ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်းအထည်ချုပ်လုပ်ငန်းတွေ စက်ရုံပိတ်ရမယ့်အခြေအနေဖြစ်နေ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်းအထည်ချုပ်လုပ်ငန်းတွေ စက်ရုံပိတ်ရမယ့်အခြေအနေဖြစ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅-၂၀၂၀
သိင်္ဂီ (VOM)

ကိုရိုနာဗိုင်းရပ်စ်ဖြစ်စဉ် ကြောင့် မြန်မာနိုင်ငံထဲက အထည်ချုပ်စက်ရုံတွေမှာ ကုန်ကြမ်းပစ္စည်းပြတ်လပ်နေပြီး စက်ရုံပိတ်ရမယ့် အနေအထားကိုရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းကနေသိရပါတယ်။

ဒီလိုကုန်ကြမ်း ပြတ်တောက်မှုတွေကြောင့် လတ်တလောမှာတော့ စက်ရုံအလုပ်သမားတွေကို အချိန်ပိုအလုပ်လုပ်ခိုင်းတာတွေ စတင်လျှော့နေပြီး ယခင်က အလုပ်သမားတွေကို အလုပ်ချိန် တစ်နေ့ ၈နာရီနဲ့ အချိန်ပိုအဖြစ် ၂ နာရီ ၊ စုစုပေါင်း ၁၀နာရီ ခေါ်ရာကနေ၊ ယခုမှာတော့ ပုံမှန်အလုပ်ချိန် ၈နာရီသာ လုပ်ကိုင်စေတယ်လို့လည်း သိရပါတယ်။

“ကျွန်တော်တို့ မတ်လလောက်အထိပဲ တောင်ခံနိုင်မယ့် အနေအထားဖြစ်နေတယ်။ ကျွန်တော်တို့ ကုန်ကြမ်းပြတ်လပ်မှုက ဆိုးရွားနေပြီ။ စက်ရုံကတော့ ၃၀၀ကျော် ရှိတယ် ၊စက်ရုံ တစ်ရုံနဲ့တစ်ရုံကတော့ မတူနိုင်ဘူး”လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ကိုအောင်မျိုးဟိန်း ကပြောပါတယ်။

စက်ရုံအတွက် ကုန်ကြမ်းပြတ်လပ်မှုကိုသာ မဖြေရှင်းနိုင်ဘူးဆိုရင် စက်ရုံတွေရဲ့ အလုပ်သမားအင်အားကို လျှော့ချရမှာဖြစ်သလို စက်ရုံတွေကို ယာယီရပ်နားထားရမယ့်အခြေအနေထိ ဖြစ်လာနိုင်တဲ့အတွက် ဒီအခြေအနေအပေါ် အလုပ်ရှင်အပါအဝင် အလုပ်သမားတွေက စိုးရိမ်မှုဖြစ်နေတယ်လို့ သိရပါတယ်။

” လောလောဆယ် အချိန်ပိုဆင်းတာ မရှိဘူး။ အနားထားတာ ဆယ်ရက်လောက်ရှိပြီ ။ကျွန်မတို့စက်ရုံဆို လူ၉၀၀ လောက်ရှိမယ်ထင်တယ်။ တော်တော်များများတော့ အချိန်ပိုမဆင်းရဘူး သိရတယ်။ အချိမ်ပိုမဆင်းရရင် အခြေခံလစာပဲရမယ်။ အဆင်မပြေဘူး။ စက်ရုံပါရပ်ထားလိုက်မယ်ဆိုရင် ပိုဆိုးပါတယ်။ ခဏပဲရပ်ရပ် ကျွန်မတို့အတွက်က ဘာမှဝင်ငွေမရဘူး၊ စားဝတ်နေရေး အခက်အခဲဖြစ်ပါတယ်”လို့ အထည့်ချုပ်စက်ရုံလုပ်သားတစ်ဦးဖြစ်သူ မဇာလီက ပြောပါတယ်။

ဒီအထည်ချုပ်လုပ်ငန်းကို မှီတင်လုပ်ကိုင်နေတဲ့ အလုပ်သမားအရေအတွက်က လုပ်သားပေါင်း ၅သိန်းကျော်လောက်ရှိနေပြီး ဒီလို ကုန်ပစ္စည်းပြတ်လတ်မှုအခြေအနေကို အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းကဏ္ဍမှာ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံထားတဲ့ စက်ရုံပေါင်း ၃၀၀ ကျော်ကနေ ၄၀၀ ဝန်းကျင်အထိရှိပြီး အဲ့ဒီအထည်ချုပ်လုပ်ငန်း အများစုဟာလည်း တရုတ်နိုင်ငံကနေ ကုန်ကြမ်းအဓိကတင်သွင်းတာဖြစ်တယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #ကိုရိုနာဗိုင်းရပ်စ် #အထည်ချုပ်လုပ်ငန်း #ကုန်ကြမ်းပြတ်

Zawgyi

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ျပည္တြင္းအထည္ခ်ဳပ္လုပ္ငန္းေတြ စက္႐ုံပိတ္ရမယ ့္အေျခအေနျဖစ္ေန

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၅-၂၀၂၀
သိဂႌ (VOM)

