စက်ရုံဖယ်ရီပြေးဆွဲတဲ့ YBS ၁၀ စီးကို CNG ဖြည့်သွင်းခွင့် ရာသက်ပန် ပိတ်သိမ်း

ဇူလိုင် ၂၆ – ၂၀၂၆ SS (VOM) သတ်မှတ်ထားတဲ့ ခရီးစဉ် လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံဖယ်ရီ (ကြို/ပို့) အဖြစ် လုပ်ကိုင်နေတဲ့ YBS ခရီးသည်တင်ယာဉ် ၁၀ စီးကို ဒီကနေ့ ဇူလိုင် ၂၅ ရက်‌ကစပြီး သဘာဝဓာတ်ငွေ့ (CNG) ဖြည့်သွင်းခွင့် ရာသက်ပန် ပိတ်သိမ်းလိုက်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန် အသိပေးထားပါတယ်။ YBS ယာဉ်တွေ စက်ရုံဖယ်ရီ ပြေးဆွဲနေတယ်လို့ သတင်း ရရှိတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ သွားရောက် စစ်ဆေးခဲ့တာမှာ မှန်ကန်ကြောင်း စိစစ် တွေ့ရှိရတဲ့အတွက် အရေးယူမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီမော်တော်ယာဉ် ၁၀ စီးရဲ့ နံပါတ်တွေကိုလည်း CNG အရောင်းဆိုင်အားလုံးမှာ ကြေညာထားမှာဖြစ်တယ်လို့ သိရပါတယ်။ “YBS ကားတွေအနေနဲ့ YBS လမ်းကြောင်းအတိုင်း မောင်းရမှာပါ။ မမောင်းလို့ရှိရင် CNG…

Read More

အိန္ဒိယကွန်ဂရက်ပါတီနှင့် နေရူး-ဂန္ဓီ မျိုးဆက်

MT(VOM) ​အိန္ဒိယနိုင်ငံရေး သမိုင်းကို ပြန်ကြည့်ရင် အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီ (Indian National Congress) ဆိုတဲ့ နာမည်ကြီး အဖွဲ့အစည်းကြီးကို ချန်ထားခဲ့လို့ လုံးဝမရပါဘူး။ ဗြိတိသျှ ကိုလိုနီခေတ်မှာ သန္ဓေတည်ခဲ့ရာကနေ ဒီနေ့အထိ အိန္ဒိယနိုင်ငံရဲ့ ကံကြမ္မာကို ချယ်လှယ်ခဲ့တဲ့၊ နေရူး-ဂန္ဓီ မျိုးဆက် နဲ့ ကွန်ဂရက်ပါတီ အကြောင်း တစေ့တစောင်း တင်ပြပေးပါမယ်။ ( ဒီနေရာမှာ နေရူး-ဂန္ဓီ မျိုးဆက်ဆိုတာကို တင်ကူး ရှင်းထားပါရစေ။ နေရူးရဲ့ သမီး အင်ဒီယာ ဂန္ဓီ ရဲ့ အမည် ထဲက ဂန္ဓီ ပါ။ အင်ဒီယာ ဂန္ဓီ (Indira Gandhi) ဟာ မဟတ္တမ ဂန္ဓီ (Mahatma Gandhi) ရဲ့ နာမည်ကို ယူထားတာမဟုတ်ပါဘူး။ ​သူမရဲ့ မူလနာမည်အရင်းက အင်ဒီယာ နေရူး (Indira Nehru)…

Read More

ညောင်ဦးနဲ့မိတ္ထီလာမှာ နှစ်ရက်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါ လူ ၇ ယောက်အသတ်ခံရပြီး တယောက် ဒဏ်ရာရ

ဇူလိုင် ၂၆ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်းထဲ ညောင်ဦးမြို့နယ် နဲ့ မိတ္ထီလာမြို့နယ်တွေမှာ နှစ်ရက်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင် လူခုနှစ်ယောက် အသတ်ခံရပြီး တယောက်ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ မနေ့က ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်းမှာ ညောင်ဦးမြို့နယ် ၊ ထရိုင်းတောကျေးရွာဒေသခံဖြစ်တဲ့ ဦးဉာဏ်ပို ဆိုသူကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က နေအိမ်အထိဝင်ရောက်ပြီး သတ်ဖြတ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ ” အဲဒီ ထရိုင်းတောရွာက ဗျတ္တပန်းဆက်လမ်းပိုင်းမှာရှိတာ ။ မနေ့က မနက်ပိုင်း အိမ်ထဲထိဝင်ပစ်သွားတာ ။ စစ်တပ်သတင်းပေးဆိုပြီး ဝင်ပစ်တယ်ပြောတာပဲ ဟုတ်မဟုတ်တော့ သေချာမသိဘူး ။ အခုရက်ပိုင်း အုပ်ကြီးတွေနဲ့ ဒေသခံတွေ အသတ်ခံရတာ ပြန်ဖြစ်လာတယ် ။ ရွာက အုပ်ကြီးဆို ကြောက်ပြီးရှောင်နေတယ် ရွာမှာမရှိဘူး ။ ဘယ်ရောက်နေမှန်းလည်းမသိဘူး ။…

