နိုဝင်ဘာ ၁၁ -၂၀၂၆
VOM
ကချင်ပြည်နယ် မိုးညှင်းနဲ့ ဗန်းမော်ဒေသမှာအခြေစိုက်တဲ့ ကျားနီပါတီလို့ လူသိများတဲ့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ စိုင်းဌေးအောင်က စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် ရွှေဘို-မြစ်ကြီးနားလမ်းပေါ် မော်လူးနားမှာဖြစ်နေတဲ့ တိုက်ပွဲဟာ နိုင်ငံသားမဟုတ်တဲ့ တဖက်နိုင်ငံက အလုပ်သမားနဲ့ စက်ယန္တရားတွေသွင်းလာတဲ့ စီးပွားရေးသမားတွေကို အကာကွယ်ပေးဖို့ လုပ်တဲ့ ကေအိုင်အေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
လတ်တလောဖြစ်နေတဲ့ မော်လူးနားက ယာဉ်တန်းတွေကို လေကြောင်းက ဒရုန်းနဲ့ တိုက်ခိုက်နေတဲ့ အခြေအနေတွေနဲ့ အစိုးရတပ်ရဲ့စစ်ဆင်ရေးအခြေအနေတွေကိုသိနိုင်ဖို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ စိုင်းဌေးအောင်ကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။
ရိုက်ကူးတည်းဖြတ် ရှိုင်းအောင်
#voiceofmyanmar #VOM #တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ #ဥက္ကဋ္ဌ စိုင်းဌေးအောင်
