ဝမ်းရေးအတွက် ကျန်းမာရေးကို သတိမမူမိသူများ
Read More
မြောက်ဦးမြို့မှာ ပစ်ခတ်မှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေရှိ
မြောက်ဦးမြို့မှာ ပစ်ခတ်မှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေရှိ မြောက်ဦး၊ ဖေဖော်ဝါရီ ၂၉- ၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ပွားပြီး အရပ်သားထိခိုက်ဒဏ်ရာရသေဆုံးမှုတွေအပြင် နေအိမ် ၄ လုံးမီးလောင်ဆုံးရံှူးသွားတယ်လို့ သတင်းရရှိပါတယ်။ အဲ့ဒီပစ်ခတ်မှုတွေအတွင်း လက်နက်ငယ်ကျည်ဆံထိမှန်ပြီး ဘုတလုံးကျေးရွာက အမျိုးသား(၂)ဦးသေဆုံးကာ (၆) ယောက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးတဲ့သူနှစ်ဦးဟာ မာမောက်ဟာရီ အသက် (၁၆) နှစ်နဲ့ မာမောက်ရော်ဟီးလူ (၁၀) နှစ်တို့ ဖြစ်ပါတယ်။ ဒါ့အပြင် မြောက်ဦးမြို့နယ် မြောင်းဘွေချေကျေးရွာက ဦးချောင်းသာအောင်ရဲ့ဇနီး ဒေါ်ပိန်မဆိုတဲ့ အမျိုးသမီးဟာလည်း သေနတ်သံနဲ့ ပေါက်ကွဲသံတွေကြောင့် နှလုံးရောဂါနဲ့ သေဆုံးသွားတယ်လို့လည်း သိရပါတယ်။ ” ဒဏ်ရာရတာကတော့ (၉) ယောက်လို့ သတင်းကြားတယ်။ သေတာကတော့ (၃) ယောက်လို့ သိရတယ်။ မြောင်းဘွေချေက အမျိုးသမီးကတော့ သေနတ်သံ၊ ပေါက်ကွဲသံကြားပြီး နှလုံးရောဂါကြောင့် သေသွားတယ်။ နောက်ထပ်လည်း…
Read More
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဟွာမူန်အထည်ချုပ်စက်ရုံ ရက်အကန့်သတ်မရှိပိတ်သိမ်း
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဟွာမူန်အထည်ချုပ်စက်ရုံ ရက်အကန့်သတ်မရှိပိတ်သိမ်း ပုသိမ်၊ ဖေဖော်ဝါရီ ၂၉-၂၀၂၀ ကိုအောင်VOM ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့က ဟွာမူန်အထည်ချုပ်စက်ရုံဟာ တရုတ်နိင်ငံမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထည်ချုပ်စက်ရုံရဲ့ကုန်ကြမ်း ပိတ်လိပ်တွေပြတ်တောက်သွားတဲ့အတွက် ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီလို့သိရပါတယ်။ အဲ့ဒီစက်ရုံဟာ တရုတ်နိင်ငံသားပိုင်ဆိုင်ပြီး အလုပ်သမား၁၀၀၀၀န်းကျင်နဲ့ စက်ရုံကိုလည်ပတ်နေရာကနေ မနေ့ကစပြီး စက်ရုံပိတ်လိုက်တယ်ဆိုတာကို ကြေငြာခဲ့တာဖြစ်ပါတယ်။ “ကုန်ကြမ်းမရှိတော့ပိတ်လိုက်တာတော့ဟုတ်ပါတယ်၊ ဒါပေမယ့် ဝန်ထမ်းအင်္ကျီနဲ့ကဒ်တွေ ပြန်အပ်မယ်ဆိုတာတော့ အပြီးပိတ်လိုက်သလို ဖြစ်နေသလိုမျိုးဆိုတော့ တချို့တွေငိုကြတယ်၊ စက်ရုံပိတ်လိုက်တဲ့အတွက် လုပ်သားတွေရော အနားကစက်ရုံကိုမှီခိုနေကြတဲ့ ဈေးဆိုင်တွေ အခက်အခဲဖြစ်ကုန်ကြတာပေါ့”လို့ စက်ရုံအလုပ်သမားသမဂ္ဂခေါင်းဆောင် မစုပုံချစ်ကပြောပါတယ်။ စက်ရုံဘက်က ယခုဖေဖော်ဝါရီလအတွက် လုပ်ခလစာ၊ ကြိုတင်အကြောင်းကြား တစ်လစာ(noticeကြေး)၊ နှစ်အလိုက် အလုပ်ရပ်ဆဲနစ်နာကြေးအပြင် အချိုးကြလုပ်သက်ခွင့်ကြေးတွေကို စက်ရုံဘက်က ပေးချေသွားမယ်လို့ စက်ရုံကထုတ်ပြန်တဲ့ ကြေငြာစာမှာဖော်ပြထားတာဖြစ်ပါတယ်။ လက်ရှိအခြေအနေနဲ့ပက်သက်ပြီး စက်ရုံဘက်ကိုဆက်သွယ်မေးမြန်းရာမှာတော့ ကုန်ကြမ်းပြတ်တဲ့အတွက် ပိတ်လိုက်ရတယ်လို့ အတည်ပြုပြောဆိုပြီး အသေးစိတ်ကို အလုပ်ရူပ်နေတဲ့အတွက် ဖြေဆိုလို့မရဘူးလို့ စက်ရုံမန်နေဂျာ ဒေါ်မေသန္တာဇော်ကပြောပါတယ် အလုပ်သမားတွေကတော့…
Read More
တွင်းထွက်သယံဇာတထုတ်လုပ်ခြင်း အကျိုးအမြတ်ပိုင်ဆိုင်မှု ဖော်ဆောင်တဲ့ ကုမ္ပဏီ ၁၀၀ ကျော်ရှိ
တွင်းထွက်သယံဇာတထုတ်လုပ်ခြင်း အကျိုးအမြတ်ပိုင်ဆိုင်မှု ဖော်ဆောင်တဲ့ ကုမ္ပဏီ ၁၀၀ ကျော်ရှိ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉-၂၀၂၀ အောင်ထူးနိုင်(VOM) မြန်မာနိုင်ငံရဲ့ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ရေးကဏ္ဍမှာ ကုမ္ပဏီပေါင်း ၁၆၃ ခုအနက် အကျိုးအမြတ်၊ ပိုင်ဆိုင်မှုဆိုင်ရာ ဖော်ဆောင်ရေးလုပ်ငန်းစဉ်မှာ ဖော်ပြတဲ့ကုမ္ပဏီ ၁၂၁ ခုရှိတယ်လို့ မြန်မာနိုင်ငံတွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်တဲ့လုပ်ငန်း ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး(M-EITI)ကပြောပါတယ်။ MEITIက အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု အချက်အလက်ထုတ်ပြန်ကြေညာခြင်း သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရန်ကုန်မြို့ရှိ Cooperative Business Centre မှာ ပြုလုပ်ခဲ့ပြီး MEITI ရဲ့ တာဝန်ရှိသူတွေက ကြေညာခဲ့တာဖြစ်ပါတယ်။ “နိုင်ငံအတွက် ဂုဏ်ယူစရာကောင်းပါတယ်။ ပထမဆုံး အစီရင်ခံစာဖြစ်တဲ့အတွက် ကုမ္ပဏီတွေက ပေးတဲ့အချက်အလက်တွေကို ပြန်လည်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဘယ်လောက်အထိ မှန်သလဲ၊ ဘယ်ကုမ္ပဏီက မှားသလဲဆိုတာကို‌တော့ စိစစ်ဖော်ပြနိုင်ခြင်း မရှိသေးပါဘူး၊ အာဆီယံနိုင်ငံတွေထဲမှာ မြန်မာအနေနဲ့ ပထမဆုံးစတင်တာပါ၊ ဒီလုပ်ငန်းစဉ်က…
Read More
