ပိုမိုပွင့်လင်းစွာ ဆွေးနွေးပြောဆိုနိုင်လိမ့်မည် ————————————————– ၂၀၁၅ခုနှစ်ကျော် ကာလများတွင် သရက်ကုန်းရပ်ကွက်လေး အခြေအနေက သိသိသာသာ တည်ငြိမ်သွားပါပြီ။ ၂၀၁၀ခုနှစ်နှင့် ၂၀၁၅ခုနှစ်ကြားတွင် တောဂရန်ရှိ လူနေမြေကွက်များကို စိစစ်ပြီး မန္တလေးစည်ပင်သာယာက နှစ်၃၀ ဂရန်တွေ ထုတ်ပေးခဲ့သည်။ ဆက်လက်၍ ကျန်မြေကွက်များကိုလည်း ဂရန်တွေ ထုတ်ပေးပါမည်တဲ့။ ၂၀၁၅ခုနှစ်တွင် အစိုးရ အဖွဲ့သစ် ပြောင်းလဲသောအခါ ပိုမိုပွင့်လင်းစွာ ဆွေးနွေးပြောဆိုနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ ကနဦးအစအနေနှင့် ကျွန်တော်နှင့် ရင်းနှီးသော အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က ကိုသင့်နော်၊ ကိုမျိုးဝင်း(မဟာနန္ဒာ)နှင့် ကျွန်တော်အပါအဝင် ၃ဦးကို အလွတ်သဘော တွေ့ဆုံပြီး မန္တလေးနှင့် ပတ်သက်၍ ပြုပြင်ရမည့် ကိစ္စများအားဆွေးနွေးကြရာ အစိုးရသစ်ဖွဲ့ပြီး မကြာမီ စတင်ကျင်းပရမည့် သင်္ကြန်ပွဲတော်ကိစ္စကိုပဲ အလေးထားဆွေးနွေးဖြစ်ကြသည်။ ကတ္တရာပူပူမှာ ကလေးတွေကို ဒုက္ခမပေးပါနဲ့…
Read MoreDay: November 12, 2026
TNLA နဲ့ပူးပေါင်းခဲ့တဲ့ လီဆူတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က တပ်မတော်ထံ အလင်းဝင်
မိုးကုတ်၊ နိုဝင်ဘာ- ၁၁- ၂၀၂၆ SA(VOM) အရင်က TNLA နဲ့ ပူးပေါင်းပြီး ဒေသကာကွယ်ရေးဆိုကာ အစိုးရတပ်တွေကို တိုက်ခိုက်ခဲ့တဲ့ မိုးကုတ်ဒေသခံဖြစ်တဲ့ လီဆူတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်အင်အား ၂၀၀ ဟာ တပ်မတော်ထံ အလင်းဝင်တဲ့အခမ်းအနားကို နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းက မိုးကုတ်မြို့က ပတ္တမြားမြေ မိုးလုံလေလုံ အားကစားခန်းမ မှာ ပြုလုပ်ခဲ့ပါတယ်။ ပစ္စတို ၃လက်၊ AK-47၊ M22၊ Type 81 သေနတ်နဲ့ ကျည်အိမ် စုစုပေါင်း ၈၄ လက် အပါအဝင် 7.62 mm ကျည် ၁၄၆၀ တောင့်၊ 9mm ကျည် ၇ တောင့် တို့ပါဝင်ခဲ့တာတွေ့ရပါတယ်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ လက်နက်ကိုင်အဖွဲ့အသီးသီးကအလင်းဝင်ခဲ့တဲ့အင်အား စာရင်းတွေအရ ၂၀၀၀ ကျော်ရှိခဲ့ပြီး အခု ၂၀၀ ယောက်အပါအဝင် စုစုပေါင်း ၂၅၀၀…
Read Moreစစ်ကိုင်းတိုင်း မော်လူးနားမှာဖြစ်နေတဲ့တိုက်ပွဲဟာ တိုင်းတပါးသားတွေစီးပွားရေးလုပ်ဖို့ KIA က စစ်ရေးနဲ့ အကာကွယ်ပေးနေတာလို့ ရှမ်းနီပါတီဥက္ကဋ္ဌဆို
