ရွေးကောက်ပွဲ ကျင်းပနေတဲ့ ဖားကန့်မြို့ပေါ်မှာ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်

ဇန်ဝါရီ ၂၅ ၊ ၂၀၂၆ GG (VOM) အပိုင်း ၃ ရွေးကောက်ပွဲ ကျင်းပနေတဲ့ ဖားကန့်မြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး အပြန်အလှန်ပစ်ခတ်မှုတွေ နဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဖားကန့်မြို့ပေါ်က ရွေးကောက်ပွဲ ကျင်းပနေတဲ့ ငှက်ပျောတောရပ်ကွက် မဲရုံအနီးရှိ KBZ ဘဏ်အနီးကို လက်နက်ကြီးကျ ရောက်ပေါက်ကွဲခဲ့သလို မြို့မ ရပ်ကွက် ၊ ကလပ်ကုန်းအပေါ်ပိုင်းမှာလည်း နေအိမ်ပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ဆူညံနေပြီ ။ ပစ်နေကြတယ်။ မြို့ပေါ်ပစ်နေတာ ။ ပစ်လိုက် နားလိုက်ပစ်နေကြတာ။ လက်နက်ကြီးတွေလည်း ကျရောက်ပေါက်ကွဲတာရှိနေတယ် ။မြို့ထဲက ကလပ်ကုန်းပေါ်ကျတာကတော့ မိသားစုတွေ ဘေးကင်းတယ်သိရတယ် ။ ” လို့ ဖားကန့် မြို့ခံကပြောပါတယ်။ ဒါအပြင် ရွေးကောက်ပွဲ…

Read More

ပဲနွယ်ကုန်းမြို့နယ်မှာ တိုက်ပွဲဧရိယာ ကျယ်လာလို့ စစ်ရှောင်ကျေးရွာတွေများလာ

ဇန်နဝါရီ ၂၀ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်း ၊ ပဲနွယ်ကုန်းမြို့နယ်ထဲက ကျေးရွာဘက်တွေမှာ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာနေပြီး စစ်ရေးတင်းမာလာတဲ့ အခြေအနေတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ကျေးရွာတွေ များလာနေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲကြောင့် လက်ရှိမှာ ပဲနွယ်ကုန်းမြို့ အနီးတဝိုက်မှာရှိတဲ့ ကြိမ်ခါးကုန်း ၊ အင်ကုန်း ၊ သင်နှီးခေါင်းရွာ ၊ သရက်အုပ်ရွာ အပြင် မအူပင်ရွာ ၊ လှေဒုံး ၊ သဖန်းပင် ၊ ငတိုးခင်ရွာ ၊ သစ်ဖြူဆိတ် ၊ ညောင်ဝိုင်းရွာ တွေက ဒေသခံတွေ စစ်ရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့ ဇန်နဝါရီ ၂၀ ရက် ၊ မနက် ၁၂ နာရီလောက်အထိ အဆိုပါ ကျေးရွာတွေဘက်မှာ လက်နက်ကြီး လက်နက်ငယ်…

Read More

တောင်ကြီးမှာ အဆောင်နေကျောင်းသူကို အဓမ္မကျင့်မှုဖြင့် အောင်မြေသစ်ကိုယ်ပိုင်ကျောင်းပိုင်ရှင်ရဲ့သားကို ဖမ်းဆီးထားပြီး ကျောင်းကိုချိတ်ပိတ်

ဇန်နဝါရီ ၂၀ ၊ ၂၀၂၆ GG (VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အဆောင်နေပြီး တက်ရောက်နေတဲ့ G 12 ကျောင်းသူကို ကျောင်းပိုင်ရှင်ရဲ့သားဖြစ်သူ ဇာနည်သွေးက ခြိမ်းခြောက် ၊ ရိုက်နှက်ပြီး အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် လက်ရှိမှာ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းပိုင်ရှင်ရဲ့သားဖြစ်သူ ဇာနည်သွေးကို တောင်ကြီးရဲစခန်းက ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် ထားသလို ကျောင်းကိုလည်း ချိတ်ပိတ်လိုက်တယ်လို့ သိရပါတယ်။ ကျောင်းသူလေးကို အဓမ္မကျင့်ခဲ့တယ်ဆိုတဲ့ ကျောင်းပိုင်ရှင်ရဲ့သားဟာ အဲဒီကျောင်းမှာပဲ စာသင်ကြားနေတဲ့ ကျောင်းဆရာ တယောက်လည်း ဖြစ်တယ်လို့ သိရပါတယ် ။ ” ကျောင်းကို ချိတ်ပိတ်လိုက်ပြီ ။ ချိတ်မပိတ်သေးခင်ကတော့ အဲဒီဖြစ်စဥ်ကြားပြီး ကလေးတွေကို ပြန်ခေါ်တာတွေလည်းရှိတယ်။ အခုတော့ ပိတ်သွားပြီ ။ ကျူးလွန်တဲ့ ဆရာကိုလည်း…

