မန္တလေး၊ ဧပြီ- ၂၇- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေက ရန်ကင်းတောင်ကျေးရွာမှာ ကျင်းပဖျော်ဖြေတင်ဆက်နေတဲ့ စမ်းရေမိုးဇာတ်အဖွဲ့ဟာ ပွဲကနေတဲ့ စတုတ္ထည ဧပြီ ၂၆ ရက်နေ့ညမှာခေတ်ပေါ်စတိတ်ရှိုး အစီအစဥ်ဖျော်ဖြေနေခိုက် မိုးတွေရွာလာလို့ ပွဲပျက်ခဲ့ရတာကြောင့် အဲ့ဒီနေ့ လက်မှတ်ဝယ်ထားသူတွေအတွက် အစားထိုး ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ ပွဲကနေတဲ့ စတုတ္ထည ဧပြီ ၂၆ ရက်နေ့ ဖျာလက်မှတ်ဝယ်ထားသူတွေအတွက် ဒီကနေ့ ၂၇ ရက်နေ့ နောက်ဆုံးညမှာ အစားထိုးဖျော်ဖို့ စမ်းရေမိုးဇာတ်ဆရာနဲ့ Billion ဇာတ်သဘင်ဝန်ဆောင်မှုလုပ်ငန်း ကန်ထရိုက် ဦးဇော်သစ်တို့ ညှိနှိုင်းဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဒီကနေ့ ၂၇ ရက်နေ့အတွက် ဖျာလက်မှတ်နဲ့ ရုံဝင်လက်မှတ် ဝယ်ထားသူတွေအတွက် ငွေပြန်အမ်းပေးမှာဖြစ်ပြီး ဒီကနေ့လက်မှတ်ဝယ်ထားသူတွေအတွက် မန္တလေးအနီးတဝိုက်မှာ ကျင်းပမယ့် စမ်းရေမိုးဇာတ်သဘင်အဖွဲ့ရဲ့ ပွဲမှာ လက်မှတ်တွေအလွယ်တကူဝယ်နိုင်ဖို့ ဦးစားပေးဆောင်ရွက်ထားတယ်လို့ Billion ဇာတ်သဘင်ဝန်ဆောင်မှုလုပ်ငန်းက ဦးဇော်သစ်က ပြောပါတယ်။…
Read MoreDay: May 1, 2026
ထိုင်းမှာ အထောက်အထားမဲ့ မြန်မာလုပ်သားတွေကို အဖမ်းဆီးကြမ်းနေ
ဧပြီ ၂၇ ၊ ၂၀၂၆ GG ( VOM) ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာလုပ်သားတွေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေက အဖမ်းဆီးကြမ်းနေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားတွေဆီက စုံစမ်းသိရှိရပါတယ်။ အဓိက မြန်မာလုပ်သားတွေအများအပြားရှိပြီး အလုပ်လုပ်ကိုင်နေတဲ့ မဟာချိုင် ၊ မဲဆောက် ၊ မယ်ဟောင်ဆောင် ၊ ချွန်ပူလီ ၊ ကန်ချနဘူရီ အပါအဝင် စတဲ့မြို့နယ်တွေက စက်ရုံ အလုပ်ရုံနဲ့ နေထိုင်ရာအခန်းတွေအထိ ဝင်ရောက် စစ်ဆေးဖမ်းဆီမှုတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။ အလားတူ နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာသူတွေကိုလည်း ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လာနေတာ ဖြစ်ပါတယ်။ ” မြန်မာလုပ်သားများတဲ့ မြို့တွေမှာ အဖမ်းဆီးကြမ်းနေတာဟုတ်တယ် ။ အရင်ရက်ကဆိုရင် မဲဆောက်မှာ စက်ရုံဝန်းထဲမှာ နေတဲ့ မြန်မာ တွေအဖမ်းခံရတယ်။အဓိက အထောက်အထားမဲ့တွေဖမ်းခံရတာပါ ။စာရွက်စာတမ်းမပြည့်စုံရင်တော့…
Read Moreမှောင်ခိုလိုဖြစ်နေတဲ့ ရွှေဈေးနဲ့ လုပ်သမျှခံရ ပြည်သူ့ဘဝ