Read More

မြန်မာ့ရိုးရာ ကြိုးဆွဲရုပ်သေးရုပ် ပြုလုပ်ခြင်း အတတ်ပညာသင်တန်း ရန်ကုန်မှာ ဖွင့်လှစ်

ဇူလိုင် ၂၆-၂၀၂၆ KMW(SAT) မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ကြိုးဆွဲရုပ်သေး အနုပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် လက်ဆင့်ကမ်း ပြုလုပ်နည်း အတတ်ပညာများ ပျံ့နှံ့စေရန် ရည်ရွယ်၍ “မြန်မာ့ရိုးရာ ကြိုးဆွဲရုပ်သေးရုပ် ပြုလုပ်ခြင်း အတတ်ပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က အနုပညာအထက်တန်းကျောင်းမှာ ကျင်းပခဲ့ပါတယ်။ သင်တန်းဖွင့်ပွဲ အခမ်းအနားကို မင်္ဂလာမောင်းတီး စတင်ကာ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က သင်တန်းဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ အကျိုးကျေးဇူး​တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ သင်တန်းဖြစ်မြောက်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေးခဲ့ကြသူများကို တာဝန်ရှိသူများက ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ချီးမြှင့်ခဲ့ပါတယ်။ အနုပညာရှင်များရဲ့ ရိုးရာဖျော်ဖြေမှုများဖြင့် ဧည့်ခံခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနဲ့ အဖွဲ့ဟာသင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပါတယ်။…

Read More

မုန်တိုင်းငယ်အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနဲ့ ရုတ်တရက် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်

ဇူလိုင် ၂၆ – ၂၀၂၆ SN (VOM) လက်ရှိ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်းက ကမ်းရိုးတန်းဒေသတွေနဲ့ တိုင်းနဲ့ ပြည်နယ်တချို့မှာ အခုရက်ပိုင်းအတွင်း မိုးများနိုင်ပြီး၊ လေပြင်းတိုက်ခတ်ခြင်းနဲ့အတူ ရုတ်တရက် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ မိုး/ဇလဌာနရဲ့ ဒီကနေ့ ဇူလိုင် ၂၆ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ အိန္ဒိယနိုင်ငံ (ဩရိဿပြည်နယ်မြောက်ပိုင်း – အနောက်ဘင်္ဂလားပြည်နယ်) ကမ်းခြေတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ စစ်တွေမြို့ရဲ့ အနောက် – အနောက်မြောက်ဘက် ရေမိုင် ၂၅၅ မိုင်ခန့်၊…

Read More

လူမှုကွန်ယက်မှာ ဝေဖန်မှုမြင့်တက်လာပြီးနောက် DEMU ရထားပေါ် စည်းကမ်းမဲ့ ဆူညံအော်ဟစ်ပြောဆိုခဲ့တဲ့ ဒေါ်မြသန်းတို့အဖွဲ့ ၅၄ ယောက်ကို အမှုဖွင့်လိုက်ပြီ

ဇူလိုင် ၂၆၊ ၂၀၂၆ CC (VOM) မော်လမြိုင် – ရန်ကုန် အမှတ်(၈၄)အစုန် DEMU ရထားပေါ်မှာ ခရီးသည်တွေကို အနှောင့်ယှက်ဖြစ်အောင် အော်ဟစ်ပြောဆိုပြီး ပျော်ပါးခဲ့ကြတဲ့ ဒေါ်မြသန်းဦးစီးတဲ့ ကမ်းနားလမ်းအားကစားအဖွဲ့က ၅၄ ယောက်ကို ဒီနေ့ဇူလိုင် ၂၆ ရက် ၊ မော်လမြိုင်ရဲစခန်းမှာ အမှုဖွင့်အရေးယူလိုက်ပြီဖြစ်တယ်လို့ သိရပါတယ် ။ ဒေါ်မြသန်းဦးစီးတဲ့ ကမ်းနားလမ်းအားကစားအဖွဲ့ရဲ့ စည်းကမ်းမဲ့လုပ်ဆောင်မှုအပေါ် တခြားအရေးယူတဲ့ သူတွေလိုပဲ အဲဒီအဖွဲ့ကိုလည်း အရေးယူပေးဖို့ လူမှုကွန်ယက် စာမျက်နှာကနေတဆင့် တောင်းဆိုမှုတွေမြင့်တက်လာပြီးနောက်မှာ တာဝန်ရှိသူတွေက ခုလို အရေးယူလိုက်တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒေါ်မြသန်းတို့အဖွဲ့ကို ခေါ်ယူစစ်ဆေးတာမျိုးရှိပေမယ့် ဖမ်းဆီးထိန်းသိမ်းထားတာမျိုးတော့ မရှိသေးဘူးလို့ ရဲစခန်းနဲ့နီးစပ်သူ ကပြောပါတယ် ။ ” ခေါ်စစ်မေးတာတော့ရှိတယ်။ ဖမ်းတာဘာညာတော့ မရှိသေးဘူး ။ အမှုတောင်ဒီနေ့မှ ဖွင့်လိုက်တာ လေ ။ ” လို့…