Read More

စစ်ရေး နိုင်ငံရေး တင်းမာနေချိန်မှာ လူငယ်တွေရဲ့အသံတွေ ပြောခွင့်ရတာဟာ ရှေ့ကိုရောက်လာတယ်လို့ ယူဆ

နေပြည်တော်၊ ဇန်နဝါရီ – ၁၄- ၂၀၂၆ Voice Of Myanmar နေပြည်တော်မှာ ကျင်းပနေတဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆(YOUTH PEACE FORUM 2026) ဆွေးနွေပွဲ မှာ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC ရဲ့ ဖိတ်ကြားချက်အရ facilitator အဖြစ် ဆောင်ရွက်နေတဲ့ ရပ်ဝန်းသစ် မီဒီယာရဲ့ Founder ဖြစ်သူ ကိုအောင်နေပိုင် က လူငယ်တွေရဲ့ အသံတွေ အခန်းကဏ္ဍတွေနဲ့ လူငယ်ငြိမ်းချမ်းရေး ဖိုရမ်ကနေ ရရှိလာမယ့်အကျိုးရလဒ်တွေကို အခုလို ဖြေကြားခဲ့ပါတယ်။

Read More

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကနေ လူငယ်ငြိမ်းချမ်းရေး သံတမန်တွေ ထွက်ပေါ်လာမယ်လို့ အခိုင်် အမာ ယုံကြည်တယ်

နေပြည်တော်၊ ဇန်နဝါရီ – ၁၅- ၂၀၂၆ Voice Of Myanmar နေပြည်တော်မှာ သုံးရက်တိုင် ကျင်းပနေတဲ့ ကျင်းပနေတဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆(YOUTH PEACE FORUM 2026) ဆွေးနွေပွဲ မှာ ပါဝင်တက်ရောက်နေတဲ့ တိုင်းရင်းသား လူငယ်ကိုယ်စားလှယ်တွေဟာ ငြိမ်းချမ်းရေးအမြင်တွေ ဘယ်လိုရှိမလဲ၊ လူငယ်တွေရဲ့ အခန်းကဏ္ဍ၊ ဒီဖိုရမ်ကနေ ဘယ်လိုအကျိုး ကျေးဇူးတွေ ရရှိနိုင်မလဲ၊ မိမိတို့ရဲ့ ဒေသအတွက် ဘယ်လိုနေရာတွေကနေ ပါဝင်အကျိုးပြုမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး လူငယ်ကိုယ်စားလှယ်တွေကို VOM က တွေ့ဆုံ မေးမြန်ထားပါတယ်။ ရိုက်ကူး တည်းဖြတ် – ရှိုင်းအောင်(VOM) #voiceofmyanmar #vom #NSPNC #YouthPeaceForum #နေပြည်တော် #ငြိမ်းချမ်းရေး #ဖိုရမ် #လူငယ်

Read More

ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့အခါမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အင်မတန် အရေးကြီးတယ်

နေပြည်တော်၊ ဇန်နဝါရီ – ၁၅- ၂၀၂၆ Voice Of Myanmar နေပြည်တော်မှာ သုံးရက်တိုင် ကျင်းပနေတဲ့ ကျင်းပနေတဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆(YOUTH PEACE FORUM 2026) ဆွေးနွေပွဲ မှာ ပါဝင်တက်ရောက်နေတဲ့ တိုင်းရင်းသား လူငယ်ကိုယ်စားလှယ်တွေဟာ ငြိမ်းချမ်းရေးအမြင်တွေ ဘယ်လိုရှိမလဲ၊ လူငယ်တွေရဲ့ အခန်းကဏ္ဍ၊ ဒီဖိုရမ်ကနေ ဘယ်လိုအကျိုး ကျေးဇူးတွေ ရရှိနိုင်မလဲ၊ မိမိတို့ရဲ့ ဒေသအတွက် ဘယ်လိုနေရာတွေကနေ ပါဝင်အကျိုးပြုမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး လူငယ်ကိုယ်စားလှယ်တွေကို VOM က တွေ့ဆုံ မေးမြန်ထားပါတယ်။ ရိုက်ကူးတည်းဖြတ် – ရှိုင်းအောင် (VOM) #voiceofmyanmar #vom #NSPNC #YouthPeaceForum #နေပြည်တော် #ငြိမ်းချမ်းရေး #ဖိုရမ် #လူငယ်

