အမေရိကန်မှာ “ဘုရင်စနစ်အလိုမရှိ/No Kings”ဆိုတဲ့ ကြွေးကြော်သံနဲ့ လူသန်းပေါင်းများစွာ လမ်းပေါ်ထွက် ဆန္ဒပြ

မတ် ၂၉-၂၀၂၆ MT(VOM) ​၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက် မှာ အမေရိကန် ပြည်နယ် ၅၀ လုံးက မြို့ပေါင်း ၃,၂၀၀ ကျော်မှာ ဒေါ်နယ်ထရန့်ရဲ့ ဒုတိယသက်တမ်း အုပ်ချုပ်ပုံကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်နေကြပါတယ်။ ဒါဟာ အမေရိကန် သမိုင်းမှာ အကြီးမားဆုံး အကြမ်းမဖက် ဆန္ဒပြပွဲကြီး ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ​ဘာကြောင့် ဆန္ဒပြကြတာလဲ ​ ​သမ္မတ ထရန့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီး ဘုရင်တစ်ပါးလို ပြုမူနေတယ်လို့ ဆန္ဒပြသူတွေက ယူဆကြပါတယ်။လူဝင်မှုကြီးကြပ်ရေး အေးဂျင့်တွေရဲ့ ပစ်ခတ်မှုကြောင့် လူသေဆုံးမှုတွေ ရှိခဲ့တာကို မကျေနပ်ကြပါဘူး။လွန်ခဲ့တဲ့ လေးပတ်ကစခဲ့တဲ့ အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ရပ်တန့်ဖို့ တောင်းဆိုနေကြပါတယ်။ဓာတ်ဆီဈေးနဲ့ စားသောက်ကုန်ဈေးနှုန်းတွေ အဆမတန် တက်လာတာကိုလည်း ကန့်ကွက်နေကြပါတယ်။ ​ဆန္ဒပြပွဲရဲ့ ထူးခြားချက်များ ​လူဦးရေ စုစုပေါင်း…

Read More

လာမယ့်ဧပြီလအတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်

မတ် ၂၈ – ၂၀၂၆ SS (VOM) လာမယ့် ဧပြီလအတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း တကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ မုန်တိုင်းငယ် ဖြစ်နိုင်ခြေဟာ အခုအချိန်မှာ ပုံသေ တွက်ဆလို့ မရသေးပေမယ့် လတ်တလော အခြေအနေမှာ ပင်လယ်ရေမျက်နှာပြင် အပူချိန်တွေဟာ ပုံမှန်ထက် ပိုမို မြင့်တက်နေတာ ဖြစ်တဲ့အတွက် လေစီးကြောင်း အနည်းငယ် ပြောင်းလဲသွားတာနဲ့ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ပြီး မုန်တိုင်းငယ်အဆင့် ရောက်လာနိုင်ခြေ ရှိနေတာဖြစ်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ “များသောအားဖြင့်လည်း ဧပြီလ၊ မေလတွေမှာက လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းတလုံးက ပုံမှန် ဖြစ်နေကျ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အခုနှစ်နဲ့တူတဲ့ နှစ်တွေကို ပြန်ကြည့်ပြီး သုံးနှစ်ကို ရွေးရတာပေါ့။…

Read More

ငလျင်ကြောင့် သေဆုံးခဲ့ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဘာသာပေါင်းစုံအတွက် ငလျင် တနှစ်ပြည့် နေ့မှာ ဆုတောင်းပွဲပြုလုပ်

မန္တလေး၊ မတ်- ၂၈- ၂၀၂၆ SA(VOM) ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်းအတွင်းမှာ သေဆုံးသူ နှစ်ထောင်ကျော်ရှိခဲ့ပြီး အဲ့ဒီအထဲမှာ အစ္စလာမ်ဘာသာဝင် သုံးရာကျော် သေဆုံးတဲ့အထဲ ပါဝင်ခဲ့ပါတယ်။ ငလျင်ကြောင့် သေဆုံးခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်တွေအပြင် ဘာသာပေါင်းစုံက ငလျင်ကြောင့် သေဆုံးသူတွေအတွက် ဒီကနေ့ တနှစ်ပြည့်တဲ့နေ့ညနေပိုင်းက အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စုက အစ္စလာမ် ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဃရာနာ (K.A.F.T.G)မိသားစုက ခလီဖွာဦးသိန်းဝင်းအောင် နဲ့ အတူ အစ္စလာမ်ဘာသာဝင်တွေက ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

