ဘုန်းကြီး ခုနှစ်ပါး ၊ ကိုရင် တပါး နဲ့ အမျိုးသားသုံးယောက်တို့ ဖြစ်ကြောင်း ကနဦး သိရပြီး ထိခိုက်ဒဏ်ရာရသူတွေကတော့ အမျိုးသားသုံးယောက်နဲ့ ဘုန်းကြီး ငါးပါးစုစုပေါင်း ရှစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူထဲက…

Read More
VOM News

FREE
VIEW