ရန်ကုန် ဆရာစံလမ်းမှာ မောင်းနေတဲ့ကားပေါ် သစ်ပင်လဲကျလို့ တ​ယောက်​သေ တ​ယောက်ဒဏ်ရာရ

ဇူလိုင် ၂၇ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းမှာ ကားပေါ်ကို သစ်ပင်လဲကျခဲ့တာကြောင့် ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ပြီး တယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး ပြုလုပ်ခဲ့တဲ့ လူမှုကူညီရေး အသင်းဆီက သိရပါတယ်။ ဒီကနေ့ ဇူလိုင် ၂၇ ရက်နေ့ ၊ မနက် ၁၀ နာရီခွဲကျော်မှာ ဆရာစံလမ်း ၊ ပုလဲကွန်ဒိုအနီးမှာ မောင်းနှင်လာတဲ့ လိုက်ထရပ်ကားပေါ်ကို သစ်ပင်လဲကျခဲ့တာ ဖြစ်ကြောင်း ၊ သစ်ပင်လဲကျမှုကြောင့် ယာဉ်မောင်းအမျိုးသားဖြစ်သူက နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ် ။ သေဆုံးသူက ဦးကျော်သက်ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ အသက် ၁၅ နှစ်အရွယ်ဟာ ​သေဆုံးသူရဲ့တူ ဖြစ်တယ်လို့ သိရပါတယ်။ ” ဖုန်းသတင်းဝင်တာ ၁၀ နာရီခွဲလောက်ပါ။ ရောက်သွားတော့ ယာဉ်မောင်းက အသက်မရှိတော့ဘူး ။ ဘေးမှာလိုက်ပါလာတဲ့…

Read More

TNLA ထိန်းချုပ်နယ်မြေထဲက CDM ဝန်ထမ်းတွေ စိုးရိမ်ပူပန်မှု ရှိနေပေမယ့် ရွှေ့ပြောင်းတာမျိုး မတွေ့ရ

ဇူလိုင် ၂၇၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်နယ်မြေထဲက CDM ဝန်ထမ်းတွေ အစိုးရတပ်နဲ့ TNLA တပ်ဖွဲ့တို့အကြား နေပြည်တော်မှာ တွေ့ဆုံပြီးနောက် စိုးရိမ်ပူပန်မှု ရှိနေပေမယ့် ရွှေ့ပြောင်းတာမျိုးတော့ မရှိသေးကြောင်း CDM ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ “လောလောဆယ်တော့ ဘာမှ ရွှေ့သံ မကြားဘူး” လို့ CDM ဝန်ထမ်းတွေနဲ့ နီးစပ်သူ တအမျိုးသား ယောက်က ပြောပါတယ်။ CDM ဝန်ထမ်းတွေ တင်မဟုတ်ပဲ PDF တွေလည်း အခက်ကြုံ နေရတယ်လို့ သူက ပြောပါတယ်။ လက်ရှိအထိတော့ NUG အနေနဲ့ တစုံတရာ မှတ်ချက်ပေးတာမျိုးနဲ့ TNLA ထိန်းချုပ်နယ်မြေက ဌာနဆိုင်ရာတွေ အလိုက် ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်တန့်တာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ “ဒီလို အခက်အခဲတွေက CDM…

Read More

YBS ယာဥ်မတော်တဆမှုကြောင့် ရန်ကုန်မှာ ခုနှစ်လအတွင်း လူ ၁၉ ယောက်သေပြီး ၃၇ ယောက်ဒဏ်ရာရရှိခဲ့

ဇူလိုင် ၂၇ ၊ ၂၀၂၆ GG (VOM) ဒီနှစ် ၂၀၂၆ ခုနှစ် ခုနှစ်လနီးပါးကာလအတွင်း ရန်ကုန်မှာ YBS ယာဥ်မတော်တဆမှုကြောင့် ၁၉ ယောက်သေဆုံးခဲ့ပြီး ၃၇ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)က သိရသည်။ ဇန်နဝါရီ ၁ ရက်ကနေ ဇူလိုင် ၂၀ ရက်နေ့အထိ YBS ယာဥ်မတော်တဆမှုပေါင်း ၃၉ ကြိမ်အထိဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဲဒီယာဥ်မတော်တဆမှုတွေကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။ YBS ယာဉ်မတော်တဆမှုတွေနဲ့ ပတ်သက်ပြီး လူသေဆုံးစေတဲ့အထိဖြစ်ပွားစေတဲ့ YBS ယာဉ်မောင်းကို ရာသက်ပန်ထုတ်ပယ်တဲ့နည်းနဲ့ အရေးယူမှုပြုလုပ်နေတဲ့အပြင် သတ်မှတ်စည်းကမ်းဖောက်ဖျက်တဲ့ ယာဥ်မောင်းတွေကိုတော့ ဒဏ်ငွေနှစ်ဆရိုက်တဲ့ အစီစဥ်ပြုလုပ်နေတယ်လို့ သိရပါတယ်။ ” ကျွန်တော်တို့က လူသေတဲ့အထိဖြစ်တဲ့ ဖြစ်စဥ်ဆိုရင် ယာဥ်မောင်းကို အမြဲတမ်း ရာသက်ပန်ထုတ်ပယ်တယ်။ YBS ကို မောင်းခွင့်မပေးတော့ဘူး။ ကညန ကယာဥ်မောင်းလိုင်စင်ကိစ္စတော့သူ့တို့ဘာသာ…

Read More

အမှိုက်စွန့်ပစ်မှုနဲ့ပတ်သက်တဲ့ ပညာပေးအစီအစဥ် မန္တလေးမှာ ကျင်းပမယ်

မန္တလေး၊ ဇူလိုင်- ၂၇- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်း ၆၆ လမ်းထောင့်မှာ မနက်ဖြန် ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာ မန္တလေးမြို့က ပြည်သူလူထုကို အမှိုက်စွန့်ပစ်မှုနဲ့ပတ်သက်တဲ့ ပညာပေးအစီအစဥ်ကို နိုင်ငံကျော်အနုပညာရှင်တွေနဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်၊ အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး သရုပ်ဖော်ပြသ စီစဥ်တင်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ” အမှိုက်စွန့်ပစ်မှုနဲ့ပတ်သက်တဲ့ ပညာပေးအစီအစဥ်ကို ပြည်သူ လူထုကို အသိပညာပေးတဲ့အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်တာပါ၊ အဆိုတော်တွေကို ဖိတ်တယ်ဆိုတာကလည်း ပြည်သူလူထုက ပိုပြီးတော့ စိတ်ဝင်တစားရှိလာအောင်လို့ စီစဥ်တာပါ၊ အစီအစဥ်လေးကတော့ ကျနော်တို့ စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းတွေကနေ LED ကားကြီးအပြင် ပါဖော့မန့် တခုလုပ်မယ် ပြီးရင် အဆိုတော်တွေက တေးသီချင်းတွေနဲ့ ဖျော်ဖြေပေးပြီး အလှည့်ကျဆောင်ရွက်သွားမှာပါ၊ အရင်ကတော့ အဆိုတော်တွေမပါဘူး အခုတခေါက်ကတော့ အဆိုတော်တွေပါမယ်”…

Read More

ထိုင်းရောက်မြန်မာတချို့ရဲ့ စည်းကမ်းမဲ့ လုပ်ရပ်တွေကြောင့် တခြားသော မြန်မာလုပ်သားတွေပါ ထိခိုက်လာ

ဇူလိုင် ၂၇ – ၂၀၂၆ SS (VOM) ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတချို့ရဲ့ လူသတ်မှု ကျူးလွန်ခြင်း၊ အုပ်စုဖွဲ့ရန်ဖြစ်ခြင်းနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ခြင်း အစရှိတဲ့ စည်းကမ်းမဲ့ လုပ်ရပ်တွေကြောင့် တရားဝင် အလုပ်လုပ်ကိုင်နေသူတွေနဲ့ အေးချမ်းစွာ နေထိုင်ကြတဲ့ တခြားသော မြန်မာနိုင်ငံသားတွေပါ ထိုင်းလူမှုကွန်ရက်မှာ အမုန်းစကားတွေနဲ့ ဖိနှိပ်ခံရမှုတွေကို ရင်ဆိုင်လာကြရတယ်လို့ ထိုင်းရောက် မြန်မာတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ လက်ရှိမှာ ထိုင်းရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်ပြီး စစ်ဆေးရေးနဲ့ ဖမ်းဆီးမှုတွေကို အရင်ကထက်ပိုပြီး တင်းကျပ်စွာ လုပ်ဆောင်လာကြသလို တဖက်မှာလည်း အလုပ်သမားတွေရဲ့ အခွင့်အရေး၊ နေထိုင်ခွင့်သက်တမ်းနဲ့ မှတ်ပုံတင်လုပ်ငန်းစဉ်တွေကို ထိုင်းအစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေက ပိုမိုစိစစ် ကန့်သတ်ဖို့ တောင်းဆိုလာကြတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ “တချို့မြန်မာတွေက လုံးဝ စည်းကမ်းမရှိကြဘူး။ ခုဆို လူသက်မှုဖြစ်လည်း…

