သူအိမ် အခန်း (၁၁၈)

ဆူးငှက် ရောက်ဖူးချင်သော ရန်ကုန် ——————————- ကျွန်တော်သည် တက္ကသိုလ်ကျောင်း ၄နှစ် တက်ပြီးမှ ရန်ကုန်မြို့သို့ ပထမဆုံး ရောက်ဖူးသည်။ တကယ်တော့ ရန်ကုန်ကို ရောက်ဖူးသူများပြောတိုင်း ငေး၍ နားထောင်ကာ ကိုယ်လည်းရောက်ဖူးချင်သည်။ မိုးရွာလျှင် ရေမတင်သော နိုင်လွန်ကတ္တရာလမ်းမကြီးတွေ၊ မီးပွိုင့်တွေ၊ သမ္မတရုပ်ရှင်ရုံ အတက်က မှန်ချပ်ကြီးတွေ၊ ဓာတ်လှေကားနှင့် ရွှေတိဂုံဘုရား၊ ဟီးနိုးကားတွေ၊ တိရစ္ဆာန်ရုံ ရန်ကုန်ဘူတာကြီး ဆူးလေလမ်းမနှင့် ဗန္ဓုလပန်းခြံ၊ ညဈေး စသည်ဖြင့် ပြောသူတိုင်း၏ စကားတိုင်းမှာပါသော ရန်ကုန်မြို့ကို စိတ်ကူးထဲကပဲ အလည်ရောက်နေရသည်။ အမေက ရန်ကုန်သို့ လက်ဖက်ခြောက် ကုန်ကူးစဉ်က လိုက်ခဲ့ဖို့ ခေါ်ပါသည်။ သို့သော် အမေတို့က လက်မှတ်မဲ့နှင့် အိမ်သာဘေး ဖြစ်သလိုလိုက်ရတာ၊ ညရောက်ရင် ရထားကြမ်းခင်းပေါ် သူများခုံအောက် ခေါင်းလျှိုအိပ်ရတာတွေ ကြားတော့ မလိုက်ဝံ့တော့ပဲ။ ကိုယ့်ခုံနှင့်ကိုယ် သက်သက်သာသာ လိုက်ရသည်ပင်လျှင် ခုံကို နောက်ပြန်ထိုင်ရလျှင်…

Read More

ဖလမ်း နဲ့ တီးတိန်မြို့ကို စစ်ရှောင်တွေ ရာနဲ့ချီ ဝင်ရောက်မှုရှိလာ

မေ ၂၁ ၊ ၂၀၂၆ CC (VOM) ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းနဲ့ တီးတိန်မြို့ကို စစ်ရှောင်တွေ နေရပ်ပြန်လည်ဝင်ရောက် နေထိုင်မှု အများအပြားရှိ လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖလမ်းမြို့ကို အစိုးရတပ်ကသိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးယန္တရား ပြန်လည် လည်ပတ်နိုင်ဖို့အတွက် မေလ ၂၀ ရက်နေ့ ညနေပိုင်းမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ဝင်ရောက်လာသလို စစ်ရှောင်တွေလည်း ရာနဲ့ချီပြီး နေရပ်ပြန်လည်ဝင်ရောက်မှုရှိလာတာ ဖြစ်တယ်လို့ သိရပါတယ် ။ ကလေးမြို့ကို ရောက်နေတဲ့ ဖလမ်းဒေသစစ်ရှောင်တွေဟာ ဒီကနေ့ မေ ၂၁ ရက်အထိ ဖလမ်းမြို့ကို ပြန်လည်ဝင်ရောက်မှု ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” မနေ့ကလည်း ပြန်ကြတာ တော်တော်များတယ်။ အတိကျတော့ မသိပေမယ့် ရာဂဏန်းတော့ရှိတယ်။ ဒီနေ့လည်း ကိုယ့်အစီအစဥ် နဲ့ကိုယ်ပြန်နေကြတာ တွေရှိတယ်။ ပြန်လို့ရပြီဆိုတာနဲ့ကို ချက်ခြင်းပြန်ကုန်ကျတာ ကားတွေ…

