တွင်းထွက်သယံဇာတထုတ်လုပ်ခြင်း အကျိုးအမြတ်ပိုင်ဆိုင်မှု ဖော်ဆောင်တဲ့ ကုမ္ပဏီ ၁၀၀ ကျော်ရှိ

တွင်းထွက်သယံဇာတထုတ်လုပ်ခြင်း အကျိုးအမြတ်ပိုင်ဆိုင်မှု ဖော်ဆောင်တဲ့ ကုမ္ပဏီ ၁၀၀ ကျော်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉-၂၀၂၀
အောင်ထူးနိုင်(VOM)

မြန်မာနိုင်ငံရဲ့ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ရေးကဏ္ဍမှာ ကုမ္ပဏီပေါင်း ၁၆၃ ခုအနက် အကျိုးအမြတ်၊ ပိုင်ဆိုင်မှုဆိုင်ရာ ဖော်ဆောင်ရေးလုပ်ငန်းစဉ်မှာ ဖော်ပြတဲ့ကုမ္ပဏီ ၁၂၁ ခုရှိတယ်လို့ မြန်မာနိုင်ငံတွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်တဲ့လုပ်ငန်း ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး(M-EITI)ကပြောပါတယ်။

MEITIက အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု အချက်အလက်ထုတ်ပြန်ကြေညာခြင်း သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရန်ကုန်မြို့ရှိ Cooperative Business Centre မှာ ပြုလုပ်ခဲ့ပြီး MEITI ရဲ့ တာဝန်ရှိသူတွေက ကြေညာခဲ့တာဖြစ်ပါတယ်။

“နိုင်ငံအတွက် ဂုဏ်ယူစရာကောင်းပါတယ်။ ပထမဆုံး အစီရင်ခံစာဖြစ်တဲ့အတွက် ကုမ္ပဏီတွေက ပေးတဲ့အချက်အလက်တွေကို ပြန်လည်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဘယ်လောက်အထိ မှန်သလဲ၊ ဘယ်ကုမ္ပဏီက မှားသလဲဆိုတာကို‌တော့ စိစစ်ဖော်ပြနိုင်ခြင်း မရှိသေးပါဘူး၊ အာဆီယံနိုင်ငံတွေထဲမှာ မြန်မာအနေနဲ့ ပထမဆုံးစတင်တာပါ၊ ဒီလုပ်ငန်းစဉ်က ဆက်သွားဖို့ လိုသေးတယ်”လို့ MEITI ရဲ့ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်းက ပြောပါတယ်။

ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) ဝက်ဘ်ဆိုက်မှာ အချက်အလက် တင်သွင်းထားတဲ့ ကုမ္ပဏီတွေရဲ့ ကဏ္ဍအလိုက် ဖော်ပြချက်အရ အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဆိုင်ရာ ဖော်ဆောင်ရေး လုပ်ငန်းစဉ်မှာ ကျောက်စိမ်းနဲ့ကျောက်မျက်လုပ်ငန်း ၆၈ ခုရှိပြီး မဖြည့်သွင်းသေးတဲ့ လုပ်ငန်း ၁၅ ခု၊ သတ္တုတူးဖော်ရေးလုပ်ငန်းမှာ ဖြည့်သွင်းထားတဲ့ လုပ်ငန်း ၂၀၊ မဖြည့်သွင်းသေးတဲ့ လုပ်ငန်း ၁၀ ခု၊ ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းမှာ ဖြည့်သွင်းထားတဲ့ လုပ်ငန်း ၁၉ ရှိပြီး မဖြည့်သွင်းသေး တဲ့ လုပ်ငန်း ၁၂ ခုရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရေနံနဲ့ သဘာဝဓါတ်ငွေ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ ဖြည့်သွင်းထားတဲ့ လုပ်ငန်း ၁ ခုရှိပြီး မဖြည့်သွင်းသေးတဲ့လုပ်ငန်း ၃ ခု၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေမှာ ဖြည့်သွင်းထားတဲ့လုပ်ငန်း ၄ ခုရှိပြီး မဖြည့်သွင်း‌သေးတဲ့လုပ်ငန်း ၁ ခု ရှိနေတယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #သယံဇာတထုတ်လုပ်ခြင်း #အကျိုးအမြတ်ကုမ္ပဏီ

Zawgyi

တြင္းထြက္သယံဇာတထုတ္လုပ္ျခင္း အက်ိဳးအျမတ္ပိုင္ဆိုင္မႈ ေဖာ္ေဆာင္တဲ့ ကုမၸဏီ ၁၀၀ ေက်ာ္ရွိ

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၉-၂၀၂၀
ေအာင္ထူးႏိုင္(VOM)

