စက်တင်ဘာ ၂၈ – ၂၀၂၆ SN (VOM) မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ အခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်နဲ့ ခမောင်းတောကျေးရွာမှာ ဒီကနေ့ စက်တင်ဘာ ၂၈ ရက်၊ မနက် ၁၀ နာရီဝန်းကျင်နဲ့ မနေ့ စက်တင်ဘာ ၂၇ ရက်၊ ညပိုင်းက လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ခဲ့သလို မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာမှာလည်း ဒီကနေ့ မနက် ၇ နာရီကျော်ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာမှာ ခုနစ်ယောက် ဒဏ်ရာရပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “ဒီမနက် ထိခိုက်မိသူတွေရဲ့ ဒဏ်ရာအခြေအနေနဲ့ နေအိမ်ပျက်စီးမှု အခြေအနေတွေကို အသေးစိတ် ပြောလို့မရသေးဘူး။ လေကြောင်းက…
Read Moreမုန်တိုင်းငယ် မြန်မာနိုင်ငံအတွင်း ဝင်ရောက် ဖြတ်ကျော်နိုင်တဲ့အတွက် အနီရောင်အဆင့် သတ်မှတ်
စက်တင်ဘာ ၂၈ – ၂၀၂၆ SS (VOM) လက်ရှိ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ မုတ္တမကွေ့အနီးကနေ မြန်မာနိုင်ငံအတွင်း ဝင်ရောက် ဖြတ်ကျော်နိုင်တဲ့အတွက် အနီရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ( မိုး/ဇလ) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ မိုး/ဇလဌာနရဲ့ ဒီကနေ့ ညနေ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ မြန်မာနိုင်ငံ၊ မုတ္တမကွေ့၊ မွန် – တနင်္သာရီ ကမ်းရိုးတန်းတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မြောက် – အနောက် မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဆင့် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ မော်လမြိုင်မြို့ရဲ့ တောင်ဘက် ရေမိုင် ၂၀ မိုင်ခန့်၊ သုံးခွမြို့ရဲ့ အရှေ့တောင်ဘက်…
Read Moreအခန်း (၂၃၄)
ဆူးငှက် ရှေးဟောင်းရေကန် မြေဖို့ ဝင်းခတ် ————————————- ရပ်ကွက်လေးကား မျက်နှာစာ ၂၆ဘီ လမ်းမပေါ်က “တပ်ပိုင်မြေ မကျူးကျော်ရ” ဟူသော ဆိုင်းဘုတ်များ၊ ရပ်ကွက် အတွင်း အလံနီများတလူလူနှင့် သူနှင့် မဆိုင်သလို ပုံမှန်လှုပ်ရှား စည်ကားနေဆဲ ဖြစ်သည်။ မြေ အရောင်းအဝယ် ကတော့ ရပ်တံ့သွားပြီ။ မြေလွတ်မှားမှာ အိမ် ဆောက်လက်စတွေ ကတော့ ဆက်ဆောက်နေကြဆဲ ဖြစ်၏။ ထိုအတောအတွင်းမှာပဲ ၂၆ဘီလမ်းထိပ် အောင်ပင်လယ် ကန်ဘောင်လမ်း အနောက်ဘက်ရှိ ကျွဲနွားရေသောက် ကန်ကြီးကို အမှိုက်များ မြေများဖို့ပြီး အိမ်ဝင်းအသစ် ဖော်သူက ဖော်နေသည်။ သည်ကန်နေရာက ပေ၁၀၀ကျော် ပတ်လည်လောက် ရှိမှာပေါ့။ တကယ်တော့ သည် ကျွဲ နွားရေသောက်ကန်ဆိုသည်မှာ ခပ်လွယ်လွယ် မှတ်သားထားကြခြင်းသာ ဖြစ်သည်။…
