နေပြည်တော်၊ အောက်တိုဘာ- ၂၂ – ၂၀၂၆
SA(VOM)
ပြစ်ဒဏ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ သားဖြစ်သူ Mr. Kim Aris (ခ) ကိုထိန်လင်းနဲ့ ဒီကနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်ကနေ ၂ နာရီ မိနစ် ၅၀ အထိ လန်ဒန်မြိုက မြန်မာသံရုံးကတစ်ဆင့် တယ်လီဖုန်းနဲ့ အပြန်အလှန် ကောင်စစ်ဆိုင်ရာ ဆက်သွယ်ပြောဆိုမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်ဆီကို ဗြိတိန်နိုင်ငံ၊ တတိယမြောက် ချားစ်ဘုရင် ပေးပို့တဲ စာအုပ် နှစ်အုပ်နဲ့ စာအိတ်တွေကို ပြည်ထဲရေးဝန်ကြီးဌာနက လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။
‘The Land Gardeners Soil to Table’ နဲ့ ‘Soil: The World at Our Feet’ စာအုပ် နှစ်အုပ်အပြင် အိတ်ပိတ်စာအိတ် တအိတ်နဲ့ သံတမန်အိတ်ပိတ်စာတို့ ပါဝင်တယ်လို့သိရပါတယ်။
