TNLA ထိန်းချုပ်ရာ နမ့်ခမ်းမှာ ဘဏ်အသစ် ဖွင့်ဖို့ပြင်ဆင်

မေ ၁၄၊ ၂၀၂၆ Shy V (VOM) TNLA ထိန်းချုပ်ရာ နမ့်ခမ်းမှာ ဘဏ်အသစ် ဖွင့်ဖို့ပြင်ဆင်နေတာတွေ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ “ဘဏ် အသစ်ဖွင့်ဖို့ လုပ်နေတာ တွေ့ရတယ်။ ဖွင့်တော့ မဖွင့်သေးဘူး။ လုပ်နေတုန်းပဲ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ အရင်က KBZ ဘဏ်နေရာလို့ ယူဆရပြီး ဘဏ်နာမည် အသစ်နဲ့ ပြင်ဆင်နေတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။ “ဘယ်သူတွေ ဦးဆောင်ပြီး ဖွင့်တာလဲ ဆိုတာတော့ မသိဘူး။ ဘဏ် နာမည် အသစ်နဲ့ ကြော်ငြာဆိုင်းဘုတ်တွေ ထောင်ထားတာ တွေ့ရတယ်” လို့ နောက်ထပ်ဒေသခံ တယောက်က ပြောပါတယ်။ ဘဏ်ဝန်ထမ်းလည်း ခေါ်တယ်လို့ ကြားတယ်လို့ သူက ပြောပါတယ်။ လက်ရှိ ဖွင့်လှစ်ဖို့ ပြင်ဆင်နေတဲ့ ဘဏ်က နမ့်ဆန်၊…

Read More

သူတို့အိမ် အခန်း (၁၁၃)

ဆူးငှက် ဆောင်းယွန်းယိုင်နွေ ————————– ‘….စံဖီရွှေသွယ်၊ ပျံ့လှယ်ဝတ်မှုန်မွှေး လေပြေတသွေးသွေး၊ စုံမြိုင်ခြေကျေးနှင့် ပန်းသာထွေ… ဆောင်းယွန်းယိုင်နွေ၊ လေဝန်းရစ်ခါစွေ ရွက်ဝါကြွေ…နွေမူးမူး မိန်ရာသီ၊ ခါမှီလသာခေါင် မြလွှာမှောင်…. တောင်ခိုးမြူး….’ မန္တလေးမှာက ဆောင်းအကုန် နွေအကူး အခုလိုကာလလေးက လွမ်းစရာ့ ရသတစ်မျိုးကို ပေးသည်။ မြဝတီမင်းကြီး ဦးစက ဒီရာသီကို သူ၏ ‘ဘုံပျံနေနန်း’ ပတ်ပျိုးကြီး၌ ‘ဆောင်းယွန်းယိုင်နွေ’ ဟူသော စကားလုံးဖြင့် သုံးနှုန်းခဲ့၏။ ဆောင်းကား ခွာလေပြီ…။ နွေဘက်သို့ ယိုင်လုလု…..။ မနက် လင်းအားကြီးမှာတော့ ခွာစဆောင်း၏ ချမ်းမြမြအအေးက အစွမ်းပြသေးသည်။ သို့သော် ဆောင်းမပီ တော့။ ဆောင်း၏ အဆောင်အယောင် နှင်းဝတ်ရုံကား တောင်လေညှင်းတွင် ဥသြငှက် အသံသဲ့သဲ့ ကြားမိကတည်းက ပရုပ်လုံးဖြင့် ထုပ်ပိုး သိမ်းဆည်း ပြီးလောက်ပြီ။ ထို့ကြောင့်လည်း နေထွက်ပြူပြီး မကြာမီမှာပင် ‘လေဝန်းရစ်ကာခွေ’ လာသည်။…

Read More

စတုတ္ထမဏ္ဍိုင်ရဲ့ ပကတိအ​ခြေအ​နေ

မေ ၁၃ ၊ ၂၀၂၄ GG (VOM) လတ်တ​လော အ​ခြေအ​​နေမှာ လုပ်ငန်းလိုင်စင် ပိတ်သိမ်းခံထားရတဲ့ သတင်းအေဂျင်စီ ၉၇ ခုအထိ ရှိထားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ သတင်းအေဂျင်စီတွေ​ကို လုပ်ငန်းလိုင်စင်ပိတ်သိမ်းမှုတွေ ဆက်ရှိနေသေးတာဟာ ပြည်တွင်းမှာ ရပ်တည်နေရတဲ့ သတင်းမီဒီယာတွေအတွက်တော့ သတိထားရေးသားရမယ့် အခြေအနေရှိ​နေဆဲ ဖြစ်တယ်လို့ သတင်းမီဒီယာ အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။ ” ၂၀၂၁ အာဏာသိမ်းပြီး လက်နက်ကိုင်တော်လှန်ရေးဆိုပြီး လုပ်ကတည်းက ပြည်တွင်းမီဒီယာတွေကတော့ စစ်တပ်နဲ့ပေးစားခံနေရတာပါ။ လှုပ်လို့ကိုမရတာ။ မရေးရင်လည်း မရေးလို့၊ ရေးတော့လည်း ဘောမတယ်ဖြစ်ပြန်ရော။ စာဖတ်သူတွေအများစုကလည်း အပြင်ကလူတွေကို အထင်ကြီးကြ၊ ယုံလွန်းကြတော့ ပြည်တွင်းကမီဒီယာဆိုရင် အကောင်းကိုမမြင်ကြတော့တာ။ သမ္မတ ဦးဝင်းမြင့်လွတ်တာကို VOM မှာ ပထမဆုံးတင်တယ် ။ ဒါပေမဲ့ ပြင်ပမီဒီယာကရေးမှ ယုံကြည်ကြတော့တာဆိုတော့ ခက်ပါတယ်။ နောက်ပြီးလိုင်စင် ပိတ်မခံရ၊ ဖမ်းမခံရအောင်လည်း…