Read More

ခေတ်ပေါ်စတိတ်ရှိုးဖျော်ဖြေနေခိုက် မိုးရွာလို့ ပွဲပျက်ခဲ့တဲ့ စမ်းရေမိုးဇာတ် ဒီညအစားထိုးကပြမယ်

မန္တလေး၊ ဧပြီ- ၂၇- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေက ရန်ကင်းတောင်ကျေးရွာမှာ ကျင်းပဖျော်ဖြေတင်ဆက်နေတဲ့ စမ်းရေမိုးဇာတ်အဖွဲ့ဟာ ပွဲကနေတဲ့ စတုတ္ထည ဧပြီ ၂၆ ရက်နေ့ညမှာခေတ်ပေါ်စတိတ်ရှိုး အစီအစဥ်ဖျော်ဖြေနေခိုက် မိုးတွေရွာလာလို့ ပွဲပျက်ခဲ့ရတာကြောင့် အဲ့ဒီနေ့ လက်မှတ်ဝယ်ထားသူတွေအတွက် အစားထိုး ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ ပွဲကနေတဲ့ စတုတ္ထည ဧပြီ ၂၆ ရက်နေ့ ဖျာလက်မှတ်ဝယ်ထားသူတွေအတွက် ဒီကနေ့ ၂၇ ရက်နေ့ နောက်ဆုံးညမှာ အစားထိုးဖျော်ဖို့ စမ်းရေမိုးဇာတ်ဆရာနဲ့ Billion ဇာတ်သဘင်ဝန်ဆောင်မှုလုပ်ငန်း ကန်ထရိုက် ဦးဇော်သစ်တို့ ညှိနှိုင်းဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဒီကနေ့ ၂၇ ရက်နေ့အတွက် ဖျာလက်မှတ်နဲ့ ရုံဝင်လက်မှတ် ဝယ်ထားသူတွေအတွက် ငွေပြန်အမ်းပေးမှာဖြစ်ပြီး ဒီကနေ့လက်မှတ်ဝယ်ထားသူတွေအတွက် မန္တလေးအနီးတဝိုက်မှာ ကျင်းပမယ့် စမ်းရေမိုးဇာတ်သဘင်အဖွဲ့ရဲ့ ပွဲမှာ လက်မှတ်တွေအလွယ်တကူဝယ်နိုင်ဖို့ ဦးစားပေးဆောင်ရွက်ထားတယ်လို့ Billion ဇာတ်သဘင်ဝန်ဆောင်မှုလုပ်ငန်းက ဦးဇော်သစ်က ပြောပါတယ်။…

Read More

ဟော်မုဇ်ရေလက်ကြား ဖြစ်နိုင်ခြေ(၃)ခု

ဧပြီ ၁-၂၀၂၆ MT(VOM) ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) နဲ့ ပတ်သက်ပြီး နက်ဖ်ဂျာ ဆာဘတ် အယ်လ်-ကူဝါရီ (Nafja Sabbah Al-Kuwari) တင်ပြထားတဲ့ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေ (၃) ခုကို တင်ပြပေးလိုက်ပါတယ်။ ​ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေ ၃ ရပ် (​၁) ဒေသတွင်းနိုင်ငံများ စစ်ရေးအရ ကိုယ်တိုင်ဖြေရှင်းခြင်း (စစ်ရေး) ​ဒီအခြေအနေမှာတော့ ပင်လယ်ကွေ့နိုင်ငံတွေ (GCC) နဲ့ ဂျော်ဒန်နိုင်ငံတို့ စုပေါင်းပြီး ပိတ်မိနေတဲ့ ရေလက်ကြားကို ပြန်ပွင့်အောင် သူတို့ဘာသာ စစ်ရေးအရ ကြိုးပမ်းတာမျိုးပါ။ ​အကြောင်းရင်း ရေလမ်းကြောင်းပိတ်လို့ စီးပွားရေး အကြီးအကျယ် ထိခိုက်နေတာကို အမေရိကန် အကူအညီမပါဘဲ ကိုယ့်အားကိုယ်ကိုး ဖြေရှင်းချင်တာကြောင့်ပါ။ ​အခက်အခဲ ပင်လယ်ကွေ့နိုင်ငံတွေမှာ ခေတ်မီလက်နက်တွေ ရှိပေမဲ့ အီရန်ရဲ့ ရေမိုင်းတွေကို ဖယ်ရှားဖို့နဲ့ ရေတပ်အင်အားချင်း…