Read More

မလွန်စူပါမတ်ကက်

ဆူးငှက် မန္တလေးမြို့သစ် နန်းသစ်တည်ကတည်းက ခုနှစ်ဌာနအပါအဝင် မြို့ပြမြေယာတွင် ဈေးများလည်းပါရှိခဲ့သည်။ ဈေးသည် တိုင်းပြည်၏် ဝမ်းစာဖြစ်သည်။ တိုင်းပြည်စီးပွားရေး၏ ပြဒါးတိုင်ဖြစ်သည်။ ထို့ကြောင့် မန္တလေးရတနာပုံ၏ ရွှေမြို့တော်တည်ဆောက်သောအခါ ဈေးများကို စနစ်တကျနေရာချခဲ့သည်။ မန္တလေးအနောက်ပြင် ကျယ်ဝန်းသောနေရာတွင် လက်ကားဈေးကြီးတစ်ဈေးဖြစ်သော “မလွန်ဈေး”ရှိသည်။ ရေလမ်းခရီးဖြင့်ရောက်ရှိလာမည့် ကုန်ပစ္စည်းများအတွက် ဧရာဝတီနှင့်လည်း နီးသည်။ ရှမ်းပြည်နယ်မှ ဆင်းလာမည့် တောင်ပေါ်ကုန်များအတွက် ရှမ်းကုန်သည်များ စတည်းချရာ ရှမ်းပွဲရပ်၊ ဒေးဝန်းရပ်နှင့်လည်း နီးသည်။ မတ္တရာနယ်တဝိုက်မှ ထွက်ရှိသော ကွမ်း၊ကွမ်းရွက်နှင့် သစ်သီးသစ်နှံများဝင်ရောက်လာရာ ရွှေတချောင်းရေရှင်မြောင်းနှင့်လည်း အရှေ့နှင့်အနောက် ကပ်လျက်ဖြစ်သည်။ မလွန်ဈေးက (ယခု) ၃၁လမ်းနှင့် ၃၄လမ်းကြား တောင်မြောက်ရှည်၍အရှေ့အနောက်အနေနှင့်မူ ၈၅လမ်းမှ ၈၆လမ်းကြား တစ်ပြကျယ်သည်။ ပြအနေနှင့်တွက်ပါမူ တောင်မြောက် ပေ၂ဝဝဝ နီးပါးရှည်၍ အရှေ့အနောက်၊ ပေ ၆ဝဝ နီးပါးကျယ်သည့် ဈေးကြီးဖြစ်သည်။ ဈေးကြီးဖွဲ့စည်းပုံတွင် သူ့ကုန်ပစ္စည်း အမျိုးအစားလိုက် တူရာစုကာ…

Read More

မတ္တရာမှာ စစ်ရေး ပိုတင်းမာလာပြီး ရွာလုံးကျွတ် စစ်ရှောင်မှုများလာကာ လက်နက် ကြီးကြောင့် သေဆုံးသူ နဲ့ ဒဏ်ရာရသူတွေရှိ

နိုဝင်ဘာ ၂၄ ၊ ၂၀၂၅ GG (VOM) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို အပြည့်အဝထိန်းချုပ်နိုင်ဖို့အတွက် အစိုးရတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် စစ်ရေးအခြေအနေ ပိုပြင်းထန်လာနေတယ်လို့ သိရပါတယ် ။ လက်ရှိမှာ အစိုးရတပ်တွေက မတ္တရာမြို့နယ်အတွင်းရှိ နေရောဒေသ တော်တော်များများကို ပြန်လည်ရယူ ထိန်းချုပ်ထားနိုင်ပြီး ဒေသတခုလုံး အပြည့်အဝ ရရှိဖို့အတွက် လေကြောင်း ၊ မြေပြင်ထိုးစစ် ၊ ဒရုန်းတွေနဲ့ပါ ထိုးစစ်ဆင် တိုက်ခိုက်မှုရှိလာ နေတာ ဖြစ်တယ်လို့ သိရပါတယ် ။ မြေပြင် စစ်ရေးအခြေအနေ တင်းမာလာတဲ့ အခြေအနေတွေကြောင့် ကျေးရွာတော်တော်များများလည်း စစ်ဘေးရှောင်နေကြရပြီး ရွှေ့ပြောင်းစစ်ရှောင်ဖို့ ခက်ခဲတဲ့ အနာကြီးရောဂါဝေဒနါရှင်တွေနဲ့ သက်ကြီးရွယ်အိုတွေသာ ရွာမှာ ကျန်ရှိနေတယ် လို့သိရပါတယ်။ ” အနီးအနားရွာတွေလည်း အကုန်ရှောင်ကုန်ကြပြီ။ နံ့သာမြိုင် ရွာလည်း တရွာလုံးနီးပါး ရှောင်ကုန်ပြီ မရှိကြတော့ဘူး ။ မရှောင်နိုင်တာဆိုရင်…