Read More

အီရန် နျူကလီးယားနဲ့ စက်မှုဇုန်တွေ တိုက်ခိုက်ခံရမှု နောက်ဆုံးအခြေအနေ

မတ် ၂၈-၂၀၂၆ MT(VOM) ​အခု ၂၉ ရက်မြောက်နေ့ (၂၀၂၆၊ မတ်လ ၂၈ ရက်) မှာတော့ စစ်ပွဲက တော်တော်လေး အခြေအနေ တင်းမာလာပါတယ်။ အစ္စရေးက အီရန်ရဲ့ နျူကလီးယား စက်ရုံတွေကို တိုက်ခိုက်လိုက်ပြီလို့ အတည်ပြုထားပါတယ်။ ​နျူကလီးယားစက်ရုံတွေ အထိနာခြင်း ​အစ္စရေးဘက်က အီရန်ရဲ့ အဓိက နျူကလီးယားနေရာ ၂ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ​အရတ်ခ် (Arak) နူကလီးယားစက်ရုံ လက်နက်လုပ်လို့ရတဲ့ ပလူတိုနီယမ်တွေ ထုတ်ဖို့ ကြိုးစားနေတယ်ဆိုပြီး တိုက်ခိုက်ခဲ့တာပါ။ ​ယာ့ဇ် (Yazd) ယူရေနီယံသန့်စင်စက်ရုံ ဒါဟာ အီရန်မှာ တစ်ခုတည်းရှိတဲ့ စက်ရုံဖြစ်လို့ အီရန်ရဲ့ နူကလီးယားစီမံကိန်း တော်တော်လေး ထိခိုက်သွားပါတယ်။ ​အပြည်ပြည်ဆိုင်ရာ နူကလီးယားအေဂျင်စီ (IAEA) ကတော့ ဘေးပတ်ဝန်းကျင်ကို ရေဒီယိုသတ္တိကြွမှုတွေ ပျံ့နှံ့တာမျိုးတော့ မရှိသေးဘူးလို့ ပြောထားပါတယ်။ ​ စီးပွားရေးနဲ့…

Read More

နီပေါဝန်ကြီးချုပ်ဟောင်း အိုလီ ဖမ်းဆီးခံရ

မတ် ၂၈-၂၀၂၆ MT(VOM) ​ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ လတုန်းက ဖြစ်ပွားခဲ့တဲ့ “Gen Z” လူငယ်တွေရဲ့ ဆန္ဒပြပွဲကို အကြမ်းဖက်နှိမ်နင်းခဲ့မှုမှာ တာဝန်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ နီပေါဝန်ကြီးချုပ်ဟောင်း ကေပီ ရှာမာ အိုလီ (KP Sharma Oli) ကို ဒီနေ့ (၂၀၂၆၊ မတ်လ ၂၈ ရက်) မနက်ပိုင်းမှာ ဖမ်းဆီးလိုက်ပြီ ဖြစ်ပါတယ်။ ​ ​ဘာကြောင့်ဖမ်းတာလဲအဲဒီတုန်းက ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းခဲ့လို့ လူ ၇၇ ဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။ အိုလီနဲ့ ပြည်ထဲရေးဝန်ကြီးဟောင်းတို့ဟာ ဒီသေဆုံးမှုတွေကို မတားဆီးဘဲ ပေါ့လျော့ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းခံရတာပါ။ ​လက်ရှိအခြေအနေအသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ အိုလီဟာ ကျောက်ကပ်ရောဂါအခံ ရှိတာကြောင့် ဖမ်းဆီးခံရပြီးနောက် ရဲအစောင့်အရှောက်နဲ့ ဆေးရုံတင်ထားရပါတယ်။ ​အစိုးရသစ်ရဲ့ ပြောကြားချက် –…