Read Moreကျောက်တော် လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးဒဏ်ရာရသူ ၁၀၀ ကျော်အထိရှိလာ
စက်တင်ဘာ ၂၉ ၊ ၂၀၂၆ GG (VOM) ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူထပ်တိုးလာလို့ သေဆုံး ၄၉ ယောက် ၊ ဒဏ်ရာရ ၅၈ ယောက်အထိရှိလာတယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ တချို့လူတွေ က မီးလောင်ပြာကျသွားတဲ့အတွက် အလောင်းပကောက်ယူနိုင်တာ မရှိဘူးကြောင်း ၊ ဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူတွေရှိတာကြောင့် သေဆုံးအရေအတွက် ထပ်တိုးလာနိုင်တယ် လို့သိရပါတယ်။ ” ထပ်တိုးအလာင်းတွေကြောင့် သေဆုံး ၄၉ ယောက်ရှိတယ်။ ဒဏ်ရာရ ၅၈ ယောက်ရှိတယ်။ အဲဒီထဲမှာ ၂၂ ယောက်က စိုးရိမ်ရတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မနေ့က စက်တင်ဘာ ၂၈ ရက် ၊ နေ့လယ် ၁၂ နာရီကျော်မှာ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နဲ့ အိန္ဒိယဈေးဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပါတယ်။…
Read Moreလောင်းလုံးက မြေပြိုမှုမှာ အလောင်းလေးလောင်းတွေ့ထားပြီး ပျောက်ဆုံးသူ ၁၀ဦး ထက်မနည်းရှိနေ
စက်တင်ဘာ ၂၇ ၊ ၂၀၂၆ GG (VOM) တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲက ကျေးရွာပေါင်း ၂၅ ရွာထက်မနည်းမှာ ရေကြီး၊ မြေပြိုမှုကြောင့် အိမ် ၅၀ ထက်မနည်း မြေမြုပ်ကာ အလောင်းလေးလောင်း တွေ့ရှိထားတယ်လို့ သိရပါတယ်။ မင်းရပ်ရွာက အမျိုးသမီး ရုပ်အလောင်း တလောင်း ၊ ကဒက်ငယ်ထိန်ရွာက အမျိုးသမီးနှစ်ယောက်နဲ့ ကလေး အလောင်းတလောင်းကို ရှာဖွေတွေ့ရှိထားပြီး မြေပိပြီး ပျောက်ဆုံးနေသူက ကိုရင်အပါအဝင် ၁၀ ယောက်ထက်မနည်းရှိတယ်လို့ သိရပါတယ် ။ တောင်ပြိိုမှုကို အဆိုးရွားဆုံးရင်ဆိုင်နေရတာကာ ကဒက်ငယ်ထိန်ရွာ ၊ ကရင်ကြီးရွာ ၊ ကျောက်နီမော် ၊ သဗျာ ၊ တောကျဲရွာတို့ဖြစ်ပြီး အဲဒီရွာတွေမှာ တောင်ပြိုမှုကြောင့် နေအိမ် ၅၀ ထက်မနည်း မြေပိသွားတာဖြစ်ကြောင်း လက်ရှိအထိလည်း တောင်ပြိုမှုတွေ ဆက်တိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ ” ကဒက်ငယ်ထိန်က…
Read Moreကျောက်မဲ မန်ကုန်းရွာမှာ TNLA တပ်သားနှစ်ယောက် ပစ်ခတ်ခံရလို့ သေဆုံး
