ဆူးငှက် ရတနာအစစ်တွေ ဆင်ပေးတယ် ———————————– မန္တလေးက အလှူ၊ မင်္ဂလာပွဲများတွင် ရှေးက သတို့သမီးအတွက် ဖြစ်စေ၊ ရှင်လောင်းနှင့် နားသများ အတွက်ဖြစ်စေ၊ လက်ဝတ်ရတနာများကို နီးစပ်သည့် မြို့မိမြို့ဖ သူဌေးကြီးများက ယုံကြည်မှု မေတ္တာဖြင့် မိမိတို့ပိုင် တန်ဖိုးကြီး လက်ဝတ်ရတနာ အစစ်များဖြင့် ဆင်ယင်ပေးကြသည်။ လက်ခံသည့် အလှူ့ရှင် မင်္ဂလာ့ရှင်များကလည်း ဂရုတစိုက်နှင့် ထိန်းသိမ်း ဝတ်ဆင်ကာ ပွဲပြီးသည်နှင့် အပွန်းအပဲ့မခံဘဲ စံနစ်တကျ ပြန်လည် အပ်နှံကြသည်။ ထိုယုံကြည်မှုက အလွန်တန်ဖိုးထားအပ်သည့် မန္တလေး၏ စိတ်ရင်းစိတ်ဓာတ်ဖြစ်သည်။ ကိုယ့်အိမ်ရှေ့ ဈေးထွက်သည့် ကုန်စိမ်သည်လေး မင်္ဂလာဆောင်တော့ အိမ်ကြီးရှင် တိုက်ကြီးရှင်က လက်ဝတ်ရတနာ အစစ်တွေ ငှားရမ်းဆင်ပေးသည်။ ထိုကုန်စိမ်း သည်လေး လှူတော့လည်း မောင်ရင်လောင်းနှင့် နားရံတွေကို ရတနာအစစ်များပဲ ဆင်ပေးသည်။ ထိုနည်းတူ ရပ်ကွက်ထဲတွင် အလှူပွဲ၊ မင်္ဂလာပွဲများ ရှိလျှင်လည်း…
Read More