မေလ ၁၃ – ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင်ပင်းနဲ့ နှစ်ရက်ကြာ အရေးပါတဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ပေကျင်းမြို့ကို ဆိုက်ရောက်လာပြီဖြစ်ပါတယ်။
မဟာအင်အားကြီး နှစ်နိုင်ငံကြား ဆွေးနွေးမယ့် အစီအစဉ်တွေထဲမှာ အခွန်စည်းကြပ်မှုတွေ၊ နည်းပညာ ဆိုင်ရာ ပြိုင်ဆိုင်မှုတွေ၊ အီရန်စစ်ပွဲနဲ့ ထိုင်ဝမ်အရေး ကိစ္စတွေ ပါဝင်နေပါတယ်။
အခုတခေါက် ထရမ့်ရဲ့ ခရီးစဉ်ဟာ ၂၀၁၇ ခုနှစ်က နောက်ဆုံး အကြိမ် လာရောက်ခဲ့ပြီး နောက်ပိုင်း ပထမဆုံး အကြိမ် ပြန်လည်လာရောက်တာပါ။
ဒါပေမဲ့ အခုပြန်လာချိန်မှာတော့ တရုတ်နိုင်ငံဟာ အရင်ကထက် ပိုမိုအင်အားတောင့်တင်းလာသလို၊ မိမိကိုယ်ကိုယ် တည်ငြိမ်တဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတခု အဖြစ် ပုံဖော်ဖို့ ပိုမိုအားသန်နေတဲ့ အနေ အထားမှာ ရှိနေပါတယ်။
တကယ်တော့ ဒီခရီးစဉ်ကို ပြီးခဲ့တဲ့ မတ်လ ကတည်းက လာရောက်ဖို့ မူလက စီစဉ် ထားတာ ဖြစ်ပေမဲ့ အီရန်စစ်ပွဲကြောင့် အချိန်ကြန့်ကြာ သွားခဲ့ရတာ ဖြစ်ပါတယ်။
