ဧရာဝတီတိုင်းက တောင်သူ အများစု အစိုးရရဲ့ စက်သုံးဆီ ခွဲတမ်းမရ

ရန်ကုန်- နိုဝင်ဘာ၇- ၂၀၂၆
EP(VOM)
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၂၆ မြို့နယ်တွင် စပါးရိတ်သိမ်းချိန် တောင်သူတွေကို စက်သုံးဆီခွဲတမ်း အစိုးရက ရောင်းနေပေမယ့် တောင်သူတွေအများစု မရရှိဘဲ စက်သုံးဆီ မှောင်ခို ဝယ်သုံးနေရလို့ အခက်ခဲဖြစ်‌နေတယ်လို့ တောင်သူအများစုက ပြောပါတယ်။
ဝန်ကြီးဌာနက သတ်မှတ်တဲ့ စက်သုံးဆီ ရည်ညွှန်း ဈေးဟာ တပေပါ ၁၂ သိန်းရှိပေမယ့် ဧရာဝတီတိုင်းအတွင်း တောင်သူတွေ ဝယ်သုံးနေရတဲ့ ဈေး နှုန်းကတော့ မှောင်ခို ဈေးကွက်မှာ တပေပါ ၁၈ သိန်းကျပ် ပေါက်ဈေးရှိနေပါတယ်။
” ခွဲတမ်း အခုချိန်ထိ ကျွန်တော်တို့ မရပါဘူး။ နှစ်တိုင်း ဝယ်သုံးနေရတာပါ။ ဝယ်တာလည်း ဝယ်ချင်တိုင်း လို့မရဘူး။ ဘယ်ဆိုင်ကမှလည်း တောင်သူကို မရောင်းပါဘူး။ ကျွန်တော်တို့က ပွဲစားနဲ့ ဝယ်ရတာပါ” ဟု ‌ကျုံပျော်မြို့နယ်က တောင်သူ ကိုမျိုးမြင့်က ပြောပါတယ်။
တောင်သူ‌တွေဟာ မှောင်ခို ဈေးကွက်က ဝယ်ယူနေရတဲ့အပြင် စက်သုံးဆီ နယ်ကျော်သယ်ယူခွင့် မရှိ မူအရ အဖမ်းဆီးခံရမှုတွေနဲ့ ဝယ်ယူစရိတ် ဆုံးရှုံးမှုတွေလည်း ရှိနေပါတယ်။
တမြို့နယ်ထဲမှာ စက်သုံးဆီ လိုအပ်သလောက် မရရှိလို့ နယ်ကျော်ဝယ်ယူရာက တရားမဝင် ပစ္စည်း သယ်ယူမှုနဲ့ ဖမ်းဆီးခံရခြင်းဖြစ်ပါတယ်။
” ဓနုဖြူက လယ်သမားတွေ ကျုံပျော်ကနေ သယ်တာ လမ်းမှာ အဖမ်းခံရတယ်။” လို့ တောင်သူတဦးက ထပ်မံပြောပါတယ်။
ရိတ်သိမ်း ခြွေလှေ့ရာမှာ လယ်တဧက ကို သုံးဂါလ ကုန်ပြီး ဧက ငါးဆယ်ကို တစ်ပေပါ ကုန်တဲ့အတွက် ဆန်စပါး အဓိထွက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးရဲ့ စက်သုံးဆီလိုအပ်ချက်ဟာ ကြီးမားနေခြင်း ဖြစ်ပါတယ်။
လယ်သမားအများစုကတော့ ရိတ်သိမ်းခြွေလှေ့စဉ် လိုအပ်တဲ့ စက်သုံးဆီကို အချိန်မှီနဲ့ ရည်ညွှန်းဈေးအတိုင်း တရားဝင် ဝယ်ယူခွင့် ရရှိစေရေးအတွက် ကျူအာကုတ်စနစ်နဲ့ ရောင်းချရန် သက်ဆိုင်ရာ အစိုးရ ဖွဲ့ကို တောင်းဆိုထားပေမယ့် တိကျတဲ့ အဖြေ မရသေးဘူးလို့ ဆိုပါတယ်။
” ဒီနှစ် ခွဲတမ်းရတာ နည်းလို့ အစိုးရအဖွဲ့က ပြည်ထောင်စုကို အကျိုးအကြောင်း ပြောထားပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့ဆိုရင် သိရမှာပါ” လို့ ဧရာဝတီတိုင်းဒေသကြီးရှိ လွှတ်တော်ကိုယ်စား လှယ် တဦးကပြောပါတယ်။
အခုနှစ် စပါးရိတ်သိမ်းချိန်တွင် တောင်သူတွေ ရိတ်သိမ်းခြွေလှေ့တဲ့ ကုန်ကျစရိတ် သက်သာဖို့ အစိုးရ စီမံချက်နဲ့ စက်သုံးအရောင်းဆိုင်တွေပူးပေါင်းပြီး ရပ်ကွက်၊ ကျေးရွာ အုပ်ချူပ်ရေးမှူးက တဆင့် ‌စက်သုံးဆီ ရောင်းချပေးနေ​ပေမယ့် မလုံမ​လောက်ဖြစ်​နေဆဲပါ။

Related posts

✕
VOM News

FREE
VIEW