သူတို့အိမ် အခန်း (၁၈၉)

ဆူးငှက် ဒရဝမ်တောင် လစာ ၁သိန်းပေးသတဲ့ —————————————– ကျွန်တော်လည်း ထိုစဉ်ကာလ ထိုအဖြစ်မျိုးနှင့် တူလှသည် (အခုလည်း ထိုစဉ်က အတိုင်းပါပဲ၊ မပြောင်းလဲ)။ ရပ်ဆွေ ရပ်မျိုးများက တွေ့လိုက်သည်နှင့် အလုပ်ရော ရှိရဲ့လား၊ ကြွေးကင်းရဲ့လား၊ အခု မခင်ရီတို့ အိမ်မှာပဲ ကပ်နေရသေးတာ လား၊ ကလေးက ၂ယောက်ရှိပြီနော် ဟု စကားတင်းဆိုကြသည်။ ဒါနဲ့ အခု အလုပ်က ဘယ်မှာလဲဟု မေးတော့ ကျွန်တော်က ဂုဏ်ယူဝံ့ကြွားစွာဖြင့် လူထုဒေါ်အမာရဲ့ တိုက်မှာလေ ဟု လက်မထောင် ဖြေတော့ သြော် မင်းက ပုံနှိပ်တိုက်မှာ စာအုပ်ချုပ်ရတာပေါ့ ဟု ကောက်ချက်ချတော့သည်။ ဒါနှင့် မပြီးသေး၊ မင်းနဲ့ တွဲဖက် မင့် လူကတော့ ပြန်လာပြီး သူဌေးဖြစ်နေတာမဟုတ်လား၊ မြို့သစ်မှာ ရေသန့်စက်ရုံကြီး ထောင်ထားတာပဲ၊ ဒရဝမ်တောင် လစာ ၁သိန်းလောက်…

Read More

သွေးချိုဓာတ်ကို သဘာဝကျကျ ထိန်းချုပ်နိုင်မည့် နေထိုင်စားသောက်မှုပုံစံ

မန္တလာ ဆရာမျိုး သွေးချိုရောဂါ (Diabetes Mellitus – ဆီးချိုရောဂါ) သည် ယနေ့ခေတ်တွင် လူကြီးလူငယ်မရွေး တွေ့ရှိလာရသော နာတာရှည်ရောဂါတစ်မျိုး ဖြစ်သည်။ အထူးသဖြင့် အစားအသောက်ပုံစံပြောင်းလဲလာခြင်း၊ လှုပ်ရှားမှုနည်းလာခြင်း၊ အဝလွန်ခြင်းနှင့် စိတ်ဖိစီးမှုများခြင်းတို့ကြောင့် သွေးတွင်းသကြားဓာတ် (Blood Glucose – သွေးချိုဓာတ်) မြင့်တက်လာသူများ ပိုမိုများပြားလာသည်။ သွေးချိုဓာတ် မြင့်နေသည်ကို အချိန်မီမထိန်းချုပ်နိုင်ပါက နှလုံး၊ ကျောက်ကပ်၊ မျက်စိ၊ အာရုံကြောနှင့် သွေးကြောများကို ထိခိုက်စေနိုင်သည့်အတွက် နေ့စဉ်ဘဝတွင် ကျန်းမာသောနေထိုင်မှုပုံစံကို လိုက်နာခြင်းမှာ အလွန်အရေးကြီးသည်။ သွေးချိုဓာတ်ကို လျှော့ချရန်အတွက် ပထမဆုံးလုပ်သင့်သည်မှာ သကြားဓာတ်များသော အစားအသောက်များကို လျှော့စားခြင်းဖြစ်သည်။ အချိုရည်များ၊ အချိုမုန့်များ၊ ချောကလက်များ၊ ကိတ်မုန့်များ၊ Bubble Tea များ၊ Energy Drink များနှင့် သကြားထည့်ထားသော အဖျော်ယမကာများသည် သွေးချိုဓာတ်ကို အချိန်တိုအတွင်း မြင့်တက်စေနိုင်သည်။ “Sugar-free”…

