ဗီအိုအမ်ရဲ့ ဖေဖေါ်ဝါရီလ ၁၅ ရက်ညနေခင်းသတင်းအစီအစဉ်

ဗီအိုအမ်ရဲ့ ဖေဖေါ်ဝါရီလ ၁၅ ရက်ညနေခင်းသတင်းအစီအစဉ်

မန္တလေးမြို့၊မှာ ၁၃၀၀ ပြည့်အရေးတော်ပုံကာလ ၁၉၃၉ ဖေဖေါ်ဝါရီလက ၂၆ ဘီလမ်းပေါ်မှာ အင်္ဂလိပ်အစိုးရရဲ့ ပုလိပ်တွေလက်ချက်နဲ့ ကျဆုံးသွားတဲ့ အာဇာနည် ၁၇ ဦးကျဆုံးတဲ့ (၈၁)နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပခဲ့တဲ့သတင်း၊ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး မနေ့ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် စစ်တွေ- ရန်ကုန် ကားအသွားအလာတွေနဲ့ ဒေသတွင်း ကုန်လမ်း၊ရေလမ်းခရီးသွားလာရေးတွေ ရပ်ဆိုင်းနေတယ်ဆိုတဲ့အကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ (NCA-S EAO) ရဲ့ ဆဋ္ဌမအကြိမ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးကို ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့မှာ ကျင်းပခဲ့တယ်ဆိုတဲ့ သတင်း၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ မနေ့ ဖေဖော်ဝါရီလ ၁၄ ရက်ညနေပိုင်းက မူးယစ်ဆေးဝါး သတင်းအရ လိုက်လံရှာဖွေတဲ့အခါ သေနတ်တစ်လက် နဲ့မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းတွေနဲ့အတူ ကိုရိုနာဗိုင်းရပ်စ်ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံထဲက အထည်ချုပ်စက်ရုံတွေမှာ ကုန်ကြမ်းပစ္စည်းပြတ်လပ်နေပြီး စက်ရုံပိတ်ရမယ့် အနေအထားကိုရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းတွေကို နားဆင်ရမှာပါ။ ဒီသတင်းတွေအပါအဝင် ကျနော်တို့ ဗီအိုအမ်သတင်းဌာနရဲ့ သတင်းတွေကိုဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် www.facebook.com/VoiceofMyanmarNews/ လို့ရှာဖွေကြည့်နိုင်ပါတယ်။

ယူကျုကနေကြည့်ချင်တယ်ဆိုရင်တော့ ယူကျုမှာ Voice of Myanmar လို့ရိုက်ရှာပြီး စပ်ခရိုက်လုပ်ထားယုံနဲ့ အခမဲ့ ကြည့်ရှုနိုင်ပါတယ်။ ဗီအိုအမ်ရဲ့ ဝဘ်ဆိုဘ်လိပ်စာကတော့ www.vom-news.comဖြစ်ပါတယ်။

အားပေးကြည့်ရှုကြတဲ့ ဗီအိုအမ် ပရိတ်သတ်ကြီးကို ကျေးဇူးတင်ပါတယ်။ မြန်မာပြည်သား အားလုံး ကောင်းကျိုးလိုရာဆန္ဒတွေ ပြည့်ဝကြပါစေ။

#VOM #voiceofmyanmar #ညနေခင်းသတင်း

Zawgyi






Related posts

Leave a Comment

VOM News

FREE
VIEW