Read More

လူ့စိတ်ကို ဖတ်ရှုနိုင်သလား

မန္တလာ ဆရာမျိုး “Dark Psychology” အကြောင်း အမြင်မှန် ယနေ့ခေတ် လူမှုကွန်ရက်များပေါ်တွင် “Dark Psychology” ဟူသော စကားလုံးကို မကြာခဏ တွေ့မြင်လာရသည်။ “လူတစ်ယောက်ကို စကားတစ်ခွန်းနဲ့ ထိန်းချုပ်နိုင်တဲ့နည်း”၊ “သူလိမ်နေတာလား မျက်လုံးကြည့်ရုံနဲ့ သိနိုင်တဲ့နည်း”၊ “ကိုယ့်ကို မေ့မရအောင် လုပ်နည်း”၊ “လူတစ်ယောက်ကို စိတ်လှုပ်ရှားသွားအောင် လုပ်နည်း” စသည့် ခေါင်းစဉ်များဖြင့် မျှဝေနေကြသော အကြောင်းအရာများသည် လူအများ၏ စိတ်ဝင်စားမှုကို အလွန်ဆွဲဆောင်နိုင်ကြသည်။ အကြောင်းမှာ လူတိုင်းသည် တစ်ဖက်လူ၏ စိတ်ကို နားလည်ချင်ကြသကဲ့သို့ မိမိကိုယ်တိုင်လည်း လှည့်စားခံရခြင်းမှ ကာကွယ်လိုကြသောကြောင့် ဖြစ်သည်။ သို့သော် လူမှုကွန်ရက်ပေါ်တွင် တွေ့ရသော “Dark Psychology” အချက်အလက်တိုင်းကို မှန်ကန်သော စိတ်ပညာအဖြစ် ယုံကြည်လိုက်ခြင်းသည် မသင့်လျော်ပါ။ အချို့သော အကြောင်းအရာများတွင် စိတ်ပညာဆိုင်ရာ သဘောတရားအနည်းငယ် ပါဝင်နိုင်သော်လည်း အများစုမှာ လူအများ စိတ်ဝင်စားစေရန်…

Read More

ဆူးငှက် အခန်း (၁၇၆)

  ဆူးငှက် မန္တလေး စာရေးဆရာများ ပုဂံခရီး ———————————— ၁၉၉၀ ဝန်းကျင်ကာလ အဖြစ်အပျက်တွေက မြန်ဆန်လွန်းသည်။ ရွေးကောက်ပွဲပြီးသွားပြီ။ အခြေအနေက မထူးခြား။ ထိုစဉ်ကာလ ကျွန်တော်လည်း အသည်းရောင် အသားဝါဖြစ်သည်။ နားနားနေနေ နေရမည့် မို့ သံပုရာရည် ဖောဖောသောက်ပြီး အိမ်မှာပဲနားနေသည်။ ထိုအတောအတွင်း ဆရာညီပုလေးတို့က ပုဂံသို့ ခရီးသွားကြမှာမို့ ကျွန်တော်လိုက်ပါရန် ပြောထားသည်။ သူတို့ခရီးထွက်မည့်နေ့ အိမ်သို့ ကိုညီပုလေးကားနှင့် အုပ်စုလိုက်ကြီး သွားကြပေမယ့် ကျွန်တော် မလိုက်နိုင်။ လူက ထူထူထောင်ထောင်မရှိသေ။ ထမင်းမစားနိုင်သေး။ အသားက ဝါစက်နေသည်။ ဆရာဝင်းစည်သူကတော့ ကားပေါ်နားရင်း အိပ်လိုက်လို့ ရတာပဲ၊ လိုက်ခဲ့ပါဗျာ..၊ နားနားနေနေပေါ့ဟု ပြော၍ ခေါ်နေသည်။ ကျွန်တော် မလိုက်နိုင်တော့ပါ။ ထို့ကြောင့် လမ်းတွင် ဖွင့်ဖို့ တွံ့တေးသိန်းတန် သီချင်း ကက်ဆက်ဆက်ခွေ ၂ခွေပဲ ပေးရင်း လက်ပြနှုတ်ဆက်…

