နေပြည်တော်၊ အောက်တိုဘာ- ၂၂ – ၂၀၂၆ SA(VOM) ပြစ်ဒဏ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ သားဖြစ်သူ Mr. Kim Aris (ခ) ကိုထိန်လင်းနဲ့ ဒီကနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်ကနေ ၂ နာရီ မိနစ် ၅၀ အထိ လန်ဒန်မြိုက မြန်မာသံရုံးကတစ်ဆင့် တယ်လီဖုန်းနဲ့ အပြန်အလှန် ကောင်စစ်ဆိုင်ရာ ဆက်သွယ်ပြောဆိုမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်ဆီကို ဗြိတိန်နိုင်ငံ၊ တတိယမြောက် ချားစ်ဘုရင် ပေးပို့တဲ စာအုပ် နှစ်အုပ်နဲ့ စာအိတ်တွေကို ပြည်ထဲရေးဝန်ကြီးဌာနက လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။ ‘The Land…
Read MoreDay: October 23, 2026
သူတို့အိမ် အခန်း (၂၄၉)
ဆူးငှက် ကျွန်တော့် အလုပ်အကိုင်တွေ ———————————— ကျွန်တော့် ကံက အလုပ်အကိုင်နှင့် ပတ်သက်လျှင် မပျော် ၇နှစ် ဟု ပြောရမလို ဖြစ်သည်။ ဘွဲ့ရပြီး ပထမဆုံးဝန်ထမ်း အဖြစ် တာဝန်ယူအလုပ်ဝင်သောအခါ နဂိုက ပျော်သည်၊ နောက်တော့ အခြေအနေအရ အလုပ်က နှုတ်ထွက်လိုက်တော့ လုပ်သက်က ၇နှစ်ကြာသည်။ ထို့နောက် ဒေါ်ဒေါ်လူထုဒေါ်အမာ၏ လူထုကြီးပွားရေး စာအုပ်တိုက်တွင် အမှုထမ်းခဲ့သည်။ အလွန်ပျော်ပါ၏။ ၁၀နှစ်ကြာခဲ့သည်။ ထို့နောက် မီဒီယာကြီး တစ်ခု၏ မန္တလေးရုံးခွဲ တာဝန်ခံ ဖြစ်ခဲ့သည်။ ၂၀၀၄ခုနှစ် မှာ အလုပ်စတင် ဝင်ပြီး ၂၀၁၁ခုနှစ်မှာ အလုပ်က အနားယူလိုက်တော့ ၇နှစ်ကြာသည်။ ထို့နောက် သဘာဝအမည်ရှိ ဓာတ်ပုံမဂ္ဂဇင်းကို အယ်ဒီတာချုပ်တာဝန်ဖြင့် လုပ်ကိုင်ခဲ့သည်။ ကိုယ့်လူ၊ ကိုယ့်ရုံးခန်း၊ ကိုယ့်ခြေ ကိုယ့်လက်မို့ အစစ အဆင်ပြေပါ၏။ သို့သော်…
Read Moreမင်္ဂလာတောင်ညွန့် စတိုးဆိုင်ဖောက်ထွင်း လူသတ်မှုမှ ကျူးလွန်သူ နှစ်ယောက်ကို ထပ်မံဖမ်းဆီးရမိ
အောက်တိုဘာ ၂၂ – ၂၀၂၆ SN (VOM) ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ပုသိမ်ညွန့် (၃) လမ်းရှိ စတိုးဆိုင် ဖွင့်လှစ်ထားတဲ့ နေအိမ်အတွင်းဖြစ်ခဲ့တဲ့ ဖောက်ထွင်းမှုနဲ့ လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူ နှစ်ယောက်ကို ဒီကနေ့ အောက်တိုဘာ ၂၂ ရက်၊ မွန်းလွဲပိုင်းမှာ ထပ်မံ ဖမ်းဆီးနိုင်ခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။ အခင်းဖြစ်ပြီးနောက် ပြစ်မှု ကျူးလွန်သူ သုံးယောက်ထဲက တယောက်ဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် မောင်မောင်ဆိုကို သက်သေခံဓားနဲ့အတူ မနေ့ အောက်တိုဘာ ၂၁ ရက်၊ ညနေပိုင်းက ဖမ်းမိခဲ့ပြီး ကျန်ရှိနေသူ နှစ်ယောက်ကို တောင်ဒဂုံမြို့နယ်အတွင်း ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ “ပြစ်မှု ကျူးလွန်တဲ့သူတွေက တာမွေ ကြက်/ဘဲဈေးက ပျံကျ အလုပ်သမားတွေလို့ သိရတယ်။ အိမ်ထဲ ဖောက်ထွင်းဝင်ပြီး…
Read More