Read More

ငလျင်ဘေးဒဏ်အတွက် အစိုးရက မန္တလေး တိုင်းဒေသကြီးကို ၆၀ ဘီလီယံကျပ်နဲ့ စစ်ကိုင်း တိုင်းဒေသကြီးကို ၅၀ ကျပ်ဘီလီယံ ပေးထား

နေပြည်တော်၊ မတ်- ၂၈ – ၂၀၂၆ KKL(VOM) မန္တလေးငလျင်ဒဏ်သင့်တဲ့ အထဲမှာပါဝင်တဲ့ မန္တလေးတိုင်းဒေသကြီးအတွက် ကျပ်ဘီလီယံ ၆၀ နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွက် ကျပ်ဘီလီယံ ၅၀ ပေးခဲ့တယ်လို့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ ဒီကနေ့ နေ့လည် ၁၂ နာရီ ၅၁ မိနစ်မှာ နေပြည် တော် MICC-2 မှာပြုလုပ်ခဲ့တဲ့ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု တစ်နှစ်ပြည့်အခမ်းအနား အဖွင့်အမှာပြောကြားတဲ့အချိန်မှာ ထည့်ပြီးပြောကြားခဲ့တာဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အတွက် ကျပ်ဘီလီယံ စုစုပေါင်း ကျပ်ဘီလီယံ ၁၁၀ ကိုတော့ ၂၀၂၆ ဧပြီ ၁၉ ရက်နေ့က ပေးအပ်ခဲ့တဲ့အကြောင်း ယာယီသမ္မတ က ထပ်မံ အတည်ပြု ပြောဆိုခဲ့ပါတယ်။ အဲ့ဒီကိစ္စအပြင် မန္တလေးငလျင်ကြောင့် တစ်နိုင်ငံလုံးမှာ အသက်သေဆုံးသူ ၃၈၁၈ ဦး ပျောက်ဆုံးသူ ၅ ဦး…

Read More

ငလျင်သဘာဝဘေး ကျရောက်ချိန်က ကူညီဆောင်ရွက်ခဲ့ကြတဲ့ အရပ်ဘက်ပရဟိတအသင်းအဖွဲ့တွေနဲ့ အလှူရှင်တွေကို ဂုဏ်ပြုလက်မှတ်ပေးအပ်

မန္တလေး၊ မတ်- ၂၈- ၂၀၂၆ SA(VOM) ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ ၁၂ နာရီ ၅၁ မိနစ်အချိန်မှာ အင်အားရစ်(ခ်)တာစကေး (၇.၇) ရှိတဲ့ အင်အားအလွန်ပြင်းထန်တဲ့ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့တာ (၁)နှစ်ပြည့်မြောက်တဲ့အခမ်းအနားကို မန္တလေးမြို့ မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားမှာ ငလျင် သဘာဝဘေး ကျရောက်ချိန်က ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ အရပ်ဖက် ပရဟိတအဖွဲ့အစည်းတွေနဲ့ ကူညီထောက်ပံ့ပေးခဲ့ကြတဲ့ အလှူရှင်တွေကို ဂုဏ်ပြုလက်မှတ်တွေ ပေးအပ်ခဲ့ပါတယ်။ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနဲ့ နေပြည်တော်ကောင်စီနယ်မြေတို့မှာ အများဆုံးထိခိုက်ခံစားခဲ့ရပြီး လူသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိတာတွေအပြင်ကဏ္ဍပေါင်းစုံမှာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာလဲ မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်၊အမရပူရခရိုင်၊ ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်၊ မိတ္ထီလာခရိုင်နှင့်ရမည်းသင်းခရိုင် စတဲ့ခရိုင်(၇) ခုမှာရှိတဲ့ မြို့နယ်(၁၇)ခုတွင် လုံးဝပျက်စီးလူနေအိမ်(၆၄၃၃) လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးလူနေအိမ် (၂၂၃၉၂)လုံး၊သေဆုံးသူ(၂၄၂၇) ဦးနဲ့ ဒဏ်ရာရရှိသူ စုစုပေါင်း…

Read More
VOM News

FREE
VIEW