နိုဝင်ဘာ ၁၁ -၂၀၂၆ VOM ကချင်ပြည်နယ် မိုးညှင်းနဲ့ ဗန်းမော်ဒေသမှာအခြေစိုက်တဲ့ ကျားနီပါတီလို့ လူသိများတဲ့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ စိုင်းဌေးအောင်က စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် ရွှေဘို-မြစ်ကြီးနားလမ်းပေါ် မော်လူးနားမှာဖြစ်နေတဲ့ တိုက်ပွဲဟာ နိုင်ငံသားမဟုတ်တဲ့ တဖက်နိုင်ငံက အလုပ်သမားနဲ့ စက်ယန္တရားတွေသွင်းလာတဲ့ စီးပွားရေးသမားတွေကို အကာကွယ်ပေးဖို့ လုပ်တဲ့ ကေအိုင်အေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ လတ်တလောဖြစ်နေတဲ့ မော်လူးနားက ယာဉ်တန်းတွေကို လေကြောင်းက ဒရုန်းနဲ့ တိုက်ခိုက်နေတဲ့ အခြေအနေတွေနဲ့ အစိုးရတပ်ရဲ့စစ်ဆင်ရေးအခြေအနေတွေကိုသိနိုင်ဖို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ စိုင်းဌေးအောင်ကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။ ရိုက်ကူးတည်းဖြတ် ရှိုင်းအောင် #voiceofmyanmar #VOM #တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ #ဥက္ကဋ္ဌ စိုင်းဌေးအောင်
Read Moreတိုက်ပွဲတွေကြောင့်ပျက်စီးခဲ့ရတဲ့ မိုးကုတ်မှာ လျှပ်စစ်မီးပြန်ရပြီ
မိုးကုတ်၊ နိုဝင်ဘာ- ၁၁- ၂၀၂၆ SA(VOM) တိုက်ပွဲတွေကြောင့် လျှပ်စစ်ဓာတ်အားပေးစနစ်တွေ ပျက်စီးခဲ့ရတဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ မိုးကုတ်မြို့နယ်၊ ဓာတ်အားခွဲရုံတွေနဲ့ ဓာတ်အားလိုင်းတွေကို တိုင်းအစိုးရအဖွဲ့က ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ပြီး မနေ့ နိုဝင်ဘာ ၁၀ ရက်နေ့မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က မိုးကုတ်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှာ ဓာတ်အားလွှတ် အခမ်းအနား ကျင်းပခဲ့ကြပါတယ်။ လက်ရှိမှာတော့ တမြို့လုံးမီးလင်းသေးတာမဟုတ်ပေမယ့် နေရာအတော်များများမှာ လျှပ်စစ်မီးရရှိတာကို တွေ့ရပြီး ကျန်ရှိနေတဲ့ နေရာတွေကတော့ လျှပ်စစ်မီးကြိုးတွေခိုးခံရတာ၊ ထရန်စဖော်မာ တွေခိုးခံရတာတွေနဲ့ မီတာကြွေးကျန်တွေကြောင့် အလုံးစုံ မီးမလင်းသေးတာလို့ လျှပ်စစ်ရုံး တာဝန်ရှိသူတွေဆီက သိရပါတယ်။ မိုးကုတ်မြို့နယ်ဟာ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်မှာပါဝင်ပြီး ဧရိယာအကျယ်အ၀န်းအားဖြင့် (၄၅၃.၆၀)စတုရန်းမိုင်ရှိပြီးတော့ လူဦးရေ (၁၈၇,၁၉၇)ဦး၊ အိမ်ထောင်စုဦးရေ (၃၄,၄၉၂)ဦး၊ မြို့ပေါ်(၅)ရပ်ကွက်၊ ကျေးရွာပေါင်း (၁၃၁)ရွာတို့ရှိတယ်လို့ သိရပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇွန်လမတိုင်မီတွင် ဓာတ်အားစနစ်မှတဆင့် မီးသုံးသူစုစုပေါင်း…
Read Moreသံတမန်တစ်ယောက် သူ့ထင်မြင်ချက်ကို ထုတ်ပြောဆိုတာဟာ ပြည်တွင်းရေးစွက်ဖက်တာလား?