Read More

ဒေါ်နယ်ထရမ့် နဲ့ ရှီကျင်ပင်း ထိပ်သီးဆွေးနွေးပွဲ အတွက် ထရမ့် တရုတ်နိုင်ငံကို ဆိုက်ရောက်ပြီ

မေလ ၁၃ – ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင်ပင်းနဲ့ နှစ်ရက်ကြာ အရေးပါတဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ပေကျင်းမြို့ကို ဆိုက်ရောက်လာပြီဖြစ်ပါတယ်။ မဟာအင်အားကြီး နှစ်နိုင်ငံကြား ဆွေးနွေးမယ့် အစီအစဉ်တွေထဲမှာ အခွန်စည်းကြပ်မှုတွေ၊ နည်းပညာ ဆိုင်ရာ ပြိုင်ဆိုင်မှုတွေ၊ အီရန်စစ်ပွဲနဲ့ ထိုင်ဝမ်အရေး ကိစ္စတွေ ပါဝင်နေပါတယ်။ အခုတခေါက် ထရမ့်ရဲ့ ခရီးစဉ်ဟာ ၂၀၁၇ ခုနှစ်က နောက်ဆုံး အကြိမ် လာရောက်ခဲ့ပြီး နောက်ပိုင်း ပထမဆုံး အကြိမ် ပြန်လည်လာရောက်တာပါ။ ဒါပေမဲ့ အခုပြန်လာချိန်မှာတော့ တရုတ်နိုင်ငံဟာ အရင်ကထက် ပိုမိုအင်အားတောင့်တင်းလာသလို၊ မိမိကိုယ်ကိုယ် တည်ငြိမ်တဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတခု အဖြစ် ပုံဖော်ဖို့ ပိုမိုအားသန်နေတဲ့ အနေ အထားမှာ ရှိနေပါတယ်။ တကယ်တော့ ဒီခရီးစဉ်ကို ပြီးခဲ့တဲ့ မတ်လ ကတည်းက လာရောက်ဖို့…

Read More

သူတို့အိမ် အခန်း (၁၁၂)

ဆူးငှက် ကျောင်းသားစိတ်နှင့် အလိုက်မသိခဲ့ပုံများ ————————————————– တက္ကသိုလ်ရောက် ကျွန်တော့် သူငယ်ချင်းများက ကျွန်တော်နှင့် သာမက ကျွန်တော့် မိသားစု ကျွန်တော့် ဆွေမျိုးများ ကျွန်တော့် အသိုင်းအဝန်းနှင့်ပါ ရင်းနှီးကြသည်။ ကျွန်တော့် အိပ်ရာပေါ် ဝင်ထိုင်ကြပြီး ကျွန်တော့် ဝမ်းကွဲ အစ်ကိုများနှင့်ပါ ရင်းနှီးကြသည်။ ထို့ကြောင့် ညရောက်လျှင် ညဈေးတန်းသွားကြ ဘုရားပွဲသွားကြ အငြိမ့်ကြည့်ကြ လက်ဖက်ရည်ဆိုင် ထိုင်ကြနှင့် တရုံးရုံးဖြစ် နေကြသည်။ တစ်ခုပါပဲ၊ ကျွန်တော်က သူများဝင်းထဲနေရသည်လေ။ ဝင်းပိုင်ရှင်က မင်းမျိုးမင်းနွယ် ဆွေကြီးမျိုးကြီး စီးပွားရေးလုပ်ငန်းရှင်ကြီးလေ။ သူတို့မှာ သူတို့ အတိုင်းအတာနှင့် လုံခြုံရေးက အရေးပါသည်။ ထို့ကြောင့် ဝင်း၏ တံခါးမကြီးများကို ည ၈နာရီကျော်တာနှင့် ပိတ်သည်။ ထို့ကြောင့် ကျွန်တော်က သူငယ်ချင်းများနှင့် တရုံးရုံး ဝင်လိုက် ထွက်လိုက် လုပ်နေခြင်းက မသင့်တော်ပေ။ ထိုစဉ်ကာလက ရပ်ရွာအေးချမ်းမှုသည်…

Read More
VOM News

FREE
VIEW