မူဆယ်အထွက်နဲ့ လားရှိုး အဝင်တွေမှာ တရုတ်ပစ္စည်း ပါဆယ်ထုပ်တောင် ခွင့်မပြု

ဩဂုတ် ၈၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်အထွက်မှာ ပြီးခဲ့တဲ့ တပတ်ခန့်ကစပြီး တရုတ်ပစ္စည်း ပါဆယ်ထုပ်တောင် ထွက်ခွင့်မ​ပေးတော့သလို လားရှိုး အဝင်တွေမှာလည်း ဝင်ခွင့်မ​ပေးတော့ကြောင်း ယာဉ်မောင်းတွေဆီက သိရပါတယ်။
“မူဆယ် အထွက် စစ်တပ်ဂိတ်မှာ ပစ္စည်းတွေ မဖြတ်ရတော့တာ ဟုတ်တယ်။ စက်ပစ္စည်းဆို ပိုဆိုးတယ်။” လို့ ခရီးသည် ယာဉ်မောင်း တယောက်က ပြောပါတယ်။
မူဆယ် ကနေ လားရှိုးဘက် အထွက်ဂိတ်မှာ တရုတ်ပစ္စည်း ပစ္စည်းပါရင် မဖြတ်ရတာ တပတ်လောက် ရှိပြီလို့ သူက ပြောပါတယ်။
အဲဒီ ဂိတ်မှာ ပိုက်ဆံ အရမ်းတောင်းစားလို့ လိုင်းပေါ်တင်လိုက်တာကြောင့်လို့သိရပြီး ပါဆယ် အသေးလေးတောင် ပြန်လှည့်ခိုင်းနေတယ်လို့ သူက ထပ်ပြောပြပါတယ်။
“မူဆယ် အထွက်ရော လားရှိုး အဝင်ရော စစ်တပ်ဂိတ်က ပစ္စည်း မပေးလို့ ကား မထွက်ရဘူး။ ခရီးသည်ကလည်းပါးနေတယ်။” လို့ နောက်ထပ် ခရီးသည် ယာဉ်မောင်း တယောက်က ပြောပါတယ်။
ခါတိုင်း ၂ ရက် တခေါက် ကားထွက်နိုင်ပေမယ့် လက်ရှိ သုံး၊ လေးရက် တခေါက်တောင် မသေချာလို့ အခက်ကြုံနေရတယ်လို့ သူက ပြောပါတယ်။
မူဆယ်မှာတော့ နယ်စပ် ကုန်စည်တွေကို မှီခိုအားထား အသက်ဝမ်းကျောင်းပြုနေရတဲ့ ယာဉ်မောင်းတွေ၊ ကုန်စည်ဂိတ်တွေ ရပ်နားထားနေရပြီး တခြားအလုပ်အကိုင်လည်း မရှိတာကြောင့် စားဝတ်နေရေး ပိုမိုခက်ခဲလာနေတယ်လို့ နယ်စပ်ကို မှီခို အသက်မွေးဝမ်းကြောင်း ပြုနေသူတွေက ပြောပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW