မေ ၁၄၊ ၂၀၂၆ Shy V (VOM) လတ်တလော လူမှုကွန်ရက်ပေါ်မှာ “ဝ” နဲ့ ကိုးကန့်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဒေသတချို့မှာ တရုတ်ဘက်က မြန်မာ-တရုတ် နယ်စပ်ခြံစည်းရိုးကို ကျော်ပြီး ရှေ့တိုးခြံခတ်နေတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့နေတဲ့အပေါ် အတည်မပြုနိုင်သေးတဲ့ သတင်းတွေကို မယုံကြည်ဖို့ မြန်မာမျိုးချစ်အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ အဲ့ဒီသတင်းတွေမှာ ဓာတ်ပုံတချို့နဲ့ ဒေသအမည်တချို့ကိုသာ ဖော်ပြထားပြီး နယ်နိမိတ်မှတ်တိုင်အမှတ်၊ GPS တည်နေရာအတိအကျနဲ့ တာဝန်ရှိအဖွဲ့အစည်းတွေရဲ့ အတည်ပြုချက်တွေ မပါဝင်သေးဘူးလို့ ဆိုပါတယ်။ မြန်မာ-တရုတ် နယ်နိမိတ်ကို ၁၉၆၀ နယ်နိမိတ်စာချုပ်နဲ့ ၁၉၆၁ Protocol တွေအရ သတ်မှတ်ထားတာဖြစ်ပြီး နှစ်နိုင်ငံအကြား နယ်နိမိတ်လိုင်းနဲ့ မှတ်တိုင်တွေကို လေးစားလိုက်နာဖို့လည်း သဘောတူထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် နယ်စပ်ရေးရာကိစ္စတွေကို နှစ်နိုင်ငံတာဝန်ရှိသူတွေကြား တရားဝင်ညှိနှိုင်းဆောင်ရွက်နေတဲ့အတွက် “နယ်မြေကျူးကျော်တယ်” လို့ အတည်မပြုခင် သတ်မှတ်ပြောဆိုတာတွေက ပြည်သူတွေအကြား…
Read MoreDay: May 15, 2026
နမ့်ခမ်းမြို့က စက်သုံးဆီဆိုင်ကြီးတွေမှာ ဆီ မရောက်တာကြောင့် ဈေးတက်နေ
မေ ၁၄၊ ၂၀၂၆ Shy V (VOM) နမ့်ခမ်းမြို့က စက်သုံးဆီဆိုင်ကြီးတွေမှာ လတ်တလော ဆီ မရောက်တာကြောင့် ဈေး ပြန်တက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မြို့ထဲမှာ စက်သုံးဆီ မရှိဘူး။ လမ်းဘေးမှာ ရောင်းတဲ့ ဆီဆိုင်အသေးလေးတွေတောင်မှာ မြို့အထွက်မှာ တဆိုင်၊ နှစ်ဆိုင်ပဲရှိတာ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ စက်သုံးဆီ ပန့်ဆိုင်အကြီးတွေမှာ ဆီရှိရင်တော့ တန်းစီ ဝယ်ရတဲ့ နေရာမှာက တလီတာ ၈,၀၀၀ ကျပ် နဲ့ ရပြီး တခြား ဆိုင်တွေမှာတော့ တလီတာ ၁၃,၀၀၀ ကျပ် ဈေးရှိတယ်လို့ သူက ပြောပါတယ်။ စက်သုံးဆီ လုံးဝ ပြတ်လပ်သွားတာမျိုး မဟုတ်ပေမယ့် လက်ရှိရောင်းနေတဲ့ ဆီဆိုင်အသေးတွေက ဈေးအသက်သာဆုံး တလီတာ ၁၄,၀၀၀ ကျပ် ရှိတယ်လို့ ဆိုပါတယ်။…
Read Moreစစ်ရေးအခြေအနေကြောင့် ရွှေဘိုနယ်က ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်း
မေ ၁၄ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း နေရာတချို့မှာ စစ်ရေးအခြေအနေ တင်းမာနေမှုတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာ နေရာအသီးသီးကို ရွှေ့ပြောင်းနေရတယ်လို့ စုံစမ်း သိရှိရပါတယ်။ ရွှေဘိုမြို့ရှိ ကျေးလက်နယ်မြေ အများစုကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက စိုးမိုးထားပြီး အစိုးရတပ်က အနီးဝန်းကျင် ကျေးရွာတွေကို လေကြောင်း တိုက်ခိုက်မှုတွေ၊ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေ မကြာခဏ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။ လတ်တလောမှာ စစ်ကိုင်းတိုင်းရှိ အခြေစိုက်စခန်းတွေကို အစိုးရတပ်က လူအင်အားနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေပြီး စစ်ကိုင်းတိုင်း အလယ်ပိုင်းဒေသတွေကို နယ်မြေရှင်းလင်းဖို့ လုပ်ဆောင်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ရွှေဘိုမြို့ကနေ ပြောင်းရွှေ့လာတဲ့ ဒေသခံတယောက်က “ရွှေဘိုမှာ အခြေအနေတွေကတော့ တော်တော်လေးကို မကောင်းတာပါ။ ရွှေဘိုမှာနေတဲ့သူတွေက တော်တော်များများလည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊…
Read Moreလူကူးမျဥ်းကျား၊ ခုံးကျော်တံတားကနေ လမ်းမကူးသူတွေကို အရေးယူသလို မျဥ်းကျားးမှာ အရှိန်ပြင်းဖြတ်မောင်းတဲ့ကားကိုလည်း အရေးယူမယ်
မေ ၁၄ ၊ ၂၀၂၆ GG (VOM) ရန်ကုန်မှာ လူကူးမျဥ်းကျားနဲ့ ခုံးကျော်တံတားတွေကနေ လမ်းဖြတ်မကူးရင် အရေးယူမှာဖြစ်သလို လူကူးမျဥ်းကျားမှာ အရှိန်ပြင်းမောင်းနှင်တဲ့ ယာဥ်တွေကိုလည်း အရေးယူမှာ ဖြစ်တယ်လို့ သိရပါတယ် ။ လူကူးမျဥ်းကျားနဲ့ ခုံးကျော်တံတားတွေကနေ လမ်းမကူးဘဲ တခြားဖြတ်လမ်းနေရာတွေကနေ ပေါ့ဆစွာ လမ်းကူးခဲ့တာကြောင့် ၂၀၂၅ ခုနှစ်မှာ သေဆုံးသူ ၂၇ ယောက်လောက်အထိရှိခဲတယ်လို့ သိရပါတယ်။ ဒါကြောင့် အသက်အန္တရာယ်မဖြစ်အောင် လူကူးမျဥ်းကျားနဲ့ ခုံးကျော်တံတားတွေကနေသာ လမ်းကူးဖို့အတွက် ပြည်သူတွေကို လက်ရှိမှာ အသိပညာပေးနေပြီး အသိပညာပေးကာလကျော်ချိန်မှာတော့ စည်းကမ်းမလိုက်နာသူတွေကို အရေးယူပြီး ဒဏ်ငွေရိုက်မှာဖြစ်တယ်လို့ သိရပါတယ် ။ “အခုက ပညာပေးပဲလုပ်သေးတယ်။ လိုအပ်တဲ့နေရာတွေမှာ လူကူးမျဥ်းကျား ထပ်ဆွဲတာတွေ လိုအပ်တာတွေပြည့်စုံအောင်လုပ်ပြီးမှ အရေးယူမှာပါ။ ကျွန်တော်တို့က အရေးယူပြီး ဒဏ်ကြေးတွေဘာတွေ လိုချင်တာမဟုတ်ဘူး ။ ယာဥ်စည်းကမ်း လမ်းစည်းကမ်း နဲ့အညီ စနစ်တကျသွားစေချင်တာပါ…
Read More