ျမန္မာႏိုင္ငံရဲ႕ တြင္းထြက္သယံဇာတ တူးေဖာ္ထုတ္လုပ္ေရးက႑မွာ ကုမၸဏီေပါင္း ၁၆၃ ခုအနက္ အက်ိဳးအျမတ္၊ ပိုင္ဆိုင္မႈဆိုင္ရာ ေဖာ္ေဆာင္ေရးလုပ္ငန္းစဥ္မွာ ေဖာ္ျပတဲ့ကုမၸဏီ ၁၂၁ ခုရွိတယ္လို႔ ျမန္မာႏိုင္ငံတြင္းထြက္သယံဇာတ တူးေဖာ္ထုတ္လုပ္တဲ့လုပ္ငန္း ပြင့္လင္းျမင္သာမႈေဖာ္ေဆာင္ေရး(M-EITI)ကေျပာပါတယ္။

MEITIက အက်ိဳးအျမတ္ရရွိပိုင္ဆိုင္မႈ အခ်က္အလက္ထုတ္ျပန္ေၾကညာျခင္း သတင္းစာရွင္းလင္းပြဲကို ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ Cooperative Business Centre မွာ ျပဳလုပ္ခဲ့ၿပီး MEITI ရဲ႕ တာဝန္ရွိသူေတြက ေၾကညာခဲ့တာျဖစ္ပါတယ္။

“ႏိုင္ငံအတြက္ ဂုဏ္ယူစရာေကာင္းပါတယ္။ ပထမဆုံး အစီရင္ခံစာျဖစ္တဲ့အတြက္ ကုမၸဏီေတြက ေပးတဲ့အခ်က္အလက္ေတြကို ျပန္လည္ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ ဘယ္ေလာက္အထိ မွန္သလဲ၊ ဘယ္ကုမၸဏီက မွားသလဲဆိုတာကို‌ေတာ့ စိစစ္ေဖာ္ျပႏိုင္ျခင္း မရွိေသးပါဘူး၊ အာဆီယံႏိုင္ငံေတြထဲမွာ ျမန္မာအေနနဲ႔ ပထမဆုံးစတင္တာပါ၊ ဒီလုပ္ငန္းစဥ္က ဆက္သြားဖို႔ လိုေသးတယ္”လို႔ MEITI ရဲ႕ အရပ္ဘက္အဖြဲ႕အစည္းကိုယ္စားလွယ္ ေဒၚမိုးမိုးထြန္းက ေျပာပါတယ္။

ရင္းႏွီးျမဳပ္ႏွံမႈနဲ႔ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန(DICA) ဝက္ဘ္ဆိုက္မွာ အခ်က္အလက္ တင္သြင္းထားတဲ့ ကုမၸဏီေတြရဲ႕ က႑အလိုက္ ေဖာ္ျပခ်က္အရ အက်ိဳးအျမတ္ ရရွိပိုင္ဆိုင္မႈဆိုင္ရာ ေဖာ္ေဆာင္ေရး လုပ္ငန္းစဥ္မွာ ေက်ာက္စိမ္းနဲ႔ေက်ာက္မ်က္လုပ္ငန္း ၆၈ ခုရွိၿပီး မျဖည့္သြင္းေသးတဲ့ လုပ္ငန္း ၁၅ ခု၊ သတၱဳတူးေဖာ္ေရးလုပ္ငန္းမွာ ျဖည့္သြင္းထားတဲ့ လုပ္ငန္း ၂၀၊ မျဖည့္သြင္းေသးတဲ့ လုပ္ငန္း ၁၀ ခု၊ ေရနံနဲ႔သဘာဝဓါတ္ေငြ႕လုပ္ငန္းမွာ ျဖည့္သြင္းထားတဲ့ လုပ္ငန္း ၁၉ ရွိၿပီး မျဖည့္သြင္းေသး တဲ့ လုပ္ငန္း ၁၂ ခုရိွတယ္လုိ႔ သိရပါတယ္။

ဒါ့အျပင္ ေရနံနဲ႔ သဘာဝဓါတ္ေငြ႕ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမွာ ျဖည့္သြင္းထားတဲ့ လုပ္ငန္း ၁ ခုရွိၿပီး မျဖည့္သြင္းေသးတဲ့လုပ္ငန္း ၃ ခု၊ ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းေတြမွာ ျဖည့္သြင္းထားတဲ့လုပ္ငန္း ၄ ခုရွိၿပီး မျဖည့္သြင္း‌ေသးတဲ့လုပ္ငန္း ၁ ခု ရွိေနတယ္လို႔လည္း သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #သယံဇာတထုတ္လုပ္ျခင္း #အက်ိဳးအျမတ္ကုမၸဏီ

Related posts

Leave a Comment

VOM News

FREE
VIEW