Read More

ဆန်စပါး ကဏ္ဍမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှု ဆောင်ရွက်မယ့်အစီအစဥ် တောင်သူတွေအတွက် အဆင်မပြေ

မတ် ၂၄၊ ၂၀၂၆ GG (VOM) ပုဂ္ဂလိကဆန် ၊စပါးလုပ်ငန်းနယ်ပယ်တခုလုံးကို ဒစ်ဂျစ်တယ်ငွေပေးချေမှု (Rice Industry Cashless Ecosystem) အစီအစဉ်ကို စတင်ဆောင်ရွက်တော့မှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ သိရပါတယ်။ ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်ဆောင်ရွက်မယ့် အစီအစဥ်က ဆန်ကုန်သည် ၊ ဆန်စက်တွေ ၊ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေ အတွက် အဆင်ပြေမှုရှိနိုင်ပေမယ့် တောင်သူတွေ နဲ့ပွဲစားတွေ အတွက်တော့ အခက်အခဲတွေရှိနိုင်ပြီး အဆင်ပြေနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ စပါးစျေးကွက်ကျဆင်းမှုကြောင့် တောင်သူတွေအရှုံးနဲ့ရင်ဆိုင်နေရချိန်မှာ စပါးစျေးကွက်ကိုသာ ခေတ်နဲ့လျော်ညီပြီး ထိုက်သင့်တဲ့ စျေးတန်းတခုအဖြစ် ဖော်ဆောင်ပေးဖို့ ၊စပါးဖိုးကို ငွေသားနဲ့ပေးချေဖို့သာ တောင်သူတွေက လိုလားနေကြပါတယ်။ ” စပါးချိန်ပြီးတာနဲ့ ငွေပဲချက်ခြင်းရချင်တာ ။ ဘဏ်သွားအုံး ငွေထုတ်အုံး ဆိုတာတွေက အလုပ်ရှုပ်တယ် ။ ခေတ်ကာလအရလည်း သွားလာဖို့က အဆင်မပြေဘူး ။kpay ဘာညာနဲ့လွှဲပြန်တော့လည်း ငွေထုတ်ရင်…

Read More

သရက်ချောင်းမြို့နယ်က စစ်ရှောင်တွေအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေ

မတ် ၂၃ – ၂၀၂၆ SS (VOM) တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၂၀ ဝန်းကျင်မှ ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်​တွေကိုကူညီနေသူတွေက ပြောပါတယ်။ သရက်ချောင်းမြို့နယ်ရှိ ဂုံညှင်းဆိပ်၊ ပြင်းဖြူသား၊ သဲချောင်းကြီး၊ စုံစင်ဖျား၊ စုံစင်၊ ဆီတော၊ ဆီတက်၊ ဝင်းဝ၊ သိမ်ကုန်း အစရှိတဲ့ ကျေးရွာတွေအပါအဝင် မြို့နယ်အောက်ပိုင်းရှိ ကျေးရွာပေါင်း ၂၀ ဝန်းကျင်က ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမပတ်က စတင်ပြီး စစ်ဘေး တိမ်းရှောင်နေရတာဖြစ်ပြီး လူဦးရေ ထောင်နဲ့ချီ ရှိနေတယ်လို့ သိရပါတယ်။ “အဓိက လေကြောင်းရန်ကိုကြောက်လို့ ရှောင်ကြတာပါ။ ရှောင်တာကတော့ ဘေးလွတ်မယ်ထင်တဲ့ တခြားရွာတွေနဲ့ ပင်လယ်ကမ်းအစပ်တွေကို ရှောင်ကြတာ။ အခုဆို စစ်ရှောင်ကာလ တလကျော် ရှိလာပြီဆိုတော့…

Read More

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဘာတွေပြင်ဆင်ထားလဲ

မန္တလေး၊ မတ် – ၂၀- ၂၀၂၆ Voice Of Myanmar မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ ပထမဆုံးအကြိမ်တက်ရောက်ကြရမယ့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဘာတွေပြင်တင်ထားလဲဆိုတာကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အသက်အငယ်ဆုံး လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ အမရပူရ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်အောင်ထက် နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဦးမျိုးကျော်တို့ကို VOM ကတွေ့ဆုံမေးမြန်းထားပြီး ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်တက်ရမယ့် ပထမဆုံး အတွေ့အကြုံ ဘယ်လိုရှိလဲ ဆိုတာနဲ့ ဘာတွေပြင်ဆင်ထားသလဲဆိုတာ မေးမြန်းထားပါတယ်။

Read More

စက်သုံးဆီ အလွယ်တကူ ဝယ်ယူလို့မရတာကြောင့် တောင်သူတွေ အခက်တွေ့နေ

မတ် ၁၂ – ၂၀၂၆ SS (VOM) စက်သုံးဆီကို အကန့်အသတ်နဲ့သာ ဝယ်ယူရရှိနေရတာအပြင် ဆိုင်တွေက ပေပါ၊ ပုံးတွေနဲ့လည်း ရောင်းချမပေးတာကြောင့် တောင်သူတွေအနေနဲ့ မိုးကြိုကာလ လယ်ယာမြေတွေ ထွန်ယက်နိုင်ဖို့အတွက် ဆီရရှိဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ “ကျွန်တော်တို့က လယ်ဧက ၁၀၀ ကျော် လုပ်ပါတယ်။ ထွန်စက်ကြီး လည်း ရှိပါတယ်။ လယ် တဧကကို ပျမ်းမျှ ဆီကုန်နှုန်းက စိမ်းခွဲ ထယ်ရေး ၁ ဂါလံ၊ ခဲကြေထယ်ရေး ၁ ဂါလံ။ အဲဒီနှစ်ခုက မိုးကြိုပေါ့။ မိုးမရွာခင် ကြိုမောင်းရတာပါ။ မိုးရွာတာနဲ့ စက်ခုတ် ရပါတယ်။ နှစ်လွှာ ဆီ ၁ ဂါလံဝန်းကျင် ကုန်ပါတယ်။ တဧက အပေါ်ကို ဆီပျမ်းမျှ ၃ ဂါလံဝန်းကျင် ကုန်ပါတယ်။ စိုက်ပျိုးရေးနိုင်ငံဖြစ်လို့ စိုက်ပျိုးရေး…