Read More

သူတို့အိမ် အခန်း – ၃၂

      ဧည့်မျှော်၊ ဧည့်မျှောင် —————————– ငယ်ငယ်က အိမ်ကို ဧည့်သည်လာလျှင် ပျော်သည်။ ရေစက်ရုံကြီးနားက ဒေါ်ဒေါ်လုံးတို့၊ အဒေါ်ဒေါ်မြသောင်းနှင့် သမီး မမမြချိန်တို့၊ ကျုံးထောင့်က ဒေါ်ဒေါ်လှရင်တို့၊ ဘုတလင်က ဒေါ်ကြီးဒေါ်စောယုတို့ လာလျှင် အိမ်က ဒန်ချိုင့်လေးဆွဲပြီး အိမ်တော်ရာ ဘုရား အနောက်မုခ် မဟူရာဇရပ်ကြီးဘေးမှာ မလိုင်ပေါက်စီ သွားဝယ်ရသည်။ ကလေးတစ်ယောက် အပြေးအလွှား ချွေးသံတရွှဲရွှဲနှင့် သွားဝယ်ပေးသော မလိုင်ပေါက်စီကို အဘယ်ကဲ့သို့သော ဧည့်သည်သည် အကုန်လုံး စားပစ်ရက်ပါမည်နည်း။ (ဧည့်သည်မျိုမကျအောင် ကျွန်တော်ကလည်း ဧည့်သည်အနား ထိုင်ကာ ပါးစပ်တပြင်ပြင် ဖြစ်နေတာလည်း ပါမည်။) ဧည့်သည်က မလိုင်ပေါက်စီကို တစ်ဝက်လောက်သာ စားပြီး “အိမ်ကလည်း ကာဖီတွေ သောက်လာလို့ မုန့်က မကုန်တော့ဘူး၊ ရော့ ရော့… ကျန်တဲ့တစ်ဝက် မင်းစားလိုက်တော့…” ဟူ၍ မလိုင်ပေါက်စီ ပန်းကန်…

Read More

အလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၉)

ဆူးငှက် ၂၈ရက်နေ့ညကတော့ မအိပ်လိုက်ရ၊ စိုးတထိပ်ထိပ်နဲ့ ညလုံးပေါက် ငုတ်တုတ်လင်းရတယ်။ တော်သေးတယ် ဆိုလာမီးလုံးလေးတွေက အားရှိနေတော့ လကွယ်ညသန်းခေါင်ယံက မှိတ်တုတ်မှိတ်တုတ် မီးရောင်လက်လက်လေးတွေနဲ့ လမ်းပေါ် ခြင်တဖျန်းဖျန်းရိုက်ရင်း သတင်းပေါင်းစုံ ဖလှယ်ကြတာပေါ့။ ငလျင်မလှုပ်ခင် ဆေးတက္ကသိုလ် ကျောင်းသူဆောင် မီးလောင်တယ်။ ငလျင်လှုပ်နေတုန်း ဟို အနောက် စိန်ပန်းသံလျက်မှော်ဘက်က ရပ်ကွက် မီးလောင်တာလည်း အိမ်ခြေ၇၀၀လောက် ပါသွားသတဲ့။ ဒီရပ်ကွက်က အရင် အမှိုက်ကုန်းပေါ် မြေဖို့ ဆောက်ထားတာတဲ့။ အရင်ရက် နေပူတာရော ငလျင်လှုပ်တာရောမို့ အောက်က အမှိုက်ဟောင်းက ထွက်တဲ့ ဓာတ်ငွေ့က မီးတောက်တွေ ထွက်လာပြီး မီးလောင်တာတဲ့။ ပြီးတော့ တက္ကသိုလ်ထဲက ပင်မဆောင်ကြီးက ပထမဆုံးငလျင်လှုပ်ကတည်းက မီးလောင်တာတဲ့။ မန္တလေးဆိုတာ တနေ့တည်းနဲ့ ပြားပြားဝပ် ပျက်စီးသွားပြီလေ။ ဒီလိုနဲ့ မိုးလင်းခဲ့ရတယ်။ မနက်လင်းတော့ တညလုံး ဘာအစာမှ ဟုတ်တိပတ်တိ မစားလိုက်ရတော့ ဆာပြီလေ။…

Read More
VOM News

FREE
VIEW