ကိုရိုနာဗိုင္းရပ္စ္ျဖစ္စဥ္ ေၾကာင့္ ျမန္မာႏိုင္ငံထဲက အထည္ခ်ဳပ္စက္႐ုံေတြမွာ ကုန္ၾကမ္းပစၥည္းျပတ္လပ္ေနၿပီး စက္႐ုံပိတ္ရမယ့္ အေနအထားကိုရင္ဆိုင္ေနရတယ္လို႔ ျမန္မာနိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ား အသင္းကေနသိရပါတယ္။

ဒီလိုကုန္ၾကမ္း ျပတ္ေတာက္မႈေတြေၾကာင့္ လတ္တေလာမွာေတာ့ စက္႐ုံအလုပ္သမားေတြကို အခ်ိန္ပိုအလုပ္လုပ္ခိုင္းတာေတြ စတင္ေလွ်ာ့ေနၿပီး ယခင္က အလုပ္သမားေတြကို အလုပ္ခ်ိန္ တစ္ေန႔ ၈နာရီနဲ႔ အခ်ိန္ပိုအျဖစ္ ၂ နာရီ ၊ စုစုေပါင္း ၁၀နာရီ ေခၚရာကေန၊ ယခုမွာေတာ့ ပုံမွန္အလုပ္ခ်ိန္ ၈နာရီသာ လုပ္ကိုင္ေစတယ္လို႔လည္း သိရပါတယ္။

“ကၽြန္ေတာ္တို႔ မတ္လေလာက္အထိပဲ ေတာင္ခံနိုင္မယ့္ အေနအထားျဖစ္ေနတယ္။ ကၽြန္ေတာ္တို႔ ကုန္ၾကမ္းျပတ္လပ္မွဳက ဆိုးရြားေနၿပီ။ စက္႐ုံကေတာ့ ၃၀၀ေက်ာ္ ရွိတယ္ ၊စက္႐ုံ တစ္႐ုံနဲ႔တစ္႐ုံကေတာ့ မတူနိုင္ဘူး”လို႔ ျမန္မာနိုင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း ဗဟိုအလုပ္အမွုေဆာင္ ကိုေအာင္မ်ိဳးဟိန္း ကေျပာပါတယ္။

စက္႐ုံအတြက္ ကုန္ၾကမ္းျပတ္လပ္မႈကိုသာ မေျဖ႐ွင္းႏိုင္ဘူးဆိုရင္ စက္႐ုံေတြရဲ႕ အလုပ္သမားအင္အားကို ေလ်ွာ့ခ်ရမွာျဖစ္သလို စက္႐ုံေတြကို ယာယီရပ္နားထားရမယ့္အေျခအေနထိ ျဖစ္လာႏိုင္တဲ့အတြက္ ဒီအေျခအေနအေပၚ အလုပ္႐ွင္အပါအဝင္ အလုပ္သမားေတြက စိုးရိမ္မႈျဖစ္ေနတယ္လုိ႔ သိရပါတယ္။

” ေလာေလာဆယ္ အခ်ိန္ပိုဆင္းတာ မ႐ွိဘူး။ အနားထားတာ ဆယ္ရက္ေလာက္႐ွိၿပီ ။ကၽြန္မတို႔စက္႐ုံဆို လူ၉၀၀ ေလာက္႐ွိမယ္ထင္တယ္။ ေတာ္ေတာ္မ်ားမ်ားေတာ့ အခ်ိန္ပိုမဆင္းရဘူး သိရတယ္။ အခ်ိမ္ပိုမဆင္းရရင္ အေျခခံလစာပဲရမယ္။ အဆင္မေျပဘူး။ စက္႐ုံပါရပ္ထားလိုက္မယ္ဆိုရင္ ပိုဆိုးပါတယ္။ ခဏပဲရပ္ရပ္ ကၽြန္မတို႔အတြက္က ဘာမွဝင္ေငြမရဘူး၊ စားဝတ္ေနေရး အခက္အခဲျဖစ္ပါတယ္”လို႔ အထည့္ခ်ဳပ္စက္႐ုံလုပ္သားတစ္ဦးျဖစ္သူ မဇာလီက ေျပာပါတယ္။

ဒီအထည္ခ်ဳပ္လုပ္ငန္းကို မွီတင္လုပ္ကိုင္ေနတဲ့ အလုပ္သမားအေရအတြက္က လုပ္သားေပါင္း ၅သိန္းေက်ာ္ေလာက္႐ွိေနၿပီး ဒီလို ကုန္ပစၥည္းျပတ္လတ္မႈအေျခအေနကို အစိုးရအေနနဲ႔ ေျဖ႐ွင္းေပးဖို႔ လိုအပ္ေနတယ္လို႔လည္း သိရပါတယ္။

လက္ရွိျမန္မာနိုင္ငံရဲ႕ အထည္ခ်ဳပ္လုပ္ငန္းက႑မွာ တ႐ုတ္နိုင္ငံသား ရင္းႏွီးျမႇုပ္ႏွံထားတဲ့ စက္႐ုံေပါင္း ၃၀၀ ေက်ာ္ကေန ၄၀၀ ဝန္းက်င္အထိရွိၿပီး အဲ႔ဒီအထည္ခ်ဳပ္လုပ္ငန္း အမ်ားစုဟာလည္း တ႐ုတ္နိုင္ငံကေန ကုန္ၾကမ္းအဓိကတင္သြင္းတာျဖစ္တယ္လုိ႔လည္း သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #ကိုရိုနာဗိုင္းရပ္စ္ #အထည္ခ်ဳပ္လုပ္ငန္း #ကုန္ၾကမ္းျပတ္

Related posts

Leave a Comment

VOM News

FREE
VIEW