ညောင်ကုန်းကျေးရွာမှာ လူနေအိမ်(၆)လုံးမီးလောင်၊ လူတစ်ဦးဒဏ်ရာရ

ညောင်ကုန်းကျေးရွာမှာ လူနေအိမ်(၆)လုံးမီးလောင်၊ လူတစ်ဦးဒဏ်ရာရ

ကလေး ၊ ဖေဖော်ဝါရီ ၁၅-၂၀၂၀
ငြိမ်းသူမင်း(VOM)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ၊ ညောင်ကုန်းကျေးရွာမှာ ဒီကနေ့မနက် ၁နာရီအချိန်လောက်က မီးဖို မီးကြွင်းမီးကျန်ကနေ မီးစတင်လောင်ခဲ့ပြီး လူနေအိမ်(၆)လုံးနဲ့ လူတစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

“မီးလောင်မှုကြောင့် မိသားစုခြောက်စုက လူဦးရေ ၂၃ဦး မီးဘေးသင့်ခဲ့ပါတယ်။ သူတို့ကို အခု နီးစပ်ရာ ဆွေမျိုးတွေအိမ်မှာ စောင့်ရှောက်ထားပါတယ်”လို့ ရွှေဘိုခရိုင်မီးသတ်ဦးစီးမှုး ဦးအေးမြင့်ကပြောပါတယ်။

မီး‌လောင်မှုဖြစ်ခဲ့တဲ့ အိမ်ပိုင်ရှင်ဦးမြအေးရဲ့ မျက်နှာ(၂)ဘက်၊ ခြေနဲ့လက်တို့မှာ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဦးမြအေးရဲ့ (၁၅ပေ၊ ၂၄ပေ) သွပ်မိုး၊ထရံကာ မြေစိုက်(၂)ထပ် လူနေအိမ် အပါအဝင် (၂၄ပေ၊၁၅ပေ) သွပ်မိုး၊ ထရံကာ မြေစိုက်(၂)ထပ်လူနေအိမ် (၄)လုံးနဲ့ (၂၄ပေ၊၁၅ပေ) ကပ်ကာ၊ နံကပ် မြေစိုက်(၂)ထပ် လူနေအိမ်(၁)လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

မီးသတ်ဌာနရဲ့ တွက်ချက်ထားတဲ့ စာရင်းတွေအရတော့ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး(၃၂)သိန်းကျော်ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး မီးစလောင်ခဲ့တဲ့ အိမ်ပိုင်ရှင် ဦးမြအေးကို ခင်ဦးမြို့မရဲစခန်းမှ (ပ)၈၈ / ၂၀၂၀ ပြစ်မှုပုဒ်မ(၂၈၅)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ခင်ဦး #မီးလောင်မှု #အိမ်(၆)လုံးမီးလောင်

Zawgyi

ေညာင္ကုန္းေက်း႐ြာမွာ လူေနအိမ္(၆)လုံးမီးေလာင္၊ လူတစ္ဦးဒဏ္ရာရ

ကေလး ၊ ေဖေဖာ္ဝါရီ ၁၅-၂၀၂၀
ၿငိမ္းသူမင္း(VOM)

စစ္ကိုင္းတိုင္း၊ ခင္ဦးၿမိဳ႕နယ္ ၊ ေညာင္ကုန္းေက်း႐ြာမွာ ဒီကေန႔မနက္ ၁နာရီအခ်ိန္ေလာက္က မီးဖို မီးႂကြင္းမီးက်န္ကေန မီးစတင္ေလာင္ခဲ့ၿပီး လူေနအိမ္(၆)လုံးနဲ႔ လူတစ္ဦးထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ ေ႐ႊဘိုခ႐ိုင္မီးသတ္ဦးစီးဌာနကေန သိရပါတယ္။

“မီးေလာင္မႈေၾကာင့္ မိသားစုေျခာက္စုက လူဦးေရ ၂၃ဦး မီးေဘးသင့္ခဲ့ပါတယ္။ သူတို႔ကို အခု နီးစပ္ရာ ေဆြမ်ိဳးေတြအိမ္မွာ ေစာင့္ေရွာက္ထားပါတယ္”လို႔ ေရႊဘိုခ႐ိုင္မီးသတ္ဦးစီးမႈး ဦးေအးျမင့္ကေျပာပါတယ္။

မီး‌ေလာင္မွဳျဖစ္ခဲ့တဲ့ အိမ္ပိုင္ရွင္ဦးျမေအးရဲ႕ မ်က္ႏွာ(၂)ဘက္၊ ေျခနဲ႔လက္တို႔မွာ ထိခိုက္ ဒဏ္ရာရခဲ့တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ဦးျမေအးရဲ႕ (၁၅ေပ၊ ၂၄ေပ) သြပ္မိုး၊ထရံကာ ေျမစိုက္(၂)ထပ္ လူေနအိမ္ အပါအဝင္ (၂၄ေပ၊၁၅ေပ) သြပ္မိုး၊ ထရံကာ ေျမစိုက္(၂)ထပ္လူေနအိမ္ (၄)လုံးနဲ႔ (၂၄ေပ၊၁၅ေပ) ကပ္ကာ၊ နံကပ္ ေျမစိုက္(၂)ထပ္ လူေနအိမ္(၁)လုံးတို႔ မီးေလာင္ဆုံးရႈံးခဲ့ပါတယ္။

မီးသတ္ဌာနရဲ႕ တြက္ခ်က္ထားတဲ့ စာရင္းေတြအရေတာ့ စုစုေပါင္းဆုံးရႈံးမႈတန္ဖိုး(၃၂)သိန္းေက်ာ္ခန႔္ မီးေလာင္ဆုံးရႈံးခဲ့တယ္လို႔ ေ႐ႊဘိုၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနကေန သိရပါတယ္။

မီးေလာင္မႈနဲ႔ပတ္သက္ၿပီး မီးစေလာင္ခဲ့တဲ့ အိမ္ပိုင္ရွင္ ဦးျမေအးကို ခင္ဦးၿမိဳ႕မရဲစခန္းမွ (ပ)၈၈ / ၂၀၂၀ ျပစ္မႈပုဒ္မ(၂၈၅)နဲ႔ အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ခင္ဦး #မီးေလာင္မွဳ #အိမ္(၆)လံုးမီးေလာင္

Related posts

Leave a Comment

VOM News

FREE
VIEW