Read More

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာ တိုက်ပွဲတွေ ပြင်းထန်နေ

ဇူလိုင် ၂၇ – ၂၀၂၆ SN (VOM) ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာ အစိုးရတပ်နဲ့ AA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အစိုးရတပ်ဘက်က အင်အားဖြည့်တင်းခြင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်လျက်ရှိတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ အစိုးရတပ်ဟာ စစ်သင်္ဘော၊ ဇက်ရေယာဉ်တွေကို အသုံးပြုကာ ၎င်းတို့ တပ်စွဲထားတဲ့ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်ရှိ ရွှေသောင်ယံ၊ ရေကြည်၊ သာပေါင်း၊ အင်္ဂပူနဲ့ လေးမျက်နှာမြို့နယ်တွေက တပ်စခန်းတွေဆီ လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ စစ်ကူတွေ အဆက်မပြတ် ပို့ဆောင်နေပြီး AA တပ်တွေကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ “တိုက်ပွဲက ဇူလိုင် လဆန်းပိုင်းကတည်းက တောက်လျှောက်ဖြစ်နေတာ။ အစိုးရတပ်က သူတို့ လက်လွှတ်လိုက်ရတဲ့ ပွိုင့် (၂၂၇) ကာကင်းစခန်းတွေကို ပြန်ရဖို့ တန်ပြန် ထိုးစစ်ဆင်နေတာ။ သာပေါင်း၊ စက်ဒေါင့်ကြီးရွာကနေတဆင့်…

Read More

DEMU ရထားပေါ်မှာ စည်းကမ်းမဲ့ လုပ်ရပ် ပြုမူခဲ့တဲ့ ဒေါ်မြသန်းအဖွဲ့ကို ပုဒ်မ ၈၈ (က)အရ တယောက်ကို ဒဏ်ငွေတသိန်းစီပေးဖို့ အမိန့် ချ

ဇူလိုင် ၂၇ ၊ ၂၀၂၆ CC (VOM) မော်လမြိုင် – ရန်ကုန် DEMU ရထားပေါ်မှာ ခရီးသည်တွေကို အနှောင့်ယှက်ဖြစ်အောင် အော်ဟစ်ပြောဆိုပြီး ပျော်ပါးခဲ့ကြတဲ့ ဒေါ်မြသန်းဦးစီးတဲ့ ကမ်းနားလမ်းအားကစားအဖွဲ့က ၅၄ ယောက်ကို မော်လမြိုင်တရားရုံးက ဒီကနေ့ ဇူလိုင် ၂၇ ရက်မှာ တယောက်ကို ဒဏ်ငွေတသိန်းစီပေးဆောင်ဖို့ အမိန့်ချလိုက်တယ်လို့ စုံစမ်းသိရှိ ရပါတယ် ။ ဒေါ်မြသန်းအပါ ၅၄ ယောက်ကို မနေ့က ဇူလိုင် ၂၆ ရက်မှာ မော်လမြိုင်ရဲစခန်းမှာ ရထားပို့ဆောင်ရေး ဥပဒေပုဒ်မ – ၈၈(က)အရ အမှုဖွင့်ပြီးနောက် ဒီကနေ့မှာ တရားရုံးစွဲတင်ပြီး ခုလိုအမိန့်ချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ” စခန်းမှာ အမှုဖွင့်ပြီးတော့ ဒီနေ့ တရားရုံးမှာ တရားစွဲတယ် ။ ဒီနေ့ပဲ တရားရုံးက အမိန့်ချလိုက်တာပေါ့။သူ့ရဲ့ ဥပဒေအတိုင်းအမိန့်ချလိုက်တာပေါ့။ သူ့ရဲ့ ဥပဒေမှာတော့…

Read More

သူတို့အိမ် အခန်း (၁၇၇)

ဆူးငှက်   ကျွန်တော်နှင့် ပန်းချီ စိုးဝင်းငြိမ်း ————————————- ကျွန်တော် စာ ရေးစ ပေါင်းသင်းဖြစ်သည့် စာပေမိတ်ဆွေများတွင် ကာတွန်းအော်ပီကျယ်နှင့် ပန်းချီဒီဇိုင်း စိုးဝင်းငြိမ်းက အမြဲပါသည်။ ထိုစဉ်ကာလ သူတို့၂ယောက်နှင့် ကျွန်တော်က မနက်မိုးလင်းသည်မှ ညမိုးစုပ်စုပ် ချုပ်သည်အထိ တပူးတွဲတွဲ မခွဲနိုင် မခွာရက် ဖြစ်ကြသည်။ စကားတွေကလည်း ပြောမကုန်ခဲ့ကြ။ သည်၂ယောက်အနက် ဆရာအော်ပီကျယ်နှင့် စတင် ဆုံဆည်းဖြစ်ပုံကို ပြောခဲ့ပြီးပါပြီ။ ပန်းချီဒီဇိုင်း စိုးဝင်းငြိမ်းနှင့် စတင်ဆုံဖြစ်တာလည်း ပြောပါဦးမည်။ ၁၉၈၉ ခုနှစ်ဆန်း ၏ ရာသီဥတု ပြင်းထန်သော နွေတစ်နေ့လယ်တွင် မန်္တလေးလူထုတိုက် ဧည့်ခန်းမှာ သူ့ကိုစတင်ပြီး သတိထားမိခဲ့ခြင်း ဖြစ်သည်။ သည်တုန်းက ကျွန်တော်က မဂ်္ဂဇင်းတွေမှာ ဆောင်းပါးတွေ ကြိုးကြား၊ ကြိုးကြား ရေးနေတာ ၅နှစ်သက်တမ်းမို့ အရှိန်ရစ။ ထိုနေ့ကရန်ကုန်မှ မဂ်္ဂဇင်းကြီးတစ်စောင်၏ အသစ်စက်စက်ပင်တိုင် ဆောင်းပါးရှင်တစ်ဦး…

Read More

လှိုင်းဘွဲ့မှာ ဘုန်းကြီးပျံမှာ ရုပ်ကလပ်သယ်တဲ့ ပြဿဒ်နဲ့ မီး​ကြိုးချိတ်မိလို့ ၂ ယောက်သေပြီး ၇ ယောက်ဒဏ်ရာရ

ဇူလိုင် ၂၆ ၊ ၂၀၂၆ GG (VOM) ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကွမ်းတာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ ကျောင်းကြီးဆရာတော်ရဲ့ ရုပ်ကလပ်တော်ကို ပင့်ဆောင်လာစဉ် ဓာတ်ကြိုးနဲ့ တိုက်မိပြီး နှစ်ယောက်သေဆုံးကာ ခုနှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။ မနေ့က ဇူလိုင် ၂၅ ရက်နေ့ ၊ နေ့လယ် ၂ နာရီလောက်မှာ ဆရာတော်ရဲ့ ရုပ်ကလပ်ကို အန္တိမအဂ္ဂိဈာပနကျင်းပမယ့် ဘောလုံးကွင်းထဲကို ပင့်ဆောင်လာချိန်မှာ လမ်းမီးဓာတ်ကြိုးနဲ့ ရုပ်ကလပ် ပင့်ဆောင်လာတ ပြဿဒ်တို့ ထိမိပြီး ဓာတ်လိုက်ကာ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေရှိခဲ့တာ ဖြစ်ကြောင်းသိရပါတယ်။ ” ရုပ်ကလပ်သယ်လာတဲ့ အပေါ်က ရာဇမတ်နဲ့ပြဿဒ်က အပေါ်က လမ်းမီးကြိုးနဲ့မလွတ်ဘူးဖြစ်သွားတယ်။ အဲဒီမှာကြိုးဆွဲတဲ့သူက မကြည့်လိုက်မိဘူး ။ အဲဒီမှာထိတော့ ကြိုးဆွဲသူပါသေတာ။ဆရာတော်ရုပ်ကလပ်ကို သယ်လာချိန်ကျမှ ဓာတ်လိုက်တာ ။ သွားတဲ့အချိန်တုန်းက မဖြစ်ဘူး…

Read More

ရခိုင်ပြည်မှာ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ၁၇ ရက်အတွင်း ၁၂ ယောက် သေဆုံးပြီး ၆၅ ယောက်ဝန်းကျင် ဒဏ်ရာရ

ဇူလိုင် ၂၆ – ၂၀၂၆ SN (VOM) ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်‌ကနေ ၂၄ ရက်နေ့အထိ ၁၇ ရက်တာ ကာလအတွင်း လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ၁၂ ယောက် သေဆုံးပြီး ၆၅ ယောက်ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သူတွေဆီက ရရှိတဲ့ သတင်း အချက်အလက်တွေအရ သိရပါတယ်။ သံတွဲ၊ ငပလီ၊ မအီ၊ တောင်ကုတ်၊ ဂွ၊ ကျိန္တလီ၊ ပုဏ္ဏားကျွန်း အစရှိတဲ့ မြို့နယ်တွေအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ဖြစ်ပွားခဲ့တာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က သံတွဲမြို့ပေါ်ရှိ အမှတ် (၇)၊ အမှတ် (၈) ရပ်ကွက်တွေနဲ့ အဲဒီမြို့နဲ့ မိုင် ၂၀ ခန့်ဝေးတဲ့ ရေကောက်ကျေးရွာမှာ…

Read More