ဗီအိုအမ်ရဲ့ ဖေဖေါ်ဝါရီလ ၁၅ ရက်ညနေခင်းသတင်းအစီအစဉ်
ဗီအိုအမ်ရဲ့ ဖေဖေါ်ဝါရီလ ၁၅ ရက်ညနေခင်းသတင်းအစီအစဉ် မန္တလေးမြို့၊မှာ ၁၃၀၀ ပြည့်အရေးတော်ပုံကာလ ၁၉၃၉ ဖေဖေါ်ဝါရီလက ၂၆ ဘီလမ်းပေါ်မှာ အင်္ဂလိပ်အစိုးရရဲ့ ပုလိပ်တွေလက်ချက်နဲ့ ကျဆုံးသွားတဲ့ အာဇာနည် ၁၇ ဦးကျဆုံးတဲ့ (၈၁)နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပခဲ့တဲ့သတင်း၊ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး မနေ့ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် စစ်တွေ- ရန်ကုန် ကားအသွားအလာတွေနဲ့ ဒေသတွင်း ကုန်လမ်း၊ရေလမ်းခရီးသွားလာရေးတွေ ရပ်ဆိုင်းနေတယ်ဆိုတဲ့အကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ (NCA-S EAO) ရဲ့ ဆဋ္ဌမအကြိမ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးကို ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့မှာ ကျင်းပခဲ့တယ်ဆိုတဲ့ သတင်း၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ မနေ့ ဖေဖော်ဝါရီလ ၁၄ ရက်ညနေပိုင်းက မူးယစ်ဆေးဝါး သတင်းအရ လိုက်လံရှာဖွေတဲ့အခါ သေနတ်တစ်လက်…
Read More
ရွှေကြက်ယက် မြစ်ကမ်းဘေးမှာ လူသေအလောင်းတစ်လောင်းတွေ့
ရွှေကြက်ယက် မြစ်ကမ်းဘေးမှာ လူသေအလောင်းတစ်လောင်းတွေ့ အမရပူရ၊ ဖေဖော်ဝါရီ ၁၅ -၂၀၂၀ ရှိုင်းအောင် (VOM) အမရပူရမြို့နယ် ၊ ရွှေကြက်ယက်ကျေးရွာအုပ်စုအတွင်း၊ မြို့သာဘုန်းကြီးကျောင်းဘေးက ဧရာဝတီမြစ်ကမ်းစပ်မှာ ရေနစ်သေတဲ့ လူသေအလောင်းကို ဒီကနေ့နေ့လည်ပိုင်းမှာ တွေ့ရှိခဲ့ပါတယ်။ ” လွန်ခဲ့တဲ့တစ်လခန့်ကတည်းက သင်္ဘောပေါ်မှာကုန်ထမ်းရင်း မြစ်ထဲကို ပြုတ်ကျသေဆုံးခဲ့တာပါ၊ ဒီနေ့နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်မှာ မြို့သာဘုန်းကြီးကျောင်းနားက မြစ်ကမ်းခြေမှာ သေဆုံးသူကို တွေ့ခဲ့လို့ သံဝေဂဉာဏလူမှုကူညီရေးအသင်းကို အကူအညီတောင်းပြီး ဆယ်ယူခဲ့ပါတယ်လို့” ရွှေကြက်ယက်တိုက်နယ်အုပ်ချုပ်ရေးမှူး ဦးသက်အောင်က ပြောပါတယ်။ သေဆုံးသူမှာ မြင်းခြံမြို့နယ်မှာနေထိုင်တဲ့ ကိုအောင်ဇေယျ အသက် ၃၅ နှစ်ဖြစ်တယ်လို့လည်း သိရပါတယ်။ “နေ့လည် ၁၂ နာရီလောက်မှာ အသင်းကိုအကြောင်းကြားလာတာ့ သေဆုံးသူကို သွားရောက်ဆယ်ယူပြီး မန္တလေးဆေးရုံကြီးကို ပိုဆောင်ပေးခဲ့တယ်လို့” သံဝေဂဉာဏ လူမှုကူညီရေးအသင်းမှာ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လူသေအလောင်းပေါ်တဲ့အတွက် အမရပူရမြို့နယ်ရဲစခန်းကို ဖုန်းဆက်မေးမြန်းရာမှာတော့ သေဆုံးသူ ကိုအောင်ဇေယျနဲ့ပတ်သက်ပြီး…
Read More
ကလေးမြို့နယ်မှာ သေနတ်တစ်လက်နဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ
ကလေးမြို့နယ်မှာ သေနတ်တစ်လက်နဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ ကလေး၊ ဖေဖော်ဝါရီ ၁၅-၂၀၂၀ ငြိမ်းသူမင်း(VOM) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ မနေ့ ဖေဖော်ဝါရီလ ၁၄ ရက်ညနေပိုင်းက မူးယစ်ဆေးဝါး သတင်းအရ လိုက်လံရှာဖွေတဲ့အခါ သေနတ်တစ်လက် နဲ့မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ကလေးမြို့မရဲစခန်း ကနေ သိရပါတယ်။ ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်းကျေးရွာမှာ နေထိုင်တဲ့ ဦးဆွမ်ရှမ်းကိမ်းလျန် ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာတော့ ငွေကျပ်သုံးသိန်းတစ်သောင်းတန်ဖိုးရှိတဲ့ ဘိန်းဖြူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအမှုနဲ့ဆက်စပ်ပြီး လိုက်လံ ရှာဖွေရာမှာတော့ ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်မှာ နေထိုင်တဲ့ ကိုကျင်လွယ်မန်း (၂၆) နှစ် ရဲ့ နေအိမ်မှာ အမေရိကန်နိုင်ငံထုတ် Colt Ar-15(Gir 16-S)အမျိုးအစား အရှည် နှစ်ပေခွဲရှိတဲ့ သေနတ်တစ်လက် နဲ့ စိတ်ကြွဆေးပြား သုံးသောင်းကိုးထောင်ခြောက်ရာပြား နဲ့ ဆပ်ပြာခွက် (၈) ခွက်ထဲ ထည့်ထားတဲ့…
Read More
ရာမောင်တံတားအနီးကတိုက်ပွဲကြောင့် ဒေသတွင်း ကုန်လမ်း၊ရေလမ်း ခရီးသွားလာရေးတွေ ရပ်ဆိုင်းနေ
ရာမောင်တံတားအနီးကတိုက်ပွဲကြောင့် ဒေသတွင်း ကုန်လမ်း၊ရေလမ်း ခရီးသွားလာရေးတွေ ရပ်ဆိုင်းနေ မင်းပြား၊ ဖေဖော်ဝါရီ ၁၅- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး မနေ့ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် စစ်တွေ- ရန်ကုန် ကားအသွားအလာတွေနဲ့ ဒေသတွင်း ကုန်လမ်း၊ရေလမ်းခရီးသွားလာရေးတွေ ရပ်ဆိုင်းနေတယ်လို့ သိရပါတယ်။ အဲ့ဒီ ရန်ကုန်- စစ်တွေကားအသွားအလာတွေကို ရပ်ဆိုင်းထားတာဟာ မနေ့က ဇက်ဆိပ်ကမ်းအနီးမှာ ဖြစ်တဲ့တိုက်ပွဲတွေကြောင့်ဖြစ်ပြီး ဇက်ရေယာဉ်မောင်းတဲ့သူတွေ ဘေးလွှတ်ရာကို ထွက်ပြေးရကာ ရာမောင်တံတားအနီး တိုက်ပွဲတွေရပ်မှသာ လမ်းပြန်ဖွင့်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ” အဲ့ဒီ ဇက်ဆိပ်ကမ်းအနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်တာကြောင့် ဇက်ဆိပ်က မောင်းတဲ့လူတွေတောင်မရှိဖြစ်နေတယ်။ ဒါကြောင့် ကားအသွားအလာတွေရပ်နေတယ်။ အဲ့နားမှာ တိုက်ပွဲတွေ ရပ်သွားပြီး သွားလို့လာလို့ရရင်တော့ လမ်းဖွင့်ပေးမှာပေါ့။ ဇက်မောင်းတဲ့လူတွေကိုပါ အဲ့နားမှာမနေခိုင်းဘူး။ ပြေးနေရတယ်။” လို့ ရခိုင်ပြည်နယ် လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး…
Read More
NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို ရန်ကုန်မြို့မှာ ပြုလုပ်
NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို ရန်ကုန်မြို့မှာ ပြုလုပ် ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၅-၂၀၂၀ အောင်ထူးနိုင်(VOM) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ (NCA-S EAO) ရဲ့ ဆဋ္ဌမအကြိမ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးကို ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့မှာ ကျင်းပနေတာဖြစ်ပါတယ်။ အဲဒီအစည်းအဝေးမှာ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြီးခဲ့တဲ့ဖေဖော်ဝါရီလဆန်းပိုင်း အစိုးရနဲ့တွေ့ဆုံပွဲမှာ နှစ်ဘက်ဆွေးနွေးတင်ပြချက်တွေ၊ အဆိုပြုချက်တွေနဲ့ပတ်သက်လို့ ဒီကနေ့အစည်းအဝေးမှာ ပြန်လည်သုံးသပ်ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။ “အစိုးရဘက်ကတင်ပြတဲ့ အဆိုပြုချက်နဲ့ မိမိတို့ NCA-S EAO ဘက်ကတင်ပြတဲ့ အဆိုပြုချက်တွေကို ဘယ်လိုပေါင်းစပ်ကြမလဲ၊ တူညီတာတွေနဲ့ မတူညီတာတွေကို ဘယ်လိုဆက်လက်ဆောင်ရွက်သွားမလဲဆိုတာ မိမိတို့ကြားမှာ အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းသွားဖို့ လိုအပ်ပါတယ်။ ရှေ့လုပ်ငန်းစဉ်တွေကို သေချာစွာ ချမှတ်ထားရမှာ ဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။ (၈) ကြိမ်မြောက် JICM…