ဧပြီ ၂၇ – ၂၀၂၆ SS (VOM) မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေကြောင့် ပြည်တွင်း ရွှေဈေးကွက်မှာ မှောင်ခိုရွှေဈေးနှုန်းတွေ မြင့်တက်လာနေတယ်လို့ စုံစမ်း သိရှိရပါတယ်။ လက်ရှိမှာ ဘဏ်အကောင့်တွေကနေ ငွေထုတ်ရ ခက်ခဲလာပြီး ရွှေဆိုင်တွေမှာ ငွေသား (Cash) နဲ့သာ အရောင်းအဝယ်ပြုလုပ်မှု ပိုမို များပြားလာတာကြောင့် ရွှေဆိုင်တချို့အတွက် လုပ်ငန်းအခွင့်အလမ်း ပိုသာနေပေမယ့် ပြည်သူတွေအတွက်ကတော့ မြင့်မားတဲ့ ရွှေဈေးနှုန်းဒဏ်ကို အလူးအလဲ ခံနေရတယ်လို့ သိရပါတယ်။ “ဝယ်ရင်သာ သိန်း ၁၀၀ ဈေးနဲ့တွက်တာ။ ရောင်းရင်တော့ စနစ်ဟောင်းလိုလို၊ စနစ်သစ်လိုလိုတွေနဲ့ တွက်တာ။ တကျပ်သားကို ပေါက်စျေးနဲ့ ကျပ်သိန်း လေးဆယ်လောက်ကွာနေတာ။ ဘောက်ချာမှာ ဈေးတမျိုး၊ ပိုက်ဆံယူတော့ တမျိုးနဲ့ ရောင်းနေကြတာပဲ အရမ်းကြာနေပြီ။ ငွေကြေးချမ်းသာတဲ့ လူတွေရဲ့အတ္တဆန်တဲ့ လုပ်ကွက်တွေကို သာမန်ပြည်သူတွေပဲ ခံစားနေကြရဦးမှာ။…
Read Moreဖားကန့် -နန့်ယား – ကားမိုင်းလမ်းမှာ ခရီးသည်တင်ကား ပစ်ခံရပြီး သေဆုံးနဲ့ဒဏ်ရာရရှိခဲ့သလို ခရီးသည်တင်ကား ခြောက်စီးကို လက်နက်ကိုင်အဖွဲ့က ဖမ်းသွား
ဧပြီ ၂၇ ၊ ၂၀၂၆ GG (VOM) ဖားကန့် – နန့်ယား – ကားမိုင်းလမ်းကို KIA က သွားလာခွင့် ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီးနောက် အဲဒီလမ်းပိုင်းမှာ ခရီးသည်တင်ကားတစီး ပစ်ခတ်ခံခဲ့ရပြီး ခရီးသည်တင်ကား တချို့ကိုလည်း KIA က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေဆီက သိရပါတယ်။ မနေ့ကဧပြီ ၂၆ ရက်နေ့မှာ ကားမိုင်းလမ်းကနေ ဖားကန့်ကိုတက်လာတဲ့ ခရီးသည်တင်ကား ခြောက်စီးကို KIA အဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့အထိ ကားရော လူတွေပါ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ သိရပါတယ် ။ ဧပြီ ၂၄ ရက်နေ့မှာက ဖားကန့် – နန့်ယား – ကားမိုင်းလမ်းမှာ ခရီးသွားကားတစီးပစ်ခတ်ခံရတာဖြစ်ပြီး အဆိုပါပစ်ခတ်မှုကြောင့် အမျိုးသမီး တယောက်သေဆုံးကာ အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ” အဖမ်းခံထားရတဲ့…
Read Moreကုန်ကျစရိတ် နှစ်ဆတက်လာတဲ့အတွက် မိုးစပါးစိုက်ဖို့ တောင်သူတွေ ဒုက္ခရောက် ၊ အနိမ့်ဆုံးစပါးစျေး သိန်း ၂၀ ရဖို့လိုအပ်
ဧပြီ ၂၈ ၊ ၂၀၂၆ GG (VOM) လတ်တလော ဖြစ်ပေါ်နေတဲ့ စက်သုံးဆီစျေး မြင့်တက်မှု အခြေအနေအရ ထွန်စက်မောင်းခနူန်းထားတွေ နှစ်ဆလောက်အထိမြင့်တက်သွားတာကြောင့် မိုးစပါးစိုက်ပျိုးကြမယ့် တောင်သူတွေ ဒုက္ခရောက်နေကြရတယ်လို့ တောင်သူတွေဆီက သိရပါတယ် ။ ဒါအပြင် စိုက်ပျိုးရေးကဏ္ဍအတွက် အဓိက မဖြစ်မနေအသုံးပြုရတဲ့ ဓာတ်မြေဩဇာ စျေးနူန်းတွေလည်းမြင့်တက်လာတဲ့အပြင် စိုက်ပျိုးရေးဆေးစျေးနူန်းပါ မြင့်တက်လာတဲ့ အခြေအနေကြောင့် တောင်သူတွေအနေနဲ့ မိုးစပါးစိုက်ပျိုးဖို့အတွက် အခက်ကြုံနေကြရတာ ဖြစ်ပါတယ်။ စိုက်ပျိုးစရိတ် နှစ်ဆလောက်အထိမြင့်တက်သွားပြီး အချိန်တန် စပါးရိတ်သိမ်းချိန်မှာ စပါးစျေး ကျဆင်းနေပါက အရှုံးကို ထပ်မံရင်ဆိုင်ရနိုင်တဲ့ အခြေအနေတွေကြောင့် တောင်သူတွေမှာ မိုးစပါးစိုက်ဖို့ အဘက်ဘက်ကနေ စဥ်းစားစိတ်ပူနေကြရတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” မကြာခင် မိုးစပါးစိုက်ရတော့မယ်။ အခုသိရသလောက် လယ်ထွန်စက်မောင်းခက အစိုးရကထုတ်ပေးတဲ့ ဒီဇယ်ရလို့ မောင်းရမယ်ဆိုရင် ရိုတာတစပ်ကို တသိန်းနှစ်သောင်း လို့ ပြောတယ်။…