(ဂျာမနီသံရုံးယာယီတာဝန်ခံအား ခေါ်ယူသတိပေးမှုနှင့် ဗီယင်နာကွန်ဗင်းရှင်း အပိုဒ် ၄၁(၁) ၏ ဥပဒေမေးခွန်း) ဒေါက်တာဖိုးဖြူ (ကော်ပိုရိတ် ဥပဒေဒါရိုက်တာ) International CogniLex Research Centre ၁။ သံတမန်တစ်ယောက်မှာ စကားပြောခွင့် ဘယ်လောက်ရှိသလဲ? မိတ်ဆွေ။ ကိုယ့်အိမ်ကို ဧည့်သည်တစ်ယောက် ရောက်လာတယ်ဆိုပါစို့။ ဧည့်သည်က အိမ်ရှင်ကို လေးစားရမယ်။ အိမ်စည်းကမ်းကိုလည်း လိုက်နာရမယ်။ ဒါပေမဲ့ အိမ်ထဲမှာ မတရားတာတစ်ခုခု တွေ့လို့ မေးခွန်းထုတ်မိရင်ရော။ အဲဒါဟာ အိမ်ရှင်ကို မလေးစားတာလား။ အိမ်တွင်းရေးကို ဝင်စွက်ဖက်တာလား။ ဒါမှမဟုတ် မေးခွန်းတစ်ခု မေးလိုက်တာပဲလား။ နိုင်ငံတကာသံတမန်ရေးမှာလည်း အလားတူမေးခွန်းမျိုး ရှိပါတယ်။ သံတမန်ဆိုတာ သာမန်ဧည့်သည်တော့ မဟုတ်ပါဘူး။ သူဟာ မိမိနိုင်ငံကို ကိုယ်စားပြုပြီး အခြားနိုင်ငံတစ်ခုမှာ တရားဝင်တာဝန်ထမ်းဆောင်နေသူပါ။ သူ့မှာ လုပ်ပိုင်ခွင့်တွေရှိသလို လိုက်နာရမယ့် စည်းကမ်းတွေလည်း ရှိပါတယ်။ ၁၉၆၁ ခုနှစ် ဗီယင်နာသံတမန်ဆက်ဆံရေးကွန်ဗင်းရှင်း (Vienna…
Read Moreဒေသတချို့မှာ စက်သုံးဆီပြတ်လပ်ပြီး အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရ
နိုဝင်ဘာ ၁၁ – ၂၀၂၆ SS (VOM) လက်ရှိ မြန်မာနိုင်ငံအတွင်းက ဒေသတချို့မှာ အခု နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ စက်သုံးဆီတွေ ပြတ်လပ်နေပြီး အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေမှ တာဝန်ရှိသူတွေက ပြောပါတယ်။ စက်သုံးဆီအရောင်းဆိုင် အများစုက ဆီပြတ်လပ်နေတယ်လို့ အကြောင်းပြကာ အရောင်းရပ်ထားကြသလို ပြင်ပဈေးကွက်မှာ စက်သုံးဆီ ဝယ်ယူမယ်ဆိုပါကလည်း တလီတာ ကျပ် တသောင်းနီးပါးအထိ ရှိနေပြီး လိုသလောက် ဝယ်မရ ဖြစ်နေတယ်လို့ သိရပါတယ်။ “တလီတာရဖို့တောင် တော်တော်ခက်နေတယ်။ ဆီဆိုင်တိုင်းလိုလို ဆီမရှိဘူးဘဲ ပြောနေကြတယ်။ ဝယ်လို့ရတဲ့ ဆိုင်တွေကျတော့လည်း အကန့်အသတ်နဲ့။ဒါကြောင့် လိုအပ်တဲ့အချိန်မှာ ကားထွက်ဖို့တောင် ဆီမရှိတဲ့အထိ ဖြစ်နေရတယ်” လို့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။ အရောင်းဆိုင်တွေအနေနဲ့ စက်သုံးဆီကို မနက်ပိုင်းမှာ အကန့်အသတ်နဲ့ ရောင်းချပေးနေတာဖြစ်ပြီး…
Read More