Read More
ညောင်ကုန်းကျေးရွာမှာ လူနေအိမ်(၆)လုံးမီးလောင်၊ လူတစ်ဦးဒဏ်ရာရ
ညောင်ကုန်းကျေးရွာမှာ လူနေအိမ်(၆)လုံးမီးလောင်၊ လူတစ်ဦးဒဏ်ရာရ ကလေး ၊ ဖေဖော်ဝါရီ ၁၅-၂၀၂၀ ငြိမ်းသူမင်း(VOM) စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ၊ ညောင်ကုန်းကျေးရွာမှာ ဒီကနေ့မနက် ၁နာရီအချိန်လောက်က မီးဖို မီးကြွင်းမီးကျန်ကနေ မီးစတင်လောင်ခဲ့ပြီး လူနေအိမ်(၆)လုံးနဲ့ လူတစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ “မီးလောင်မှုကြောင့် မိသားစုခြောက်စုက လူဦးရေ ၂၃ဦး မီးဘေးသင့်ခဲ့ပါတယ်။ သူတို့ကို အခု နီးစပ်ရာ ဆွေမျိုးတွေအိမ်မှာ စောင့်ရှောက်ထားပါတယ်”လို့ ရွှေဘိုခရိုင်မီးသတ်ဦးစီးမှုး ဦးအေးမြင့်ကပြောပါတယ်။ မီး‌လောင်မှုဖြစ်ခဲ့တဲ့ အိမ်ပိုင်ရှင်ဦးမြအေးရဲ့ မျက်နှာ(၂)ဘက်၊ ခြေနဲ့လက်တို့မှာ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဦးမြအေးရဲ့ (၁၅ပေ၊ ၂၄ပေ) သွပ်မိုး၊ထရံကာ မြေစိုက်(၂)ထပ် လူနေအိမ် အပါအဝင် (၂၄ပေ၊၁၅ပေ) သွပ်မိုး၊ ထရံကာ မြေစိုက်(၂)ထပ်လူနေအိမ် (၄)လုံးနဲ့ (၂၄ပေ၊၁၅ပေ) ကပ်ကာ၊ နံကပ် မြေစိုက်(၂)ထပ် လူနေအိမ်(၁)လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ မီးသတ်ဌာနရဲ့…
Read More
မန္တလေးမြို့မှာ အာဇာနည်(၁၇)ဦး အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ
Read More
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်းအထည်ချုပ်လုပ်ငန်းတွေ စက်ရုံပိတ်ရမယ့်အခြေအနေဖြစ်နေ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်းအထည်ချုပ်လုပ်ငန်းတွေ စက်ရုံပိတ်ရမယ့်အခြေအနေဖြစ်နေ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅-၂၀၂၀ သိင်္ဂီ (VOM) ကိုရိုနာဗိုင်းရပ်စ်ဖြစ်စဉ် ကြောင့် မြန်မာနိုင်ငံထဲက အထည်ချုပ်စက်ရုံတွေမှာ ကုန်ကြမ်းပစ္စည်းပြတ်လပ်နေပြီး စက်ရုံပိတ်ရမယ့် အနေအထားကိုရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းကနေသိရပါတယ်။ ဒီလိုကုန်ကြမ်း ပြတ်တောက်မှုတွေကြောင့် လတ်တလောမှာတော့ စက်ရုံအလုပ်သမားတွေကို အချိန်ပိုအလုပ်လုပ်ခိုင်းတာတွေ စတင်လျှော့နေပြီး ယခင်က အလုပ်သမားတွေကို အလုပ်ချိန် တစ်နေ့ ၈နာရီနဲ့ အချိန်ပိုအဖြစ် ၂ နာရီ ၊ စုစုပေါင်း ၁၀နာရီ ခေါ်ရာကနေ၊ ယခုမှာတော့ ပုံမှန်အလုပ်ချိန် ၈နာရီသာ လုပ်ကိုင်စေတယ်လို့လည်း သိရပါတယ်။ “ကျွန်တော်တို့ မတ်လလောက်အထိပဲ တောင်ခံနိုင်မယ့် အနေအထားဖြစ်နေတယ်။ ကျွန်တော်တို့ ကုန်ကြမ်းပြတ်လပ်မှုက ဆိုးရွားနေပြီ။ စက်ရုံကတော့ ၃၀၀ကျော် ရှိတယ် ၊စက်ရုံ တစ်ရုံနဲ့တစ်ရုံကတော့ မတူနိုင်ဘူး”လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ကိုအောင်မျိုးဟိန်း ကပြောပါတယ်။ စက်ရုံအတွက် ကုန်ကြမ်းပြတ်လပ်မှုကိုသာ…
Read More
VOM News
FREE
VIEW