Read Moreသံတောင်ကြီးမြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ အယောက် ၂၀ နီးပါး ရှိလာ
ဧပြီ ၂၈ – ၂၀၂၆ SN (VOM) ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ လေးရက်အတွင်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့တာမှာ သေဆုံးသူ အယောက် ၂၀ နီးပါး ရှိလာပြီဖြစ်တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ မနေ့ ဧပြီ ၂၇ ရက်၊ မနက် ၁၀ နာရီကနေ နေ့လယ် ၁ နာရီအထိ သံတောင်ကြီးမြို့နယ်၊ ဗဟန်းကျေးရွာ လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်မှာ ခြောက်ယောက် သေဆုံးပြီး ငါးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “လေကြောင်း တိုက်ခိုက်မှုက နှစ်ကြိမ်ဖြစ်တာ။ ဆက်တိုက်ဆိုသလိုပဲ။ ခြောက်ယောက် နေရာတင် ပွဲချင်းပြီး သေတယ်။ ပျောက်နေတဲ့သူတွေလည်း ရှိနေသေးတယ်။ သေဆုံး ထပ်တိုးနိုင်တယ်။ လေကြောင်းအပြင်ကိုမှ ရွှေနန်းကလေးအခြေစိုက် လက်နက်ကြီး အထိုင်စခန်းကနေလည်း ငွေတောင်ရွာနဲ့ ဗဟန်းရွာဘက်ကို လက်နက်ကြီးနဲ့ပစ်လို့ နေအိမ်တွေ ထိခိုက်ပျက်စီးတာလည်း ရှိတယ်”…
Read Moreမြန်မာ – တရုတ် ချစ်ကြည်ရေးအထိမ်းအမှတ် ဓာတ်ပုံနဲ့ ပန်းချီပြိုင်ပွဲ
မန္တလေး၊ ဧပြီ – ၂၈- ၂၀၂၆ SA(VOM) မြန်မာ – တရုတ် ချစ်ကြည်ရေးအထိမ်းအမှတ်ဖြစ် ကျင်းပခဲ့တဲ့ ” ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေး ဓာတ်ပုံနဲ့ ပန်ချီပြိုင်ပွဲ” မှာ ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ဆုအသီးသီး ရရှိခဲ့သူတွေကို ဒီကနေ့ ဧပြီ ၂၈ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့၊ ကမ်းနားလမ်း ၃၄ လမ်းနဲ့ ၃၅ လမ်းကြားက ကြင်းတော်ယန် ဗုဒ္ဓဘာသာ ဘုရားကျောင်း မှာ ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားကို ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတေဇကျော်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးလှကြွယ် နဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်၊ မန္တလေးတိုင်း ဝန်ကြီးချုပ်(ဟောင်း) ဦးမောင်ကို တို့ တက်ရောက်ခဲ့ပါတယ်။…
Read Moreမြောင်းမြ ပကိတ်ကြီးရွာမှာ မီးလောင်လို့ အိမ်နဲ့ဂိုဒေါင် ၂၈ လုံးမီးထဲပါသွား
ဧပြီ ၂၈ ၊ ၂၀၂၆ GG (VOM) ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ပကိတ်ကြီး ကျေးရွာမှာ ဒီကနေ့ ဧပြီ ၂၈ ရက်နေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားပြီး အိမ်နဲ့ ဂိုဒေါင် ၂၈ လုံး လောက်မီးထဲပါသွားတယ်လို့ မြောင်းမြမြို့နယ် မီးသတ်ဦးစီးဌာန က သိရပါတယ်။ မနက် ၄ နာရီ ၅၀ လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက် ၆ နာရီ ၂၅ မိနစ်မှာမှ မီးငြိမ်းနိုင်ခဲ့တာ ဖြစ်လို့ မီးလောင်မှုက အချိန် ၁ နာရီ ခွဲလောက်ကြာမြင့်ခဲ့ တယ်လို့ ဒေသခံဆီက သိရပါတယ် ။ မီးလောင်မှုအတွင်းမှာ နေအိမ်က ၂၆ လုံး နဲ့ ဂိုဒေါင်အသေး နှစ်လုံး မီးလောင်ပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်မှုတော့မရှိဘူးလို့ သိရပါတယ်။ ” ကျွန်တော်တို့ သတင်းရတာက…
