ဆူးငှက် သံဃာ့ဆေးရုံကြီး တစ်ရုံ ဆောက်လုပ်မည် ———————————————- ကျွန်တော် သရက်ကုန်းရပ်ကွက်လေးသို့ ၁၉၉၉ – ၂၀၀၀ ခုနှစ်မှ စတင်ပြောင်းရွှေ့နေထိုင်ခဲ့ရာ ၂နှစ်ကျော် ၃နှစ်လောက်ပဲ စိတ်လက်ကြည်သာ ချမ်းမြရှိခဲ့သည်။ ဒါတောင် အိမ်ထဲ ရေဝင်လို့ဖို့ရ၊ လမ်းမှာ ကျောက်ပျက်ခင်းရ၊ လျှပ်စစ်မီးအတွက် ပူပန်ရနှင့် စိတ်မောခဲ့ရသည်။ ၂၀၀၃ခုနှစ် ဇူလိုင်လမှ စ၍ စိတ်လက်မချမ်းသာ ပင်ပန်း ဆင်းရဲ လိုက်သည်မှာ ၂၀၀၉ခုနှစ်တိုင်တော့သည်။ ဒါတောင် လွတ်ကင်းသွားလို့ စိတ်ဒုန်းဒုန်းချကာ ခေါင်းပြားအောင် အိပ်ရတာမဟုတ်။ ဖြစ်ပျက်သမျှ ခါးစည်းခံ တော့မယ်ဟု ရဲစိတ်မွေးလိုက်လို့ ဖြစ်သည်။ ထို့ကြောင့် သရက်ကုန်းကိစ္စ ခေါင်းထဲ မထားတော့ဘဲ အဆို အတီး အကအခုန်များနှင့် ပြောလိုက် ဟောလိုက် ပျော်ပျော်နေလိုက်တော့သည်။ အမှန်က မထူးဇာတ်ခင်းခြင်း ဖြစ်သည်။ ဒါတောင်မှ ၂၀၀၇ခု…
Read More