Read More

အိမ်ခြံမြေဈေး ပူဖောင်းကွဲဖို့ စိုးရိမ်အမှတ်ရောက်နေပြီလား

ဇူလိုင် ၂၅ – ၂၀၂၆ SS (VOM) လက်ရှိ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက်အတွင်း ဈေးနှုန်း အဆမတန် မြင့်တက်မှုတွေ ဖြစ်ပေါ်နေပြီး ရန်ကုန်နဲ့ မန္တလေးတို့လို နေရာကောင်းတဲ့ မြို့ကြီးတွေမှာ အိမ်ခြံမြေဈေးတွေက ၁ စတုရန်းပေကို ကျပ်သိန်း ၁၀၀ နီးပါးအထိ ဖြစ်နေကာ အိမ်နီးချင်း ဘန်ကောက်မြို့ထက်တောင် စျေးပိုမြင့်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း တရိပ်ရိပ်တက်လာတဲ့ ဒေါ်လာဈေး၊ ရွှေဈေးနဲ့အတူ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေ ဈေးကွက်ဟာလည်း နှစ်အလိုက် မြင့်တက်လာခဲ့တာကို တွေ့ရပြီး အခုလို မြင့်တက်လာစေတဲ့ အကြောင်းရင်းတွေထဲမှာ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ရွှေနဲ့ ဒေါ်လာဈေး မြင့်တက်မှုကြောင့် ငွေကြေး စုဆောင်းသူတွေဟာ အိမ်ခြံမြေဘက်ကို ပြောင်းလဲ ရင်းနှီးမြှုပ်နှံလာခြင်းနဲ့ ရောင်းသူတွေက ဈေးကွက်အခြေအနေကို အသုံးချကာ ကြိုက်ဈေးတင် ရောင်းချခြင်းတို့ကြောင့် ဖြစ်တယ်လို့ အိမ်ခြံမြေဈေးကွက်…

Read More

အသင့်စားခေါက်ဆွဲခြောက်နှင့် ကင်ဆာရောဂါ

မန္တလာ ဆရာမျိုး အမှန်တရား၊ အယူအဆအမှားများနှင့် ကျန်းမာရေးအတွက် သိထားသင့်သောအချက်များ အသင့်စားခေါက်ဆွဲခြောက် (Instant Noodles) သည် ယနေ့ခေတ် လူနေမှုဘဝတွင် အလွန်အသုံးများသော အစားအစာတစ်မျိုးဖြစ်သည်။ အလုပ်များသူများ၊ ကျောင်းသားကျောင်းသူများ၊ ခရီးသွားသူများနှင့် အချိန်မလုံလောက်သူများအတွက် အလွယ်တကူ ပြင်ဆင်စားသုံးနိုင်သောကြောင့် ကမ္ဘာတစ်ဝန်းတွင် လူသုံးများလာသည်။ မြန်မာနိုင်ငံတွင်လည်း မနက်စာ၊ ညစာ၊ အစာပြေ သို့မဟုတ် အရေးပေါ်အစားအစာအဖြစ် အသင့်စားခေါက်ဆွဲခြောက်ကို မိသားစုများစွာ စားသုံးနေကြသည်။ သို့သော် “အသင့်စားခေါက်ဆွဲခြောက် စားရင် ကင်ဆာဖြစ်တယ်”၊ “ခေါက်ဆွဲခြောက်မှာ ဖယောင်း (Wax) ပါလို့ ကင်ဆာဖြစ်တယ်”၊ “အသင့်စားခေါက်ဆွဲခြောက်မှာ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ အများကြီးပါနေတယ်” စသည့် သတင်းများနှင့် လူပြောများသော အယူအဆများကြောင့် စိုးရိမ်သူများလည်း များပြားလာသည်။ တကယ်တော့ အသင့်စားခေါက်ဆွဲခြောက်သည် ကင်ဆာရောဂါကို တိုက်ရိုက်ဖြစ်စေသလား။ သိပ္ပံနည်းကျ သုတေသနများက ဘာပြောထားသလဲ။ စားသုံးသူများအနေဖြင့် ဘာတွေကို သတိထားသင့်သလဲ…

Read More