စက်တက်ဘာ ၂၇၊ ၂၀၂၆။ NN(VOM) ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် မန်ကုန်းရွာမှာ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ SSPP တပ်သားတွေက TNLA တအာန်းပလောင်တပ်ဖွဲ့ဝင် နှစ်ယောက်ကို ပစ်ခတ်လိုက်လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မနေ့က ညနေပိုင်းမှာ ကျေးရွာထဲက စားသောက်ဆိုင်မှာ စကားများကြတာကနေ ဖြစ်ကြတာလို့ သိရပါတယ်။ “လူငယ်တွေပါ။ အဲအနီးရွာက လူတွေပဲ ရွာခံပြည်သူ့စစ်အနေနဲ့ ဝင်ထားကြ တာ။ စကားများပြီး ပစ်လိုက်တာလို့ သိရပါတယ်။TNLA ဘက်က နှစ်ယောက်တော့ သေသွားတယ်” လို့ ဖြစ်စဉ်အခြေအနေ သိရှိသူ တယောက်က ပြော ပါတယ်။ သေဆုံးသူတွေဟာ TNLA ရဲ့ ကျေးရွာအခြေစိုက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး TNLA ရော SSPP ဘက်ကပါ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဒီဖြစ်စဉ်ကြောင့် နှစ်ဖက်တပ်ဖွဲ့တွေကြား အပြန်အလှန်တိုက်ခိုက်တာတွေ…
Read Moreအခန်း (၁၃၃)
ဆူးငှက် သရက်ကုန်း ထန်းရိပ်ညို ဂယ်လာရီ —————————————- ကိုင်း.. ဖျာလိတ်ထဲ တိုးမိမှတော့ အသားအပွန်းပဲ့ခံပြီး တစ်ဘက် ထွက်နိုင်အောင် တိုးရတော့မှာပေါ့။ နောက်ပြန်ဆုတ်လို့ မရတော့။ သည်တစ်ခါ ဝန်ကြီးချုပ်အသစ်ဆီ စာတင်ကြမည်။ နောက်ဆက်တွဲအနေနှင့် ရပ်ကွက်က လက်မှတ်များသာမက ရပ်ကွက်အတွင်းရှိ အိမ်ခြေစာရင်း အမျိုးအစား အမျိုးအစားအလိုက် အသေးစိတ်စာရင်းများကိုပါ တစ်အိမ်ချင်း ဓာတ်ပုံများနှင့်အတူ တင်ကြမည်။ ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၁၀၀ကျော်၏ ဓာတ်ပုံများ စရိတ်စက အတွက် ဦးမျိုးခင်က တာဝန်ယူသည်။ ထိုစဉ်ကာလ ရပ်ကွက်အတွင်း ကျွန်တော့် အိမ်ဘေးက ထန်းရိပ်ညို ဂယ်လာရီမှာက ပန်းချီဆရာများ သာမက စာရေးဆရာတွေ၊ မီဒီယာသမားတွေ ဓာတ်ပုံဆရာတွေပါ နေ့စဉ်စုရုံးရောက်ရှိကြသည်။ ထန်းရိပ်ညို ဂယ်လာရီမှာ ပန်းချီပြပွဲများသာမက အနုပညာဆိုင်ရာ ဆွေးနွေးပွဲတွေ စာတမ်းဖတ်ပွဲတွေလည်း ကျင်းးပသည်။…
Read Moreသူတို့အိမ် အခန်း (၂၃၂)
ဆူးငှက် မကျေပွဲအတွက် အလံနီ အလံဝါ —————————————– ဦးတက်တိုး၏ မင်းသား က ဝန်ကြီးချုပ်တာဝန်ယူစဉ် ကျွန်တော်နှင့် ဆက်သွယ်ဖို့ လမ်းကြောင်းပေးခဲ့သည့် မန္တလေး ရုံးကြီးတစ်ရုံး က ဌာနမှူးမှာ တာဝန်ကျေလှသည်။ ဝန်ကြီးချုပ် မရှိတော့သော်လည်း ကျွန်တော်တို့ ရပ်ကွက်လေး သတင်းနှင့် ပတ်သက်၍ ထူးလျှင် ထူးသလို အသိပေး အကြောင်းကြားပါသည်။ အခုလည်း ကြားရသည့် သတင်းက မကောင်းလှပေ။ ဝန်ကြီးချုပ် အထိန်းသိမ်းခံရပြီး မကြာမီမှာပင် မန္တလေးသို့ က.ထ.စ မှူး ရောက်လာသည်။ သူက ဝန်ကြီးချုပ် ရှိစဉ်ကာလ နန်းတွင်း၌ အစည်းအဝေးအပြီး တိုင်းမှူးကို “နေပါဦး၊ ကို(…..) ခင်ဗျားတို့ သရက်ကုန်းရပ်ကွက်က ဘာဖြစ်ကြတာလဲ” ဟုမေးတော့ တိုင်းမှူးက မဖြေနိုင်ခင် ဝန်ကြီးချုပ်က ခ.ယ.က ဥက္ကဋ္ဌဘက် လှည့်ပြီး “ကို(…..) ခင်ဗျားသိတယ်၊…
