အောက်တိုဘာ ၂၂ ၊ ၂၀၂၆ GG (VOM) အွန်လိုင်းကနေ ရထားလက်မှတ်ဝယ်ယူရာမှာ KBZ Pay ကနေငွေဖြတ်သွားပေမယ့် ငွေပေးချေမှုမအောင်မြင်ဘူးဆိုပြီး လက်မှတ်ဖြတ်မရတဲ့ ပြဿနာ တက်နေတယ်လို့ ရထားစီးနင်းသူတွေဆီက သိရပါတယ်။ ” လက်မှတ်ဖိုးက Kpay ထဲကဖြတ်သွားပေမယ့် E ticket က မကျလာဘဲ ငွေပေးချေမှုမအောင်မြင်ပါဆိုပြီး ဘဲပေါ်လာတယ်။ အခုထိလည်း ပိုက်ဆံပြန်မဝင်လာသေးဘူး ။ မနက်ကျမှ ORTP ကိုဆက်သွယ်ကြည့်ရမှာပါ ။ တချို့ကတော့ ပြန်ရတယ်ပြောတယ်။ ” လို့ မီးရထားစီးနင်းသူတယောက်က ပြောပါတယ်။ ဒါအပြင် ခုံအလွတ်ဖြစ်ကြောင်း အစိမ်းရောင်ပြနေပေမယ့် ခုံဝယ်ယူတဲ့အခါ.ဝယ်ယူလို့မရတဲ့ Error လည်း တက်နေတာကြောင့် ရထားလက်မှတ်ဖြတ်တဲ့နေရာမှာ အဆင်မပြေ ဖြစ်နေရတယ်လို့ သိရပါတယ်။ ရထားလက်မှတ်ကို အွန်လိုင်းကနေဖြတ်ရတဲ့ စနစ်က အင်တာနက်အခက်အခဲတွေကြောင့်လည်း အဆင်မပြေမှုတွေကြုံရကြောင်း ၊ လက်မှတ်ရရှိဖို့အရေး ည ၁၂…
Read MoreDay: October 22, 2026
အခြေခံရည်ညွှန်းစပါးဈေး ၁၃၅၀ဝဝဝ ကျပ်သတ်မှတ်လိုက်ပေမယ့် စျေးကွက်ပေါက်စျေးကမြင့်နေရင် ပေါက်စျေးအတိုင်း ဝယ်ရမယ်
အောက်တိုဘာ ၂၂ ၊ ၂၀၂၆ CC (VOM) မိုးစပါးကို အခြေခံရည်ညွှန်းစပါးဈေးနှုန်းအဖြစ် ၁၃ သိန်း ၅၀ဝဝဝ ကျပ်သတ်မှတ်လိုက်ပေမယ့် စျေးကွက်ပေါက်စျေးက အဲဒီစျေးထက်မြင့်နေရင် ပေါက်စျေးအတိုင်း ဝယ်ယူရမယ်လို့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး၊ ဦးဆောင်အဖွဲ့က ဆိုပါတယ်။ လက်ရှိမှာ မိုးစပါးအသစ်ပေါက်စျေးက စပါးအမျိုးအစားအပေါ်လိုက်ပြီး ကျပ်သိန်း ၂၀ ကနေ ၂၄ သိန်းအကြား ပေါက်စျေးရှိနေပြီး အဝယ်လိုက်နေတယ်လို့သိရပါတယ်။ ” အခုသတ်မှတ်ပေးတယ်ဆိုတာက အခြေခံစျေးနူန်းပါ ။ အဲဒီစျေးနဲ့အရောင်းအဝယ်လုပ်ဖို့မဟုတ်ပါဘူး။ စျေးကွက်ပေါက်စျေးက ရည်ညွှန်စျေးထက်နည်းနေရင်သာ ရည်ညွှန်စျေးအောက်ချပြီး ဝယ်လို့မရတာပါ။ စျေးကွက်ကမြင့်နေရင် မြင့်တဲ့အတိုင်းဝယ်ရပါမယ်။ ” လို့ ဆန်စပါးကုန်သည်တယောက်က ပြောပါတယ်။ ဒါကြောင့်တောင်သူတွေအနေနဲ့ အခုထုတ်ပြန်လာတဲ့ စပါးအခြေခံရည်ညွှန်းစျေးနဲ့ပတ်သက်လို့ စိုးရိမ်စရာမရှိသလို အခုဖြစ်နေတဲ့ စျေးကွက်အပေါ် လည်းထိခိုက်စရာမရှိကြောင်း ၊ စပါးစျေးလည်း ကျစရာအကြောင်း မရှိဘူးလို့ သိရပါတယ်။ အဲဒီအပေါ် မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်…