Read More

မူဆယ်အထွက်နဲ့ လားရှိုး အဝင်တွေမှာ တရုတ်ပစ္စည်း ပါဆယ်ထုပ်တောင် ခွင့်မပြု

ဩဂုတ် ၈၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်အထွက်မှာ ပြီးခဲ့တဲ့ တပတ်ခန့်ကစပြီး တရုတ်ပစ္စည်း ပါဆယ်ထုပ်တောင် ထွက်ခွင့်မ​ပေးတော့သလို လားရှိုး အဝင်တွေမှာလည်း ဝင်ခွင့်မ​ပေးတော့ကြောင်း ယာဉ်မောင်းတွေဆီက သိရပါတယ်။ “မူဆယ် အထွက် စစ်တပ်ဂိတ်မှာ ပစ္စည်းတွေ မဖြတ်ရတော့တာ ဟုတ်တယ်။ စက်ပစ္စည်းဆို ပိုဆိုးတယ်။” လို့ ခရီးသည် ယာဉ်မောင်း တယောက်က ပြောပါတယ်။ မူဆယ် ကနေ လားရှိုးဘက် အထွက်ဂိတ်မှာ တရုတ်ပစ္စည်း ပစ္စည်းပါရင် မဖြတ်ရတာ တပတ်လောက် ရှိပြီလို့ သူက ပြောပါတယ်။ အဲဒီ ဂိတ်မှာ ပိုက်ဆံ အရမ်းတောင်းစားလို့ လိုင်းပေါ်တင်လိုက်တာကြောင့်လို့သိရပြီး ပါဆယ် အသေးလေးတောင် ပြန်လှည့်ခိုင်းနေတယ်လို့ သူက ထပ်ပြောပြပါတယ်။ “မူဆယ် အထွက်ရော လားရှိုး အဝင်ရော စစ်တပ်ဂိတ်က ပစ္စည်း မပေးလို့ ကား…

Read More

ဆည်တော်ကြီးရေလှောင်တမံ ရေလျှော့ချနေတာကြောင့် ချောင်းမကြီးအနီးက ကျေးရွာ ၁၀ ရွာဝန်းကျင်ရေနစ်မြုပ်၊ မန္တလေး – မိုးကုတ်ကားလမ်း ဖြတ်သန်းမရ

မန္တလေး၊ သြဂုတ်- ၈- ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာရှိတဲ့ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များလာတာကြောင့် ရေထိန်းညှိဖို့အတွက် သြဂုတ်လ ၃ ရက်နေ့ကတည်းက ရေဖောက်ချရာမှာ ဒီကနေ့ သြဂုတ်လ ၈ ရက်နေ့မနက်ပိုင်းမှာ ပိုဆိုးလာပြီး ချောင်းမကြီးအနီးက ကျေးရွာ ၁၀ ရွာခန့် ရေနစ်မြုပ်ခဲ့ကာ မန္တလေး – မိုးကုတ် ကားလမ်းလည်း ရေကျော်နေလို့ အသုံးပြုလို့မရဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ” အခုက လေး ငါးရွာလောက် အကူအညီလေးတွေလိုတာပေါ့၊ အစားအသောက်နဲ့ ဆေးဝါးလေးတွေလိုတယ်၊ ရေကလည်းတော်တော်လေးများနေပြီး ကားကို ကူးမရတော့ဘူး၊ ဒီဘက်မြောင်းတွေကတော့ မလျံသေးဘူး၊ ချောင်းမကြီးကလွှတ်တဲ့ဟာ ကားလမ်းကျော်တာတော့ရှိတယ်၊ တချို့ကလည်း လွတ်ရာရွှေ့သွားပြီလေ၊ အခုလောလောဆယ် မန္တလေးက အသင်းသုံးသင်းလာမှာ စောင့်နေတာ၊ ခုလောလောဆယ်တော့ အင်းတကားဘက်ကျတော့ ရေကူးသွားပြီးတော့ ဘောင်ဘက်ကနေ ကူညီလှူဒါန်းရမှာပေါ့၊ မန္တလေးက မဟာမြိုင်အသင်းနဲ့…

