အောက်တိုဘာ ၁၁ ၊ ၂၀၂၆ CC (VOM) ဧရာဝတီတိုင်း ၊ မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်နားက မမြဆည်အပြင်ဘက် တမံဘောင်မြေသား ထပ်မံပြိုကျသွားတာကြောင့် ဆည်အောက်က ကျေးရွာ ၁၃ ရွာလောက် ဒီမနက်ပိုင်းမှာ အရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။ မမြဆည်တမံဘောင်မြေသားဟာ မနေ့က ပေ ၂၀၀ အကျယ် လောက်ပြိုကျခဲ့ပြီး ဒီနေ့ အောက်တိုဘာ ၁၁ ရက်မနက်ပိုင်းမှာ မြေသားထပ်ပြိုကျသွားတာကြောင့် မြေပြင်နဲ့ ရေက လေးပေးလောက်အကွာပဲ ကျန်တော့တယ်လို့ သိရပါတယ်။ ဒါကြောင့် မမြဆည်အခြေအနေက စိတ်ချရတဲ့အခြေအနေမှာမရှိတဲ့အတွက် ဆည်အောက်က ရေနစ်နိုင်တဲ့ရွာတွေ အရေးပေါ်ထပ်မံရွှေ့ပြောင်းခဲ့ရတာဖြစ်တယ်။ “စိတ်မချလို့ ယာယီရွှေ့ပြောင်းနေကြတာ ရှိပါတယ်။ မနက်ကတည်းက ပြောင်းရွှေ့တိုးလာနေပါတယ်။ စာရင်းမငြိမ်သေးပါဘူး။ခုအခြေအနေကတော့ ရေပိုလွှဲကနေလည်း ရေဆက်ထုတ်နေတယ် ရေလျာ့ကျလာတဲ့အတွက် အန္တရာယ်မရှိနိုင်ဘူး။တကယ်လို့ မိုးရွာရင်တော့ တမံမြေသားက ပိုအိကျသွားပြီး ရုတ်တရက် ရေကပွင့်ထွက်သွားနိုင်တာပေါ့။ အခုရေထုတ်တာလည်း အတန်သင့်တော့လျော့နေပါပြီ။ ဆည်က…
Read MoreDay: October 13, 2026
မန္တလေးတိုင်း ကိုယ်ပိုင်ကျောင်းများအသင်း အဖွဲ့ဝင်တွေ တွေ့ဆုံပွဲကျင်းပ
မန္တလေး၊ အောက်တိုဘာ- ၁၂- ၂၀၂၆ SA(VOM) မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်း က အသင်းဝင် ကိုယ်ပိုင်ကျောင်းအုပ်ချုပ်သူတွေအားလုံး တွေ့ဆုံပွဲကို မန္တလေးမြို့၊ မဟာအောင်မြေမြို့ နယ်၊ ၅၃ လမ်းနဲ့ ၃၂ လမ်းထောင့်က Ceremon Ballroom မှာ မနေ့ အောက်တိုဘာ ၁၁ ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနဲ့ မန္တလေးတိုင်းဒေသကြီး တရားသူကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေအပြင် မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်း က အသင်းဝင် ၃၉၄ ကျောင်းက ကိုယ်ပိုင်ကျောင်း တည်ထောင်သူတွေနဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။ အဲ့ဒီပွဲမှာ မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်းကျောင်းများအသင်း ရဲ့ ဥက္ကဋ္ဌ ဒေါ်မြသွေးရည်နဲ့ မဟာအောင်မြေမြို့နယ်၊ KMC ကိုယ် ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဦးခင်မောင်ချို၊ CAE ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ…
Read Moreစစ်ကိုင်းတိုင်းအတွင်း လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ၁၈ ယောက် သေဆုံးပြီး အယောက် ၅၀ နီးပါး ဒဏ်ရာရ
အောက်တိုဘာ ၁၂ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်းက မြို့နယ်တချို့မှာ အောက်တိုဘာ ၃ ရက်ကနေ ၁၂ ရက်အထိ၊ ၁၀ ရက်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ၁၈ ယောက် သေဆုံးကာ အယောက် ၅၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ် (အနောက်ခြမ်း) က မဲကုန်း၊ ဥယျာဉ်မ၊ ရွာသာကြီးနဲ့ လှတောကျေးရွာတွေမှာ ဒီကနေ့ အောက်တိုဘာ ၁၂ ရက်၊ မနက် ၃ နာရီဝန်းကျင်က လေကြောင်း တိုက်ခိုက်မှုကြောင့် လေးယောက် သေဆုံးပြီး ၁၃ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “မနက်အစောပိုင်းဆိုတော့ အားလုံး အိပ်မောကျနေတဲ့ အချိန်မှာ ဖြစ်သွားတာ။ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၃ ကြိမ်လောက် ရှိမယ်။ ထိခိုက်၊…
Read Moreထိုင်းက အထောက်အထားမဲ့ မြန်မာလုပ်သားတွေ မိသားစုလွှဲပို့ငွေနဲ့ ဝင်ငွေခွန်ဆောင်ထားတဲ့ အထောက်ထားပြန်နိုင်မှ CI စာအုပ်အသစ်လုပ်ပေးမယ်
