ကလေးမြို့နယ်မှာ သေနတ်တစ်လက်နဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ

ကလေးမြို့နယ်မှာ သေနတ်တစ်လက်နဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ

ကလေး၊ ဖေဖော်ဝါရီ ၁၅-၂၀၂၀
ငြိမ်းသူမင်း(VOM)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ မနေ့ ဖေဖော်ဝါရီလ ၁၄ ရက်ညနေပိုင်းက မူးယစ်ဆေးဝါး သတင်းအရ လိုက်လံရှာဖွေတဲ့အခါ သေနတ်တစ်လက် နဲ့မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ကလေးမြို့မရဲစခန်း ကနေ သိရပါတယ်။

ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်းကျေးရွာမှာ နေထိုင်တဲ့ ဦးဆွမ်ရှမ်းကိမ်းလျန် ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာတော့ ငွေကျပ်သုံးသိန်းတစ်သောင်းတန်ဖိုးရှိတဲ့ ဘိန်းဖြူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအမှုနဲ့ဆက်စပ်ပြီး လိုက်လံ ရှာဖွေရာမှာတော့ ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်မှာ နေထိုင်တဲ့ ကိုကျင်လွယ်မန်း (၂၆) နှစ် ရဲ့ နေအိမ်မှာ အမေရိကန်နိုင်ငံထုတ် Colt Ar-15(Gir 16-S)အမျိုးအစား အရှည် နှစ်ပေခွဲရှိတဲ့ သေနတ်တစ်လက် နဲ့ စိတ်ကြွဆေးပြား သုံးသောင်းကိုးထောင်ခြောက်ရာပြား နဲ့ ဆပ်ပြာခွက် (၈) ခွက်ထဲ ထည့်ထားတဲ့ ဘိန်းဖြူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ကလေးမြို့မရဲစခန်းကနေသိရပါတယ်။

“ ဖမ်းမိထားတဲ့သူတွေကို မေးမြန်းနေပါတယ်။ အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေပါတယ် “လို့ ကလေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်နက်တွေ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့သူနှစ်ဦးကိုတော့ ကလေးမြို့မရဲစခန်း မှာ ဖမ်းဆီးထားပြီး အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ကလေးမြို့မရဲစခန်းကနေ သိရပါတယ်။

#VOM #voiceofmyanmar #ကလေး #သေနတ်နဲ့မူးယစ်ဆေးတွေမိ

Zawgyi

ကေလးျမိဳ႕နယ္မွာ ေသနတ္တစ္လက္နဲ႔ မူးယစ္ေဆး၀ါးေတြ ဖမ္းဆီးရမိ

ကေလး၊ ေဖေဖာ္၀ါရီ ၁၅-၂၀၂၀
ၿငိမ္းသူမင္း(VOM)

စစ္ကုိင္းတုိင္း၊ ကေလးျမဳိ႕နယ္မွာ မေန႔ ေဖေဖာ္၀ါရီလ ၁၄ ရက္ညေနပုိင္းက မူးယစ္ေဆး၀ါး သတင္းအရ လုိက္လံရွာေဖြတဲ့အခါ ေသနတ္တစ္လက္ နဲ႕မူးယစ္ေဆး၀ါးေတြ ဖမ္းဆီးရမိခဲ့တယ္လို႕ ကေလးျမိဳ႕မရဲစခန္း ကေန သိရပါတယ္။

ကေလးျမိဳ႕နယ္၊ ဒုိး၀ုိင္းေခ်ာင္းေက်းရြာမွာ ေနထုိင္တဲ့ ဦးဆြမ္ရွမ္းကိမ္းလ်န္ ရဲ႕ ေနအိမ္ကုိ ၀င္ေရာက္ရွာေဖြရာမွာေတာ့ ေငြက်ပ္သုံးသိန္းတစ္ေသာင္းတန္ဖုိးရွိတဲ့ ဘိန္းျဖဴေတြကုိ ဖမ္းဆီးရမိခဲ့တယ္လုိ႔ သိရပါတယ္။

အဲ့ဒီအမႈနဲ႔ဆက္စပ္ျပီး လုိက္လံ ရွာေဖြရာမွာေတာ့ ကေလးျမိဳ႕၊ ၾကဳိ႕သုံးပင္ရပ္ကြက္မွာ ေနထုိင္တဲ့ ကုိက်င္လြယ္မန္း (၂၆) ႏွစ္ ရဲ႕ ေနအိမ္မွာ အေမရိကန္ႏုိင္ငံထုတ္ Colt Ar-15(Gir 16-S)အမ်ဳိးအစား အရွည္ ႏွစ္ေပခဲြရွိတဲ့ ေသနတ္တစ္လက္ နဲ႕ စိတ္ၾကြေဆးျပား သုံးေသာင္းကုိးေထာင္ေျခာက္ရာျပား နဲ႕ ဆပ္ျပာခြက္ (၈) ခြက္ထဲ ထည္႔ထားတဲ့ ဘိန္းျဖဴေတြကုိ ဖမ္းဆီးရမိခဲ့တယ္လို႕ ကေလးျမိဳ႕မရဲစခန္းကေနသိရပါတယ္။

“ ဖမ္းမိထားတဲ့သူေတြကို ေမးျမန္းေနပါတယ္။ အေရးယူႏိုင္ဖို႔ ဆက္လက္ေဆာင္႐ြက္ေနပါတယ္ “လုိ႔ ကေလးၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

လက္နက္ေတြ မူးယစ္ေဆး၀ါးေတြနဲ႔အတူ ဖမ္းဆီးရမိခဲ့သူနွစ္ဦးကုိေတာ့ ကေလးျမိဳ႕မရဲစခန္း မွာ ဖမ္းဆီးထားျပီး အမႈဖြင့္အေရးယူႏုိင္ေရး ဆက္လက္ေဆာင္ရြက္ေနတယ္လို႕ ကေလးျမိဳ႕မရဲစခန္းကေန သိရပါတယ္။

#VOM #voiceofmyanmar #ကေလး #ေသနတ္နဲ႔မူးယစ္ေဆးေတြမိ

Related posts

Leave a Comment

VOM News

FREE
VIEW