အောက်တိုဘာ ၂၃၊ ၂၀၂၆။
NN(VOM)
UWSA “ဝ” တပ်ဖွဲ့ထိန်းချုပ်ဒေသတွင်းမှာ ယာယီပိတ်ထားတဲ့ ဘုရားကျောင်းတွေကို အခုရက်ပိုင်းမှာ ပြန်ဖွင့်ပေးလိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ဘုရားကျောင်းတွေ ပြန်ဖွင့်ခွင့်ရတာ ဟုတ်ပါတယ်” လို့ ပန်ဆန်းမြို့ခံ တယောက်က ပြောပါတယ်။
“ဝ” တပ်ဖွဲ့တာဝန်ရှိသူ တစ်ယောက်ကလည်း ပန်ဆန်းအပါအဝင် “ဝ” ဒေသအတွင်း ပိတ်ထားတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို ပြန်ဖွင့်ခွင့်ပေး လိုက် တာ ဟုတ်မှန်တယ်လို့ ပြောပါတယ်။
“ယေရှုတရုတ်မ” လို့ အမည်ရတဲ့ အစွန်းရောက်တဲ့ ခရစ်ယာန်ဘာသာ ရေးအဖွဲ့ အချို့ ဝင်ရောက်လာလို့ဆိုပြီး တရုတ်အစိုးရဘက်က သတိပေး တာကြောင့် “ဝ” ဒေသက ခရစ်ယာန်ဘုရားကျောင်းတွေကို အခုနှစ် အောက် တိုဘာလယ်ပိုင်းမှာ “ဝ” တပ်ဖွဲ့က ပိတ်ခဲ့တာပါ။
အဲဒီနောက်ပိုင်း “ဝ” ဒေသက ဘုရားကျောင်းတွေကို စစ်ဆေးမှုတွေလုပ် ခဲ့ပြီး “ယေရှုတရုတ်မ” ဂိုဏ်းနဲ့ ဆက်စပ်တယ်လို့ ယူဆရတဲ့သူတွေကို “ဝ” တပ်ဖွဲ့ဘက်က ဖမ်းဆီးမှုတွေ ရှိခဲ့တယ်လို့ “ဝ” ဒေသအခြေစိုက် မီဒီယာ တွေမှာ ဖော်ပြပါတယ်။
စစ်ဆေးမှုအတွင်း ဖမ်းဆီးခံထားရတဲ့ ဓမ္မဆရာတစ်ဦးကိုလည်း ပြန်လွှတ် ပေး လိုက်ပြီလို့ သိရပါတယ်။
“ဝ” တပ်ဖွဲ့ကတော့ သူတို့ထိန်းချုပ်တဲ့ဒေသမှာ ဘာသာရေးလွတ်လပ်ခွင့် အပြည့်အဝပေးထားပြီး အစွန်းရောက်တဲ့ ဘာသာရေးယုံကြည်မှုကိုတော့ လက်ခံမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
တိုင်းရင်းသားလူမျိုးပေါင်းစုံရှိတဲ့ “ဝ” ဒေသထဲမှာ ခရစ်ယာန်ဘုရားကျောင်း ၅၀ ကျော်အထိ ရှိတယ်လို့ သုတေသနစာတမ်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းကလည်း “ဝ” ဒေသမှာ အခုလိုပဲ ခရစ်ယာန်ဘု ရားကျောင်းအချို့ ဖျက်ဆီးခံရတာ၊ ပိတ်ပင်ခံရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
ပုံစာ -၂၀၁၈ ခုနှစ် အတွင်းက ပိတ်သိမ်းခံခဲ့ရသည့် ဝ ဒေသ ခရစ်ယာန်ဘုရားကျောင်းအားတွေ့ရစဉ်