ပလက်ဝကို ဈေးရောင်းသွားတဲ့ ခရီးသည် ၆ ဦး ဖမ်းဆီးခံရ
ပလက်ဝကို ဈေးရောင်းသွားတဲ့ ခရီးသည် ၆ ဦး ဖမ်းဆီးခံရ ကျောက်တော်၊ ဖေဖော်ဝါရီ ၂၉- ၂၀၂၀ ခိုင်လင်းစံ (VOM) ကျောက်တော်ကနေ ပလက်ဝမြို့နယ်၊ နမဒါဈေးကို ဈေးရောင်းသွားချိန် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းက တင်းမကြီး တပ်မတော်စခန်းကနေ ဈေးသည် ၆ဦးကို ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေကပြောပါတယ်။ ” မိသားစုတစ်ခုလုံး စိုးရိမ်ပြီး ငိုယိုနေကြပါတယ်။ သတင်းအစအနလည်း ဘာမှမရဘူး။ တအား ပူပန်ကြောင့်ကြ ရောက်နေပါတယ်။ အထက်လူကြီးတွေကို တောင်းဆိုချင်တာက ကျွန်မတို့ အမျိုးသားအပါအဝင် အခြားသူတွေကိုလည်း အပြစ်မရှိဘဲ ဖမ်းတာဆိုတော့ လွှတ်ပေးစေချင်ပါတယ်။ မိသားစုမှာက အိမ်ထောင်ဦးစီးက ဖမ်းဆီးခံရတာဆိုတော့ နေရေးထိုင်ရေး၊ စားရေးသောက်ရေး ကလေးတွေ ရဲ့ပညာရေးအတွက်ပါစိုးရိမ်တာကြောင့် ပြန်လည်လွှတ်ပေးစေလိုတယ်။ကျွန်မ အမျိုးသားက ဈေးရောင်းလာတာ နှစ်ပေါင်း ၂၀ ရှိပါပြီ။ အခုမှ ဒီလိုအဖမ်းခံရတာဆိုတော့ ဝမ်းနည်းရပါတယ်။…
Read More
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပမယ့် ရှမ်းပြည်မှာ တိုက်ပွဲပြင်းထန်မှုဖြစ်ပွား
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပမယ့် ရှမ်းပြည်မှာ တိုက်ပွဲပြင်းထန်မှုဖြစ်ပွား မူဆယ်၊ ဖေဖော်ဝါရီ ၂၉-၂၀၂၀ ဖြူဖြူဖွေး(VOM) ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပဖို့ သဘောတူထားပေမယ့် မနေ့ ဖေဖော်ဝါရီ ၂၇ ရက် နဲ့ ၂၈ရက်နေ့က ရှမ်းပြည်နယ်၊လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာအုပ်စု လွယ်တွမ်းတောင်တန်းပေါ်မှာ (RCSS/SSA)နဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA )နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တို့က နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ဖို့အတွက် သဘောတူညီထားတာလည်း ဖြစ်ပါတယ်။ “ တပ်မတော်က ဘယ်လိုသတင်းရပြီး ဘယ်လိုရည်ရွယ်ချက်ရှိလည်းမသိဘူး ၊ အင်နဲ့အားနဲ့ အဘက်ဘက်က ဝင်တိုက်တာ ၊ကျွန်တော်လူတွေက လုံးဝထင်မထားဘူးလေ ၊ကျွန်တော်တို့က ငြိမ်းချမ်းရေး အဖွဲ့ဘဲလေ၊အခုလိုဖြစ်တော့ ငြိမ်းချမ်းရေး နဲ့ ယုံကြည်မှုတည်ဆောက်ဖို့ ရှေ့ဆက်သွား မယ့် ၂၁ ပင်လုံ ကိစ္စတွေမှာ…
Read More
VOM News
FREE
VIEW