Read More

ရေကြီးတဲ့​နေရာ​တွေက အစားအသောက်တွေမှာ အညစ်အကြေးနဲ့ ဓာတုပစ္စည်းတွေ ရောနှောပါဝင်နိုင်လို့ စစ်ဆေးပြီးမှ စားသုံးစေလို

ဩဂုတ် ၈ – ၂၀၂၆ SS (VOM) ရေကြီးမှုတွေ ဖြစ်ပြီးနောက် အစားအသောက်တွေမှာ မိလ္လာ၊ အညစ်အကြေး၊ ဆီနဲ့ တခြား ဓာတုပစ္စည်းတွေ ရောနှော ပါဝင်နိုင်တဲ့အတွက် စနစ်တကျ စစ်ဆေးပြီးမှ စားသုံးကြဖို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထားပါတယ်။ ရေဘေးသင့်ဒေသက ပြည်သူတွေအနေနဲ့ ရေကြီးမှုအတွင်း မသန့်ရှင်း‌တဲ့ရေနဲ့ ထိထားတဲ့ ချက်ပြုတ်ပြီးနဲ့ မချက်ရသေးတဲ့ အစားအသောက်တွေ၊ အရောင်၊ အနံ့ မကောင်းတဲ့ သောက်သုံးရေတွေနဲ့ အဖုံးမလုံတဲ့ သောက်ရေသန့်ဘူးတွေ၊ အနံ့၊ အရောင်၊ အနေအထားမကောင်းတဲ့ အစားအသောက်တွေ၊ စက္ကူပုံးတွေလို ရေစိုမခံတဲ့ ထုပ်ပိုးပစ္စည်းတွေနဲ့ ထုပ်ပိုးစာတွေ၊ မသန့်တဲ့ရေနဲ့ ထိတွေ့ထားတဲ့ ပေါက်ပြဲ၊ ဖောင်းပွ၊ သံချေးတက် ၊ ယိုစိမ့်ထွက်၊ ပျက်စီး၊ ဘေးမကင်းဘူးလို့ သံသယရှိတဲ့ အစားအသောက်တွေနဲ့ စည်သွပ်ဘူးတွေကို ရှောင်ကျဉ်ရမယ်လို့ ဆိုပါတယ်။…

Read More

စစ်ကိုင်းတိုင်းနဲ့ ရှမ်း (မြောက်) ရေဘေး သေဆုံးသူ ၁၀ ယောက်အထိ ရှိလာ

ဩဂုတ် ၈ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်‌ (မြောက်ပိုင်း) ရေကြီးမှုအတွင်း ရေစီးနဲ့ မျောပါသေဆုံးသူ ၁၀ ယောက်အထိ ရှိလာပြီလို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်နေ့၊ ညပိုင်းကစပြီး မိုးသည်းထန်ခဲ့တာကြောင့် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင်တမံ ရေပြည့်မှတ်အနီး ရောက်ရှိလာတဲ့အတွက် ဩဂုတ် ၅ ရက်နေ့နဲ့ ‌၆ ရက်နေ့တွေမှာ ဆည်ရေ သုံးကြိမ် လွှတ်ချခဲ့ပါတယ်။ ဒါကြောင့် မူးမြစ်ရေလျှံတက်လာကာ မြစ်ကြောင်းတလျှောက်က ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ တန့်ဆည်၊ ဒီပဲယင်း၊ အရာတော်၊ ရေဦး၊ ကောလင်းနဲ့ ကျွန်းလှမြို့နယ်တွေအတွင်း ရေကြီးနေပြီး ရေစီးနဲ့မျောပါ သေဆုံးသူ ရှစ်ယောက်အထိ ရှိလာနေပြီလို့ သိရပါတယ်။ မနေ့ ဩဂုတ်…

Read More
VOM News

FREE
VIEW