မန္တလေး၊ မတ်- ၂၈- ၂၀၂၆
SA(VOM)
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်းအတွင်းမှာ သေဆုံးသူ နှစ်ထောင်ကျော်ရှိခဲ့ပြီး အဲ့ဒီအထဲမှာ အစ္စလာမ်ဘာသာဝင် သုံးရာကျော် သေဆုံးတဲ့အထဲ ပါဝင်ခဲ့ပါတယ်။
ငလျင်ကြောင့် သေဆုံးခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်တွေအပြင် ဘာသာပေါင်းစုံက ငလျင်ကြောင့် သေဆုံးသူတွေအတွက် ဒီကနေ့ တနှစ်ပြည့်တဲ့နေ့ညနေပိုင်းက အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စုက အစ္စလာမ် ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဃရာနာ (K.A.F.T.G)မိသားစုက ခလီဖွာဦးသိန်းဝင်းအောင် နဲ့ အတူ အစ္စလာမ်ဘာသာဝင်တွေက ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