အောက်တိုဘာ ၁၂ ၊ ၂၀၂၆ GG (VOM) ထိုင်းနိုင်ငံမှာ နိုင်ငံကူးလက်မှတ်မရှိဘဲ အထောက်အထားမဲ့လုပ်ကိုင်နေတဲ့ မြန်မာတွေကို ထုတ်ပေးတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)စာအုပ်ကို အခုကစပြီး မိသားစုလွှဲပို့ငွေနဲ့ ဝင်ငွေခွန်ဆောင်မှသာ စာအုပ်ပြုလုပ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ CI စာအုပ်အသစ်လုပ်ဖို့အတွက် မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နူန်းအဖြစ် ကနဦး ၃လစာအတွက် ဘတ် ၆၀၀၀ မိသားစုဆီလွှဲထားကြောင်း နဲ့ ဝင်ငွေခွန် ၂ ရာခိုင်နူန်းကို တနှစ်စာ ဘတ် ၁၈၀၀ ပေးဆောင်ထားတဲ့ အထောက်အထားတင်ပြနိုင်မှသာ စာအုပ်ထုတ်ပေးမယ်လို့ သိရပါတယ်။ CI စာအုပ်အစိမ်း ထုတ်ပေးမယ့် စခန်းငါး ခုကိုတော့ ဒီအောက်တိုဘာလအတွင်း ထိုင်းနိုင်ငံရှိ စမွတ်ဆာခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီ ခရိုင်တွေမှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး အရင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ဘတ်အသစ်ရိုက်ထားပြီး မကြာခင် သက်တမ်းတမ်းကုန်တော့မယ့်သူတွေကို…
Read Moreဆိုလာတပ်ဆင်ရန် ညွှန်ကြားချက်ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း အခက်အခဲတွေ ရှိလာနိုင်
အောက်တိုဘာ ၁၂ – ၂၀၂၆ SS (VOM) ရန်ကုန်တိုင်းအတွင်းရှိ အဆောက်အအုံတွေမှာ ဆိုလာစနစ် (Solar System) မဖြစ်မနေ ထည့်သွင်း တပ်ဆင်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ ကန်ထရိုက်တာတွေကြား အခက်အခဲတွေ ရှိလာနိုင်တယ်လို့ သိရပါတယ်။ ဓာတ်လှေကား ပါဝင်တဲ့ အထပ်မြင့်နဲ့ စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံတွေ အားလုံး လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့မှစပြီး ဆိုလာစနစ် တပ်ဆင်ရမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က ညွှန်ကြားထားပါတယ်။ “အရင်ကတည်းက သံချောင်း၊ ဘိလပ်မြေစျေးတွေ တက်နေလို့ အခြေအနေ မဟန်တာ။ အခု ဆိုလာပါ မဖြစ်မနေ တပ်ရမယ်ဆိုတော့ ကုန်ကျစရိတ်က မတွေးရဲစရာဘဲ။ စျေးကွက်ထဲမှာ ပစ္စည်းစျေးကလည်း တက်၊ အင်ဗာတာနဲ့ ဘက်ထရီဖိုးတွေပါ ပေါင်းလိုက်ရင် အဆောက်အအုံ တလုံးချင်းစီရဲ့ ရင်းနှီးမြှုပ်နှံမှု…
Read Moreအမရပူရမြို့ပြစီမံကိန်း အတွင်းက ဒေသခံတွေနဲ့ စီမံကိန်းတာဝန်ရှိသူတွေရှင်းလင်း
မန္တလေး၊ အောက်တိုဘာ- ၁၂- ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်းက အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အတွင်းကျရောက်နေတဲ့ ဧက ၂၀၀ အပေါ်မှာ ဖယ်ရှားခံရမယ့် ဒေသခံတွေက သူတို့ရဲ့ ဖျက်သိမ်းခံရမယ့် နေအိမ်တွေရဲ့ အခက်အခဲကို ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ရှင်းလင်းခဲ့သလို စီမံကိန်းဘက်က တာဝန်ရှိသူကလည်း သူတို့လုပ်ဆောင်ပေးမယ့် ကိစ္စတွေကို အသီးသီးရှင်းလင်းခဲ့ကြပါတယ်။ ဒီကနေ့မနက်ပိုင်းက ရွှေဘုံသာတိုက်ဟောင်းကျောင်းတိုက်အတွင်းမှာ ကျေးရွာအသီးသီးက ကျောင်းထိုင်ဆရာတော်တွေအပါအဝင် ကော်မတီအဖွဲ့က တာဝန်ရှိသူတချို့နဲ့ စီမံကိန်းဘက်က တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဒါရိုက်တာ ဦးဇော်ရဲဝင်းတို့က သူတို့လုပ်ဆောင်မယ့် အချက်တွေနဲ့ ပတ်သက်ပြီး မီဒီယာတွေနဲ့ တွေ့ဆုံ ပြောကြားခဲ့ပါတယ်။ အမရပူရခရိုင်၊ ယဥ်တော်ကျေးရွာအုပ်စုနဲ့ ငယ်တိုးတိုက်နယ်အတွင်းက အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဧရိယာအတွင်းမှာပါဝင်တဲ့ ကွင်းအမှတ် ၆၀၃၊ ၆၀၄၊ ၆၀၅ – က၊ ၆၀၆-က၊ ၆၀၆၊ ၆၀၇၊…
Read More