ကနီ နဲ့ဝက်လက်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ ရှစ်ယောက်သေ ၊ ၁၀ ယောက်ထိခိုက်ဒဏ်ရာရ

နိုဝင်ဘာ ၈ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် နဲ့ ဝက်လက်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး ရှစ်ယောက်သေဆုံးကာ ၁၀ ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့က နိုဝင်ဘာ ၇ ရက်နေ့ ၊ မနက် ၁၁ နာရီခွဲလောက်က NUG ထိန်းချုပ်တဲ့ ညောင်ပင်လယ်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ ၁၅ ယောက်ရှိခဲ့တာ ဖြစ်ပါတယ်။
” ကနီလေကြောင်းတိုက်ခိုက်မှုမှာ ကနဦးသိရတာ အမျိုးသားငါးယောက်နဲ့ အမျိုးသမီးသုံးယောက်ဆုံးတယ်။ ထပ်ဆုံးတာရှိတယ်ဆိုပေမယ့် အတည်မပြုနိုင်သေးဘူး။ ဒဏ်ရာရတဲ့အထဲမှာတော့ စိုးရိမ်ရသူတွေရှိတယ်လို့ သိရတယ်။ ဝက်လက်ကတော့သေဆုံးမရှိဘူး။ ဒဏ်ရာရသူပဲရှိတယ်။” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဝက်လက်မြို့နယ် ၊ အရှေ့မြောက်ခြမ်း၊ စခန်းသာရွာ မြောက်ဘက် တောထဲမှာလည်း မနေ့က လေယာဥ်နဲ့ ဗုံးကြဲခံရပြီး လူသုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဝက်အကောင်ရေ ၅၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ကနီမြို့နယ်နဲ့ ဝက်လက်မြို့နယ်လေကြောင်းတိုက်ခိုက်ခံရမှုမှာ နေအိမ် နဲ့ NUG စာသင်ကျောင်း အပါအဝင် ဆိုင်ကယ် ၊ ဆိုင်ခန်းတွေထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ NUG ဘက်သတင်းထုတ်ပြန်တာမရှိသေးသလို အစိုးရဘက်ကလည်း သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
ဓာတ်ပုံ – CJ

Related posts

✕
VOM News

FREE
VIEW