Read Moreရွေးကောက်ပွဲအောင်မြင်အောင်လုပ်နိုင်ခဲ့ပေမယ့် စစ်အုပ်ချုပ်ရေး သတ်မှတ်ခံရတဲ့အပေါ် ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေ ဘာပြောသလဲ
ဧပြီ ၂၈ ၊ ၂၀၂၆ CC (VOM) မကြာသေးခင်က ထုတ်ပြန်ကြေငြာခဲ့တဲ့ စစ်အုပ်ချုပ်ရေးသတ်မှတ်တဲ့ မြို့နယ်တွေထဲမှာရွေးကောက်ပွဲ ကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားတွေ ရွေးကောက်တင်မြောက်နိုင်ခဲဲ့တဲ့ မြို့နယ်တချို့ ပါဝင်နေတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်မှာဆိုရင် မြို့နယ် ၁၅ ခုကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေငြာတဲ့အထဲမှာ သီပေါ နဲ့ ကျောက်မဲမြို့ဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး လွှတ်တော်အမတ်တွေ ရွေးချယ်တင်မြှောက်ထားပါတယ်။ ဒါပေမယ့် စစ်အုပ်ချုပ်ရေး မြို့ထဲပါဝင်တဲ့အပေါ် သီပေါမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ကိုကောင်းသက်စံက အခုလို ပြောပါတယ်။ ” တခြားမြို့တော့ မသိပေမယ့် ကျွန်တော့်မြို့အတွက်တော့ ပိုမိုကောင်းမွန်တဲ့ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ဖို့အတွက် စစ်အုပ်ချုပ်ရေးကို ကျင့်သုံးတယ်လို့ ယူဆပါတယ် ။ဒီအပေါ်မှာတော့ တင်းကျပ်တဲ့ အနေအထား ပြည်သူတွေအခက်တွေ့စေတဲ့ အနေအထားဖြစ်မှာ မဟုတ်ဘူးလို့ယုံကြည်တယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ လည်း ပြည်သူလူထုနဲ့ ဒေသခံတွေရဲ့ဖွံ့ဖြိုးရေးကိစ္စကို ဆက်လက်ဆောင်ရွက်သွားဖို့သာရှိပါတယ်။လိုအပ်ရင် လိုအပ်သလို တိုင်ပင်ဆောင်ရွက်သွားကြမယ်လို့…
Read Moreဘိုကလေးမြို့ မိန်းမလှကျွန်းအနီးမှာ မိကျောင်းကိုက်ခံရလို အမျိုးသားတယောက်သေဆုံး
ဧပြီ ၂၈ ၊ ၂၀၂၆ CC (VOM) ဧရာဝတီတိုင်း ၊ ဘိုကလေးမြို့နယ် ၊ မိန်းမလှကျွန်းအနီးမှာရှိတဲ့ ချောင်းမှာ အမျိုးသားတယောက် မိကျောင်း ကိုက်ခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။ သေဆုံးသူဟာ ချောင်းဗြဲကျေးရွာအုပ်စု ၊ ကံဆိပ်ရွာက အသက် ၁၈ နှစ်အရွယ် မောင်မိုးဝေယံဆိုသူ ဖြစ်ပြီး ဧပြီ ၂၇ ရက်နေ့ ညပိုင်းမှာ အမဲချောင်းအတွင်း လှေနဲ့ ငါးဖမ်းသွားရာကနေ မိကျောင်းကိုက်ခံရပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ကောင်လေးက လှေပေါ်ကနေ ပိုက်ချတာမှာ မိကျောင်းကရောက်လာပြီး လှမ်းကိုက်လိုက်တာ လူကိုမမိဘဲ လှေကိုကိုက်မိပြီး လှေကလူးသွားတော့ အဲဒီမှာ လူကပြုတ်ကျသွားတာ။ ကျသွားတော့ မိချောင်းက လူကို ကိုက်ချီသွားတာ လို့သိရတယ်။ သူချီသွားတုန်းက လူကမသေသေးဘူး ။ နောက်ရွာသားတွေလိုက်ရှာတော့မှ…
Read More