Read More

“သေမင်းတမန်ရထားလမ်း” မှ အိန္ဒိယသမုဒ္ဒရာတွင်းသို့ မျှော်ကြည့်ခြင်း

ထိုင်း–မြန်မာနယ်စပ်တွင် တည်ရှိနေသော ပထဝီနိုင်ငံရေးလမ်းကြောင်း အရှေ့တောင်အာရှ၏ အနောက်တောင်စွန်းဒေသတွင် ပထဝီိနုင်ငံရေး စီးပွားရေး အချက်အခြာကျသည့် ‌ေဒသတွင်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအသစ်တစ်ခုအရေးကို ဆွေးနွေးနေကြပြီး စီမံကိန်းရေးဆွဲနေကြသည်။ ထိုင်းနိုင်ငံ အနောက်ဘက် စက်မှုဒေသများမှ စတင်ကာ ကန်ချနာဘူရီကို ဖြတ်သန်းပြီး ထိုင်း–မြန်မာ နယ်စပ်ကို ကျော်လွန်ကာ မြန်မာနိုင်ငံ တနင်္သာရီဒေသသို့ ဖြတ်ကျော်ဝင်ရောက်ပြီး နောက်ဆုံးတွင် အိန္ဒိယသမုဒ္ဒရာဖက်သို့ ဆက်သွယ်ပေးမည့် ထားဝယ်ဆိပ်ကမ်းသို့ ရောက်ရှိမည့် လမ်းကြောင်းဖြစ်သည်။ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း ဤလမ်းကြောင်းကို “ထားဝယ် စီးပွားရေးလမ်းကြောင်း (Dawei Economic Corridor)” ဟု ခေါ်ကြသည်။ ယင်းစီမံကိန်းသည် ပင်လယ်တွင်းမှ ဆိပ်ကမ်းများကို ကုန်တွင်းစက်မှုဇုန်များနှင့် ဆက်သွယ်ပေးမည့် နယ်စပ်ဖြတ် လမ်းမကြီးများ တည်ဆောက်ရန် ရည်ရွယ်ထားပြီး ထိုင်းနိုင်ငံ၏ ထုတ်လုပ်ရေးလုပ်ငန်းများကို အိန္ဒိယသမုဒ္ဒရာတွင်းရှိ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းနှင့် တိုက်ရိုက် ချိတ်ဆက်ရန် ရည်ရွယ်ထားသည်။ ယင်းလမ်းကြောင်း အပြည့်အဝ တည်ဆောက်ပြီးပါက အရှေ့တောင်အာရှ…

Read More

ခရီးသွားပြည်သူတွေအတွက် သုံးရက်တာ အခမဲ့ စီးနင်းခွင့်ရမယ့် ထိုက်သူပန် ယာဥ်လိုင်းသစ် နေပြည်တော်မှာ ဖွင့်လှစ်

နေပြည်တော်၊ ဖေဖော်ဝါရီ – ၁၁-၂၀၂၆ KKL(VOM) ခရီးသွားပြည်သူတွေအတွက် အခုအသစ်ဖွင့်လှစ်လိုက်တဲ့ ထိုက်သူပန် ယာဥ်လိုင်းမှာ အခမဲ့ သုံးရက်တာ စီးနင်းခွင့်ရမှာဖြစ်ပြီး ကားလက်မှတ် ဝယ်ယူသူတွေအတွက် အဆင်ပြေအောင် သာမန်ကားဂိတ်မှာ ဝယ်ယူနိုင်သလို အွန်လိုင်းစနစ်နဲ့ပါ ဝယ်ယူနိုင်တဲ့အပြင် ထိုက်သူပန် page ကနေပါ ဝယ်နိုင်အောင် လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်မှာ နေပြည်တော်-ရန်ကုန်ခရီးစဥ်ခရီးသည်(၁၀၀)၊ ရန်ကုန်-နေပြည်တော်ခရီးစဥ်မှာ ခရီးသည်(၅၀) အတွက် ညနေ ၅ နာရီမှာ စတင်မှာပါ။ ရန်ကုန်-မန္တလေးခရီးစဥ်ကိုတော့ ခရီးသည် (၄၀) မန္တလေး-ရန်ကုန်ခရီးစဥ်မှာလည်း ခရီးသည်(၄၀) လက်ခံပြီး ည ၇ နာရီ စတင်ထွက်ခွာပြေးဆွဲပေးသွားမှာပါ။ ဖေဖော်ဝါရီ ၁၂ ရက်မှာတော့ နေပြည်တော်- ရန်ကုန်ခရီးစဥ်ကို ခရီးသည်(၅၀)၊ ရန်ကုန်-နေပြည်တော်ခရီးစဥ်ကို ခရီးသည် (၅၀)နဲ့ ညနေ ၅ နာရီမှာ ပြေးဆွဲမှာဖြစ်ပြီး ရန်ကုန်-မန္တလေးခရီးစဥ်မှာ…

Read More
VOM News

FREE
VIEW