Read Moreတရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးဖို့ တရုတ်ရဲစခန်းတွေမှာ ညွှန်ကြားထား
စက်တင်ဘာ ၂၆၊ ၂၀၂၆။ NN(VOM) တရုတ်နိုင်ငံထဲ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးဖို့နဲ့ ဖမ်းမိသူတွေကိုလည်း ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်ဖို့ တရုတ်နယ်စပ် အာဏာပိုင်တွေက အခုလ ၂၄ ရက်နေ့ကစပြီး သတိပေးစာ ထုတ်ပြန် ထားတယ်လို့ တရုတ်နယ်စပ်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေဆီကနေ သိရပါတယ်။ တရုတ်နိုင်ငံထဲ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အချင်းချင်း ရန်ဖြစ်တာကနေ လူသတ်မှုတွေအထိ ဖြစ်ခဲ့တာတွေကြောင့် တရုတ်ရဲတပ်ဖွဲ့ဘက်က အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးတာတွေ ပိုလုပ် တာဖြစ် နိုင်တယ်လို့ နယ်စပ်ရောက် မြန်မာနိုင်ငံသား တချို့က ပြောပါတယ်။ “လူသတ်မှုဖြစ်တာ နှစ်ခါရှိပြီ၊ ပြီးခဲ့တဲ့လက တစ်ခါ ဒီလမှာ တစ်ခါဖြစ်တယ်။ ကျူခုံမှာ ရန်ဖြစ်တာကနေ အချင်းချင်း လူသတ်မှုအထိ ဖြစ်တာ။ အဲကတည်း က တရုတ်ရဲတွေက မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးတာ…
Read Moreအခြေခံပညာကျောင်းတွေမှာ ကျောင်းတက်စရာ မလိုတဲ့ Enroll ကြေး ၂၅ သိန်းအထိ ဈေးပေါက်နေ
စက်တင်ဘာ ၂၆ – ၂၀၂၆ SN (VOM) အခြေခံပညာကျောင်းတွေမှာ ကျောင်းတက်စရာမလိုဘဲ အမည်စာရင်းသွင်း (Enroll) ပြုလုပ်ကာ ကျောင်းခေါ်ချိန် ယူနေမှုတွေအတွက် ငွေကျပ် ငါးသိန်းမှ ၂၅ သိန်းအထိ ဈေးပေါက်နေတယ်လို့ ပညာရေးအသိုင်းအဝိုင်းက သိရပါတယ်။ ကျောင်းသားမိဘ တချို့ဟာ သားသမီးတွေကို ပုဂ္ဂလိကကျောင်း (ဒါမှမဟုတ်) နိုင်ငံတကာကျောင်းတွေမှာ တက်ရောက်စေပြီး အစိုးရကျောင်းတွေမှာ စာမေးပွဲဖြေဆိုခွင့် (ဒါမှမဟုတ်) အောင်လက်မှတ်အတွက် အမည်စာရင်း (Enroll) တင်ထားကာ ကျောင်းခေါ်ချိန် ယူနေကြတယ်လို့ သိရပါတယ်။ တချို့သော မိဘတွေကတော့ ၎င်းတို့ရဲ့ သားသမီးတွေကို နေ့စဉ် ကျောင်းတက်တာမျိုး မပြုလုပ်စေဘဲ အိမ်မှာသာ Guide ခေါ်၊ စာသင်ကြားပေးကြကာ ကျောင်းမှာ Enroll တင်ထားကြတာလို့ သိရပါတယ်။ “ပညာရေးလောကမှာ ဒီလိုလုပ်နေကြတာ ကြာပြီ။ အခုမှ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀…
Read More




