သိန္နီ MNDAA ဂိတ်မှာ ကုန်တင်ကားငယ်တွေပါ ကတ္တားတက်ရပြီး တန်နဲ့ အခွန်ဆောင်ရ

အောက်တိုဘာ ၂၃၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားတဲ့ သိန္နီ ရေပူ MNDAA ဂိတ်မှာ ဒီနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ မနက်ကစ ကုန်တင်ကားငယ်တွေပါ ကတ္တားတက်ရပြီး တန်နဲ့ အခွန်ဆောင်ရကြောင်း ယာဉ်မောင်းတွေဆီက သိရပါတယ်။
“အချိုရည်တင်တဲ့ အာရာဖတ်တွေရော၊ တခြားကုန်တင်တဲ့ ကားသေးတွေ အကုန်လုံး ကတ္တားနဲ့ ချိန်ရတယ်။ တန်နဲ့ ဆောင်ရတယ်။ လူ တင်ကားပဲ မချိန်ရတာ” လို့ ယာဉ်မောင်း အမျိုးသား တယောက်က ပြောပါတယ်။
တခြားကားတွေက တတန်ကို ဘယ်လောက်ဆောင်ရသလဲ ဆိုတာ မသိရပေမယ့် ပရိဘောဂ ပစ္စည်းက တတန်ကို ​လေးသိန်းနှစ်​သောင်း နှုန်းနဲ့ ပေးဆောင်ရတယ်လို့ သူက ပြောပါတယ်။
“ခါတိုင်းက ကုန်တင်ကားကြီးတွေပဲ ကတ္တားချိန်တာ။ ကားလေးတွေဆိုရင် ကုန်ပစ္စည်းစာရင်းပြပြီး ၂ ရာခိုင်နှုန်းနဲ့ ဆောင်ရတာ” လို့ ‌ကားလေး ယာဉ်မောင်း တယောက်က ပြောပါတယ်။
တန်နဲ့ အခွန်ပေးဆောင်ရပါက ရတဲ့ ကားခနဲ့ ဆီဖိုး၊ မြန်မာဘက်အပါအဝင် လမ်းကြေးတွေ ပြန်ကာမိဖို့တောင် မလွယ်တော့ဘူးလို့ သူက ပြောပါတယ်။
သိန္နီ နယ်မြေမှာတော့ ယာယီ ယာဉ်မောင်းနှင်ခွင်လိုင်စင်ကတ် အစိမ်းနဲ့ ယာဉ် ဝင်/ထွက် ခွင့်ကတ် အဖြူတွေပါ စစ်ရေးရေး တင်းကြပ်နေပြီး အဲဒီကတ် မလုပ်ထားတဲ့ ကားသမားတွေကို အဆရာချီ ဒဏ်ရိုက်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
Photo:Shy V

Related posts

✕
VOM News

FREE
VIEW