Read Moreမုံးကိုးမှာ တရုတ်နိုင်ငံသားတွေထက် မြန်မာနိုင်ငံသားတွေ နေထိုင်ခွင့်ကြေး ပိုပေးဆောင်နေရ
အောက်တိုဘာ ၂၂၊ ၂၀၂၆ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ် – မြန်မာ နယ်စပ်၊ ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ မုံးကိုးမှာ တရုတ်နိုင်ငံသားတွေထက် မြန်မာနိုင်ငံသားတွေ နေထိုင်ခွင့်ကြေး ပိုပေးဆောင်နေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နေထိုင်ခွင့်ကတ် လုပ်တာ တရုတ်နိုင်ငံသားတွေကို ဆိုရင် တနှစ်လုံးမှာမှ တရုတ်ငွေ ယွမ် ၂၀၀ စွန်းစွန်းပဲ ယူတယ်။ ကျနော်တို့ မြန်မာ နိုင်ငံသားတွေကိုကျတော့ တနှစ်ကို ယွမ် ၃၆၀ ယူတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားပဲ။ ဘာလို့ ဒီလို ယူလဲ၊ မတရားဘူးလို့ ပြောတော့ လာမရှုပ်နဲ့ လို့ပြောတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ကိုးကန့် MNDAA ထိန်းချုပ် နယ်မြေတွေမှာတော့ တရုတ်နိုင်ငံရဲ့ မူဝါဒ အတိုင်းကျင့်သုံး နေပြီး MNDAA…
Read Moreရိုးရာ လက်လုပ် မီးပုံးလေးတွေ ပြန်လည်ဆန်းသစ်လာ
မန္တလေး၊ အောက်တိုဘာ- ၂၂- ၂၀၂၆ SA(VOM) ဒီနှစ်သီတင်းကျွတ်ပွဲတော်အတွက် မြန်မာ့ရိုးရာ လက်လုပ်မီးပုံလေးတွေကို ဒီဇိုင်းအသစ်တွေနဲ့ ဖန်းတီးထားပြီး ပြန်လည်ဆန်းသစ်လာသလို မန္တလေးမှာ သီတင်းကျွတ်ပွဲတော်မတိုင်ခင်က တည်းက ရောင်းချသူတွေနဲ့ ဝယ်ယူသူတွေ စည်ကားလို့နေပါတယ်။ ဒီ ရိုးရာလက်လုပ် မီးပုံးလေးတွေရောင်းချတဲ့စျေးတန်းကတော့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၈၆ လမ်း၊ ၄၀ လမ်းနဲ့ ၄၁ လမ်းကြားမှာ တည်ရှိတာဖြစ်ပါတယ်။ ဒါအပြင် မန္တလေးမြို့ရဲ့ နေရာအနှံ့အပြားမှာလည်း သီတင်းကျွတ်ပွဲတော်အတွက် ရာသီစာဖြစ်တဲ့ မီးပုံးပျံ၊ လက်လုပ်မီးအိမ် အစုံကိုလည်း ရောင်းချနေတာကို တွေ့ရပါတယ်။ ကုန်စျေးနှုန်းတွေတက်လာတာကြောင့် ခါတိုင်းနှစ်တွေကထက်စာရင် မီးပုံးစျေးတွေ အနည်းငယ်တက်လာတယ်လို့လည်း မီးပုံးရောင်းချသူတွေက ပြောပါတယ်။
Read More